ကစွန်းပင် ရှင်မည်ထင်၏

ကျွန်တော်တို့ငယ်ငယ် သူငယ်တန်း မြန်မာသင်ပုန်းကြီး ဒေါင်းဖတ်စာထဲမှာ က ကစွန်းပင် ရေမှာရွှင်လို့ ပါတယ်။ ဆရာ မင်းသုဝဏ်ရေးတဲ့ သင်ပုန်းကြီးသံပေါက် သို့မဟုတ် ကကြီး ခကွေး လင်္ကာလို့ခေါ်တယ်။ ကန်စွန်းပင်က မူကွဲသတ်ပုံ ဖြစ်ပါတယ်။

ကစွန်းရွက်က ဝယ်လို့လည်းလွယ်တော့ အိမ်မှာမစိုက်ဖြစ်ခဲ့ပါ။ အခုမှ စတယ်။ အရွက်ကို ကြော်ချက်စားပြီး အရိုးကို မြေမှာထိုးတော့ အပင်ပေါက်လာရော။

တောကကစွန်းက မြို့မှာလည်း ဟင်း။ ယာကစွန်း ရေကစွန်း၊ ရိုးရှင်းပြီး လူတန်းစား နိုင်ငံသား ကင်းတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)