ဆရာဝန်များ ပညာပြိုင်ခဏ်း

မုံရွာက သူငယ်ချင်း ဘာသာပြန်စာရေးဆရာက ဆေးရုံဆင်းပြီလို့ ရေးတယ်။

ဆရာဝန်တွေ ပြိုင်ကြတယ်။

အလာတုန်းကအကောင်း အပြန်မှာ ချိုင်းထောက်နဲ့ဆိုတာ ခွဲစိတ်ဆရာဝန်။

အလာတုန်းက ဟောဟဲဟောဟဲ အပြန်မှာ အသက်ရှူချောင်သွားတာက သမားတော် ခေါ် ဆေးပညာဆရာဝန်။

အလာတုန်းက တယောက်တည်း အပြန်မှာ အပိုပါလာတာက သားဖွားမီးယပ်ဆရာဝန်။

မေးတာက ရောဂါ။ အဖြေမှာ သတ်ပုံစာပါ အဆစ်ပေးတာက ကျွန်တော်။ Smile! တချို့က ယူမသွား။ အဆစ် ထားရစ်တယ်။ No Smile!

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး