Light အလင်းပြ

၁။ ကျေးဇူး အထူတင်ရှိပါတယ် အလင်းပြ ဆရာ

၂။ အလင်းပြပေးလို့ ကျေးဇူးပါဆရာ။

မေးခွန်းတွေမှာ အလင်းပြပေးပါလို့ ရေးတဲ့သူ မနည်းပါ။ မီးပျက်တာများစဉ်က အလင်းပြခိုင်းတာဆို လျှပ်စစ်မီးပဲ စဉ်းစားမိတယ်။ အလင်းပြဆိုတာ မီးပျက်နေစဉ်မှာ ခိုင်းတာ၊ မျက်လှည့်ဆရာ အရပ်ဆရာတွေကိုသုံးတယ်။ ကျွန်တော်က ရိုးရိုးဆရာဝန်သာဖြစ်ပါတယ်။ စကားထာဝှက်တာမှာလည်း သုံးကြတယ်။

အဲဒီအသုံးက တကြော့ပြန်ပေါ်လာတာ။ အရင်က ဘာသာရေးမှာ သုံးတယ်။ အရပ်ဆရာတွေ ဓါတ်ဆရာတွေက သုံးတယ်။ ရိုးရိုးတန်းတန်း ပြောစကားထဲမှာ အလင်းပြပါလို့ သုံးလေ့မရှိခဲ့ပါ။

အလင်းဆိုတာ မှောင်မည်းနေရာမှာရလာတဲ့ အလင်းရောင်။ ဉာဏ်အလင်းဆိုတာ မသိတဲ့အရာကို ထိုးထွင်းသိမြင်အောင် ညွှန်ပြရာမှာသုံးတယ်။ လမ်းမသိတာ၊ လိပ်စာမသိတာ စတာမျိုးက ဉာဏ်အလုပ်မဟုတ်။ ဗဟုသုတသာဖြစ်တယ်။

ကျွန်တော့်ကို မေးကြသူတွေက အဲလိုရေးလာရင် ထွက်ရပ်ပေါက်နည်းအပြောခိုင်းသလို ထင်မိတယ်။

ဆရာဝန်ဆီစာရေးတာမှာ ဖွဲ့နွဲ့ချွဲပျစ်တာမပါ၊ ရိုးရိုးတည်တည်၊ ယဉ်ကျေးရတယ်။ ဖရင်းလို မဟုတ်။ ကိုးကွယ်တာ မဟုတ်။ မျက်လှည့်ပြတာ မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး