ဆရာမ နှင့် မီးရပ်

၁။ ဆရာမ သမီးတခုလောက်မေးချင်လို့ပါ အခုသမီး ပါးတွေမှာရော လက်တွေမှာရော လည်ပင်းတွေမှာရော အခုလို အဖုတွေပေါက်နေတယ်ဆရာ တကိုယ်လုံးယားပြီး အများကြီးပေါ်လာတယ်ဆရာ ဘယ်လို့လုပ်ရမလဲ

မေးနည်း ပို့လိုက်တယ်။

လူတွေကပန်းနီလာလို့ပြောလို့ပါဆရာ တကိုယ်လုံးယားလာပြီး အသီးတွေပေါ်လာလို့ပါ

ထပ်ဖြေရန် မရှိ။ ပန်းနီလာဆိုတာ မသိ။ ဆောရီး။

၂။ ဆရာမင်္ဂလာပါ သမီးတခုလောက်မေးချင်လို့ပါ ကန်တောပါဆရာ သမီး မီးရပ် ဒီလ၉ရက်နေ့မှတခါလာပြီး အခုဒီနေ့ မီးရပ်ပြန်နေပြီဆရာ အဲဒါစိုးရိမ်ရပါလာ

လစဉ်သွေးဆင်းတာကိုပြောတာထင်တယ်။ မီးယပ်လို့ရေးရတယ်။ ဓမ္မတာလို့လည်းရေးတယ်။ ရာသီလို့လည်းရေးတယ်။ အခြေခံအချက်အလက်တွေ တခုမှ မသိရ။ ဖြေရန် မရှိ။

ဆရာမလို့ ခေါ်တာ ၃ ယောက်ရှိပြီ။ ဒီစာနောက်မှာ ၂ ယောက်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၈
၂၂-၉-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး