မတရားသော မြန်မာစာ

တ စာလုံးတိုင်းကို စသတ်ရမယ်လို့ ထင်နေကြတာ အဲလောက်အထိ ဆိုးလိမ့်မယ်ထင်မထားပါ။

မေတ္တာသည် ချစ်ခြင်းမဟုတ်၊ သစ္စာသည် အမှားလား တွေးရတော့သည်။
ဖြူစင်သည် အစဉ်မည်းညစ်နေသည်။
နှလုံး ၂ ခုရှိတဲ့လူ။

အမှားကို ခြယ်သပြီး ဝေငှကြသည်။
တရား သတ်ပုံမှားတော့ မတရား ဖြစ်သွားတော့သည်။

သတ်ပုံမှားစာ တသက်လုံး မပို့စေလိုပါ။ တသက်လုံး မရေးသားစေလိုပါ။

တ စသတ်ခိုင်းသူတွေ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး