Myths မဟုတ်တာတွေ ပြောကြရအောင် အဆက်

မင်္ဂလာပါဆရာ ကျွန်မအသက် ၂၁ပါ ကိုယ်ဝန် ၈လထဲမှာပါ ယခု ၉လပိုင်း၂၁ရက်ဆိုပြည့်မှာပါ ခုဖြစ်နေတာက အသက်ရှူရကြပ်ပြီးခေါင်းမူးမူးနေလို့ပါ အခုမှဖြစ်တာတော့မဟုတ်ပါဘူးရှင့် ကိုယ်ဝန်စရှိကတည်းကဖြစ်တတ်တာပါ သွေးပေါင်ကျတာဆိုလို့ အစားလည်းရှောင်ပါတယ်ဆရာ ရိုးရိုးပဲမွေးချင်တာမလို့ အဆင်ပြေပါ့မလားသိချင်လို့ပါဆရာ ကျေးဇူးပြုပြီးဖြေပေးပါဦးရှင့်

ကိုယ်ဝန် အပ် မအပ် မသိ။ အာထွာဆောင်းအဖြေ မသိ။ သွေးပေါင် ခေါ် သွေးဖိအား မသိ။ ကျတယ်ဆိုရင် အစား ပိုစားရတယ်။ ရှောင်လေလေ အားနည်းလေလေ။ မွေးဖွားနည်းဆိုတာ အချင်းရှေ့ရောက်နဲ့ ကလေး အနေအထားအပေါ် မူတည်တယ်။ တချို့ကိုယ်ဝန်ကို မွေးကာနီးမှ နည်းကိုဆုံးဖြတ်ရတတ်တယ်။ ခွဲမွေးချင်သူက ရက်ရွေးမွေးနိုင်တယ်။

ကိုယ်ဝန်ကတော့မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှာအပ်ထားပါတယ်ဆရာ အာထွာဆောင်းက ကိုယ်ဝန် ၄လခွဲလောက်က အစာအိမ်ပြန်အောင့်လို့ရိုက်တာကလွဲပြီးထပ်မရိုက်ရသေးပါဘူးဆရာ အသိတွေကရိုက်မနေနဲ့ပြောလို့ပါ မိခင်နှင့်ကလေးကပြောတာတော့ အနေအထားမှန်တယ်လို့ပြောလိုက်ပါတယ် ၂၈ရက်နေ့ကမှသွားပြခဲ့တာပါ သေချာ ပြောမပြတတ်လို့ပုံပို့ပေးလိုက်ပါတယ်ဆရာ

ပုံမှန်ဆို ရိုးရိုးမွေးနိုင်လောက်။ စမ်းသပ်ပေးတဲ့ ဆရာဝန် ဆရာမတွေက ပြောပါမယ်။ သွေးဖိအားနည်းသူ အစား ပိုစားရတယ်။

ဟုတ်ကဲ့ပါ အခုလိုအချိန်ပေးဖြေကြားပေးတာကျေးဇူးတင်ပါတယ်ရှင့်

မင်္ဂလာပါဆရာ ကိုယ်ဝန် ၈လထဲမှာပါ ယခု ၉လပိုင်း ၂၁ရက်ဆိုပြည့်မှာပါ ကိုယ်ဝန်နဲ့ဆို ရေခဏခဏမချိုးရဘူးဆိုတာ ဟုတ်ပါသလားဆရာ ပူတော့တရက်တခါတည်းချိုးရုံနဲ့ မနေနိုင်လို့ပါ ရေခဏခဏချိုးရင် ရေမွေးမွေးတယ်ဆိုလို့ တခါပဲ ချိုးခိုင်းကြလို့ပါ ဖြေကြားပေးပါရှင့်

1. Bathing and Health ရေချိုးခြင်းနဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2015/02/bathing-and-health.html
2. Hand Washing လက်ဆေးပါ https://doctortintswe.blogspot.com/2019/06/hand-washing.html
3. Hygiene တကိုယ်ရေသန့်ရှင်းမှု https://doctortintswe.blogspot.com/2018/10/hygiene.html
4. Hygiene သန့်ရှင်းရေး https://doctortintswe.blogspot.com/2018/04/hygiene.html
5. Myths of Pregnancy and Postpartum မီးတွင်းကျန်းမာရေး အယူအဆအမှားများ https://doctortintswe.blogspot.com/2017/06/myths-of-pregnancy-and-postpartum.html
6. Myths မဟုတ်တာတွေ ပြောကြရအောင် https://doctortintswe.blogspot.com/2019/08/myths.html
7. Oral hygiene ခံတွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2017/08/oral-hygiene.html
8. Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://doctortintswe.blogspot.com/2014/11/personal-hygiene-for-women_19.html

ဒေါက်တာတင့်ဆွေ
၁၆-၉-၂၀၁၉

Baby Bath seat ကလေး ရေချိုးပေးခြင်း

ဆရာရှင့်။ ကျမအသက် ၃၀ပါ။ သက်ဦးယောက်ျားလေး ၄၀ရက်သားပါ။ ရေချိုးရင် ပေါင်နှစ်ချောင်းကို စိပြီး ခြေမခွင်အောင်လို့  လူကြီးတွေက လုပ်ကြပါတယ်။ ချိုးပြီးရင်လဲ အဝရေတွေ အောက်ကို ဆင်းဆိုပြီး ချိုင်းက ကိုင်ပြီး ခါပေးကြပါတယ်။ အဲ့တာမှ ခြေမခွင်ဘဲ ခြေဖြောင့်မယ်လို့ပြောပါတယ်။ ကလေးနဲ့ပတ်သက်တဲ့စာတွေမှာတော့ ပေါင် အဆစ် ပြုတ်မယ်ပြောထားတာ ဖတ်မိပါတယ်။ အကယ်၍များ ကလေးပေါင်ကို မစိပေးဘဲ ကောင်းမွန်စွာ ကြီးလာမယ်ဆို မလုပ်ပေးချင်ပါဘူး။ ဘယ်လို လုပ်ရမလဲလို့ လမ်းညွှန်ပေးပါဦးရှင့်။

သားဦးလို့သာရေးရတယ်။ သက်ဦးဆိုတာ လူအမည်၊ မောင်သက်ဦး၊ မသက်သက်ဦး။ တချို့က တစ်ဦးတဲ့။ မှားတယ်။

ကလေးတွေရေချိုးတာမှာ ဘာတခုမှ ထူးလုပ်ပေးစရာ မလိုပါ။ ကလေးငယ်လေးတွေမှာ အစစအရာရာ နုနယ်လွန်လို့ ကိုင်တာတွယ်တာ ထိတွေ့တာအားလုံး သတိထားရပါမယ်။

ခြေခွင်တယ်ဆိုတာ Clubfoot ခေါ်တာပဲရှိတယ်။ ခြေမျက်စိအောက်မှာ အတွင်းဘက်ကိုမျက်နှာပြုနေတာ။ အဲလိုမွေးရာပါ ဖြစ်တာကို ခွဲစိတ်ဆရာဝန်က ပြုပြင်ပေးမှသာရတယ်။

ကလေးတွေရေချိုးရင် သတိထားစရာတွေက တခြားရှိတယ်။ နားထဲ ရေမဝင်စေရ။ Baby shampoo ခေါ် ကလေးသုံး ခေါင်းလျှော်ရည်သာသုံးသင့်တယ်။ ရေချိုးပေးစဉ် ကလေးလွတ်မကျ လိမ့်မကျအောင် Baby bath tub မှာ ချိုးတာ ကောင်းတယ်။ ကလေးရေချိုးခွက်ထဲမှာ ရေ ၂ လက္မအမြင့်ထည့်လေ့ရှိတယ်။

ကလေးတွေကို တနေ့ ရေဘယ်နှစ်ကြိမ်ချိုးပေးရမလဲ။ တိကျတဲ့သတ်မှတ်ချက် မရှိပါ။ ညစ်ပေတာ ချွေးထွက်တာ ရာသီဥတုတွေအပေါ်မှာ မူတည်တယ်။ တပတ်မှာ ၃ ကြိမ်ချိုးတာလည်းရတယ်။ ကလေးကြီးလာရင် တနေ့တကြိမ်။ ရေချိုးအကြိမ်များလွန်းတာလည်း မသင့်ပါ။ မနက်မှာချိုးမှာလား ညမှာချိုးမှာလား သဘောပါပဲ။ ချက်ကြိုးပြတ်ပြီးမှသာ ပဌမအကြိမ်ရေချိုးလေ့ရှိတယ်။ မွေးဖွးစဉ် ညစ်ပေတာအတွက် သားဖွါးခန်းမှာ ရေချိုးပေးလေ့ရှိတယ်။ ရေက အပူ အအေး မျှတစေရမယ်။ ယူအက်စ်အေမှာ အကြံပြုချက်အရ ရေအပူချိန် 100 F (38 C) ဆိုရင် သင့်တယ်။120 F (49 C) ထက် မများရ။

ရေချိုးပြီးရင် ရေကို နူးညံ့တဲ့အဝတ်နဲ့ ရေစင်အောင်သုတ်ရမယ်။ စွတ်စို ပူနွေးတာကို ဖန်းဂတ်စ် ခေါ် မှိုပိုးကြိုက်တယ်။

Baby lotion ဘေဘီလိုးရှင်း သုံးလည်းရတယ်။ မသုံးလည်းဖြစ်တယ်။ ကလေးအသက်ငယ်လေ မလိုလေ။

ဒေါက်တာတင့်ဆွေ
၁၇-၉-၂ဝ၁၈
၁၇-၉-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး