၍ နှင့် ရွေ့

မသိသေးသ၍၊ မလုပ်သေးသ၍ လား မသိသေးသရွေ ၊့ မလုပ်သေးသရွေ့  လားဆရာ။ စာလုံးပေါင်း အမှန် သိပါရစေဆရာ။

ရွေ့
ရွေ့လျားသည်
ရွေ့သွားသည်
တရွေ့ရွေ့
စကားရွေ့သည်
ကာလရွေ့လျော
သွား၍လာ၍
ကြုံသ၍ (ပုဗ္ဗကာလကြိယာ)
ကမ္ဘာတည်သ၍
ဝဋ်ဆင်းရဲမှ မကျွတ်သ၍
အသက်ရှင်သ၍
ရောဂါမပျောက်သ၍

မောမြေ မောမြေ ကလောအခြေ အရောက်သွားလို့ တထောက်နားစို့ ကိုယ်မှာ ခရီးသည်။
တရွေ့ ရွေ့ ရစ်ကာ ထွေးထွေးသစ်လာ ချစ်စရာရထားလေးနဲ့ ခင်မင်စရာကွယ်
ဟိုတကွေ့ ဒီတကွေ့ မမေ့နိုင်စရာတကယ် ဖူးငုံသစ်စ ပွင့်အလှ ချယ်ရီတွေနဲ့ ရယ်
တောင်တန်းလေးတွေစီသွယ် အမှောင်လမ်းလေးတွေဆီဝယ်
ပြည်ညောင်တထောက်နားမှ ရွှေညောင်အရောက်သွားမယ် သွားမယ် ခရီးသည် ခရီးသည်။

ဒေါက်တာတင့်ဆွေ
၁၇-၉-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး