စောင် ဆောင် ယောင်

၁။ ဆရာခင်ဗျ မရှိချင်ယောင်ဆောင်တယ်၊ မရှိချင်ယောင်စောင်တယ်။ ဆောင် နဲ့ စောင် သုံးပုံလေး သိပါစေ။

မရှိချင်ယောင်ဆောင်လို့ ရေးရတယ်။ စောင် နဲ့ ဆောင် မှားနေသူတွေ များတယ်။

၂။ သားသမီးလိုချင်ပါတယ် စောင်ရန်ရှောင်ရန်နှင့်လိုအပ်တာများညွန်ကြားလမ်းပြပေးပါရှင့်

ဆောင်ရန်ရှောင်ရန်လို့ ရေးရတယ်။ စောင် နဲ့ ဆောင် မှားနေသူတွေ များတယ်။

စောင်
ကျမ်းတစောင်
စာတစောင်
ရန်စောင်နေကြသည်
စောင်ထား
စောင်ခြုံသည်
စောင်မကြည့်ရှုသည်
စောင်ခြမ်းကွဲအိုး
စောင်ခြမ်းပင် (စောင်ချမ်းပင်)
စောင်ရန်း

ဆောင်
တန်ဆောင်တိုင်
အိမ်တဆောင်
အယောင်ဆောင်
ဆောင်ဓား (ဆောင်ဒါး)
ဆောင်ပုံတင်
ဆောင်ပန်း
ဆောင်ပုဒ်
ဆောင်ပျံ
ဆောင်ကြဉ်းသည်
ဆောင်ယူသည်
ဆောင်ရွက်

ယောင်
ထင်ယောင်မြင်ယောင်
မင်းယောင်စိုးယောင်
မူသယောင်လုပ်သည်
လန့်၍ယောင်သည်
သူယောင်ပင်
အဆောင်အယောင်
အယောင်ဆောင်
ယောင်ကန်းကန်း
ယောင်ချာချာ
ယောင်တတ်သောသူ
ယောင်တိယောင်ချာ
ယောင်နန
ယောင်ယမ်းလုပ်သည်
ယောင်လည်လည်
ယောင်ဝါးဝါးမလုပ်ပါနှင့်
ယောင်သုံးဆယ်
ယောင်အမ်းအမ်း
ယောင်တောင်တောင်
ယောင်ပေသီး
ယောင်ပေပေ
ယောင်ယောင်မှားမှား
ယောင်ယောင်ပေါင်ပေါင်
ယောင်ခြောက်ဆယ်
နှာယောင်ကြမ်းတန်း

ဒေါက်တာတင့်ဆွေ
၂၁-၉-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)