ကင်ဆာလို့ ရေးရတယ်

ကင်စာတွေများ ဖြစ်မလား ကြောက်နေတာပါ

ကင်ဆာလို့ ရေးရတယ်။

ကျန်းမာရေးနဲ့ ဆေးအကြောင်းကို လူတိုင်း သင်ရတာမဟုတ်လို့ အခေါ်အသုံးတွေ မှားတတ်တယ်။ ခက်တာတွေ ရှားတွေ အသာထား အမျိုးဆုံးနဲ့ နေ့စဉ်လိုပြောဆိုရတဲ့စကားလုံးတချို့ကိုတော့ မှန်စေချင်တယ်။

ကင်ဆာ ကို ကင်စာ လို့ ရေးတာ မှားတယ်။
တီဘီ ကို တီဗီ နဲ့ တီဗွီ လို့ ရေးတာ မှားတယ်။
အာထွာဆောင်းကို အာထွာစောင်း လို့ ရေးတာ မှားတယ်။

ခံစားရတဲ့နေရာကို ပြောတဲ့အခါ ရှေ့ ကို အရှေ့ လို့ပြောတာ မှားတယ်။ နောက် ကို အနောက်လို့ပြောတာ မှားတယ်။

ညာဘက်ခေါင်း လို့ ရေးတာ မှားတယ်။ ခေါင်းညာဘက်လို့သာ ရေးရတယ်။ ဘယ်ဘက်ဗိုက်ရေးတာ မှားတယ်။ ဗိုက် ဘယ်ဘက်ခြမ်းလို့ ရေးရတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး