စာရေးတာ အလွန်ကိုမှားတဲ့ မေးခွန်းဖြစ်တယ်

ဒေ b ပု ဟုကပ် ဖိ အက်

သမီးဆိုသူ အသက် အချက်အလက်တွေ မသိအောက်မှာ မေးတယ်။ ဆရာ သမီးအကိုက အသည်းရောဂါ ရှိနေဒေတဲ့ b လား cလားဆိုတာ မသိသေးပု ဆေးနည်းလေးညွန်ပါအုံး တဲ့။

မေးနည်းအကြောင်းတင်ထားတာကို ဖတ်ပါသလား။ သမီးအကိုဆိုသူ အသက် အချက်အလက်တွေ မသိ။

မသိသေးပု ဆိုတာကို နားမလည်။ ပုဆိုတာ မရှည်တာ။ ဒေတဲ့လည်း နားမလည်။ ဒေဆိုတာ ဒေဝဒတ်။

ကွန်မင့်ဖတ်တာနဲ့ ဘီပိုး စီပိုး ဘယ်လိုပုဂ္ဂိုလ်က သိနိုင်မှာလဲ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ဟုကပ် အသက်က ၂၄ ဆေးစစ်တာက အသဲရောဂါ တဲ့

ကျား မ မသိ။ အသဲမှာ ရောဂါအမျိုးမျိုးရှိ။

ဆရာဝန်က အသည်းရောဂါ ဖိနေbတဲ့ အစာအိမ် ရောဂါလဲဖိနိုင်ခြေရှိဒေတဲ့ ကျန်တာကဘာမှ မဖိသေးပုတဲ့
အက်လိုပြောတာ

စာရေးတာ အလွန်ကိုမှားတဲ့ မေးခွန်းဖြစ်တယ်။

ဟုတ်၊ ဟုတ်ကဲ့လို့ ရေးရတယ်။

B စာလုံးပါတိုင်း အသဲရောင်ဘီလား စဉ်းစားရတယ်။

ဖြစ်နိုင်ချေရှိတယ်လို့ ရေးရတယ်။ ဖိဆိုတာ အပေါ်ကနေဖိထားတာ။ ဒေဆိုတာ ဒေဝဒတ်လို့ ဖြေပြီးသား။ ပုဆိုတာ အရပ်ပုတာလို့လည်း ဖြေပြီးသား။

အက်ဆိုတာ အသံအက်တာ၊ ကွဲအက်တာ။ နောက်ထပ် မမေးတော့ပါရန်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး