Eye herpes မျက်စိ ရေယုံ

ဒေါက်တာ ကျွန်တော်ဆင်တုတ်ကွေးဖြစ်ပြီး မျက်စိအနက်ရောင်ထဲမှာအနာ ပေါက်လာတယ် မျက်စိဆရာဝန်နဲ့ပြတော့ မျက်စိရေယုံနာလို့ပြောတယ် သောက်ဆေးမမေးဘူး ညှစ်ဆေးတစ်မျိုးပဲ ပေးတယ် ဘာဆေးတွေ သောက်သင့်ပါသလဲ (၂) ပတ်ရှိပြီ မပျောက်သေးပါ အရေပြားဆရာဝန်နှင့်တွဲပြသင့်ပါသလား။

ရေယုံဗိုင်းရပ်စ်၂ မျိုးကနေ ရောဂါတွေဖြစ်စေတယ်။ ပဌမတမျိုးက Cold sores ခေါ် ဗမာအခေါ်တဲ့ အပူကန်အနာ။ ပါးစပ်နားမှာဖြစ်တယ်။ နောက်တမျိုးက လိင်ကတဆင့်ကူးစက်တယ်။ အဲတာတွေကနေ မျက်စိကိုလည်းဖြစ်စေနိုင်တယ်။

Eye herpes မျက်စိရေယုံ ကို ocular herpes နဲ့ herpetic eye disease လို့လည်း ခေါ်တယ်။ မျက်စိမှာဖြစ်ရင် ခံစားရတာတွေ အမျိုးမျိုးရှိတယ်။ သိပ် မနာပါ။ တခုခုမျက်စိထဲဝင်နေသလို။ ခေါင်းကိုက်။ မျက်စိနီ။ မျက်ရည်ကျ။ အလင်းရောင်မကြည့်နိုင်။ တချို့ အရည်ကြည်ဖုအနာလေးတွေဖြစ်တယ်။ ၃ ရက် ကနေ ၇ ရက်ကြာမယ်။

မျက်စိအတွင်းထဲထိရောက်တာလည်း ရှိတယ်။ အမြင်ကို ထိခိုက်စေနိုင်တယ်။

ဖျား၊ တုပ်ကွေးဖြစ်ပြီးနောက် ဆက်ဖြစ်တတ်တယ်။ စိတ်ဖိအားများတာ နေလောင်တာနဲ့ ထိခိုက်မိရာကနေလည်း ဆက်ဖြစ်တယ်။

Antiviral eye drop ဗိုင်းရပ်စ်ပိုးနိုင်တဲ့မျက်စဉ်းခပ်ရမယ်။ ပိုးတွေကို သေစေနိုင်တာတော့ မဟုတ်ပါ။ ဆောရီး။

Antibiotic ointments ခေါ် ဗက်တီးရီးယးသေမျက်စဉ် အကျိုးမရှိနိုင်။

Antiviral oral medications ဗိုင်းရပ်စ်စားဆေးလိုသူတွေကို ပေးတယ်။

Acyclovir အက်စီကလိုဗာဆေး
ဗိုင်းရပ်စ်ကို မသေစေပါ။ ဒါပေမဲ့ တိုးပွါးလာမှာကို တားပေးမယ်။ ရောဂါလက္ခဏာကိုလည်း သက်သာစေမယ်။ Genital herpes လိင်လမ်းရေယုံ၊ Cold sores နှုတ်ခမ်းရေယုံ၊ Shingles ရှင်ဂဲလ် နဲ့ Chicken pox ရေကျောက်ရောဂါတွေကို ပေးတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိတာနဲ့ တုပ်ကွေးကိုတော့ မပေးပါ။ နာတာ၊ ပူလောင်တာ၊ ကျင်တာနဲ့ အပူဖူးပေါက်တာတွေ စဖြစ်ကတည်းက ဆေးစသောက်ရမယ်။ ဆေးသောက်နေချိန်မှာလည်း သူများကို ကူးစက်နိုင်တာသတိထားပါ။ အနာနေရာကို မထိစေပါနဲ့။ မျက်စိနဲ့မထိပါစေနဲ့။ လက်ကိုမကြာခဏဆေးကြောပါ။

ကိုယ်ဝန်အတွက် FDA pregnancy category B လို့သတ်မှတ်ထားလို့ အကျိုးကပိုတာဆိုရင် ပေးနိုင်တယ်။ ဆေးကို အစာနဲ့နီးရင်ပိုသင့်တယ်။ အစာမရှိလည်း သောက်နိုင်ပါတယ်။ ဆီးနည်းလာရင် သတိထားပါ။ ရေသောက်မနည်းစေပါနဲ့။ ဆေးသောက်နေချိန်မှာ သွေးထွက်လွယ်တတ်တယ်။ အားယုတ်တာ ခံစားရနိုင်တယ်။ တချို့မှာ ပျို့အန်တတ်တယ်။ ဝမ်းလျောနိုင်တယ်။ အစားပျက်၊ ဗိုက်အောင့်တတ်တယ်။ ခေါင်းကိုက်၊ ခြေလက်ရောင်နိုင်တယ်။

ဆေးဘယ်လိုပေးမလဲ
• Herpes Simplex ရိုးရိုးရေယုံ = Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၅-၁ဝ ရက်။ ပြန်ဖြစ်ရင် 400mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်။ ပိုးကိုနှိမ်ထားဘို့အတွက် Acyclovir 200 mg တနေ့ ၁-၂ ကြိမ်၊ ရက်အကြာကြီးသောက်ပါ။
• Shingles (Herpes Zoster) အပူလောင်သလိုအဖုတွေအများကြီး ကိုယ်ခန္ဓာမှာဖြစ်တာ = Acyclovir 800mg တနေ့ ၅ ကြိမ်၊ ၇-၁ဝ ရက်။
• Chickenpox (Varicella Zoster) ရေကျောက် = Acyclovir 800 mg  တနေ့ ၄ ကြိမ်၊ ၅ ရက်။

- Genital Herpes Antiviral Medicines လိင်လမ်းရေယုံဆေးများ http://doctortintswe.blogspot.com/2016/01/genital-herpes-antiviral-medicines.html
- Genital Herpes လိင်လမ်း ရေယုံ http://doctortintswe.blogspot.com/2014/11/genital-herpes.html
- Herpes labialis နှုတ်ခမ်းရေယုံ https://doctortintswe.blogspot.com/2015/09/herpes-simplex.html
- Herpes Simplex ရိုးရိုး ရေယုံ http://doctortintswe.blogspot.com/2015/03/herpes-simplex.html
- Shingles (ရှင်းဂဲလ်) http://doctortintswe.blogspot.com/2014/11/shingles.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး