Thursday, November 30, 2017
မိုးနဲ့ဆောင်း ပြန်ပြောင်းအောက်မေ့ခြင်း
• အဲသည်နှစ်မိုးတွင်း ငါတို့ရန်ကုန်ဆင်းကြရ၏။
• ဂန္ဒီကအဆင်းမှာ ထီးမပါတဲ့ငါတို့ကို ထီးမဆောင်းတဲ့လူထုက ဖြောင်းဖြောင်းလက်ခုပ် တီးပေးကြ၏။
• ၁/၉ဝ နဲ့တုံ့ပြန်တာကို ငါတို့က သုံးလရာဇသံ ပြန်ပေးလိုက်ကြ၏။
• နာခံမယ်မဟုတ်မှန်းလဲ ငါတို့ မသိမရှိ။
• အညာတက် အကွက်ချဘို့ဖြစ်လာ၏။
• ဟိုနေရာသည်နေရာထိုင်ပြီး တိုင်ပင်ကြ၏။
• တောင်းတာမရရင် ညောင်းကြမှဖြစ်မည်၊
• အလီ ဆယ့်လေးကို နှစ်နဲ့မြှောက် နှစ်ဆယ့်ရှစ်ယောက်၊
• နောက်ထပ် နှစ်ဆယ့်ရှစ်ယောက် သွေးသောက်။
• ထောက်လှမ်းရေးတကောက်ကောက် ကြံတိုင်းမပေါက်၊
• တဖက်ကမ်းရောက်သူကရောက်၊ ငရဲခန်းရောက်သူကရောက်၊
• ထင်တိုင်းမပေါက်ပေမဲ့ ကြံတဲ့အတိုင်းမြောက်ခဲ့ကြ၏။
• အဲသည်နှစ်ဆောင်းမှာ ငါတို့ဖါသာ အစိုးရဆိုတာဖွဲ့ခဲ့ကြ၏။
• ငါတို့အတွက် နေပြည်တော်ကား တည်ပြီးသား၊ ဝါးတော သစ်တော မာနယ်ပလော။
အခုနေပြည်တော်မှာ လွှင့်ထားတဲ့အလံကို မာနယ်ပလောရုံးမှာ အဲသည်ကာလမှာ လွှင့်ထားပါတယ်။
(၁၈-၁၂-၁၉၉ဝ မှာဖွဲ့ခဲ့တဲ့ စဉ်ပြိုင်အစိုးရ အမှတ်တရ)
ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၃
၁-၁၂-၂ဝ၁၇
နွေနှင့်ဆောင်းတို့၏ ခြားနားချက်
• အဲသည်နှစ်နွေမှာ ငါ ရွာတကာရောက်ရှိ၊
• အဲသည်နှစ်မေမှာ ငါ အဖြေရရှိ၊
• ရွေးကောက်ပွဲမှာ ငါ နိုင်၏။
• အဲသည်နှစ်ဆောင်းမှာ ငါ့ကို လာဖမ်းကြတော့၏၊
• အဲသည်နှစ်ဆောင်းမှာ ငါ ပုန်းအောင်းခဲ့ရ၏၊
• အဲသည်နှစ်ဆောင်းညမှာ ငါ ထွက်ပြေးရတော့၏။
• အဲသည်နှစ်ဒီဇင်္ဘာ ငါ အိမ်မှာမရှိ၊
• အဲသည်နှစ်ဒီဇင်္ဘာကတည်းက ငါ့အိမ်ကို ပြန်မကြည့်၊
• အဲသည်နှစ်ဒီဇင်္ဘာကစပြီး အိမ်ပြန်မရောက်နိုင်တော့မှန်း ငါမသိ။ ၂၈ နှစ်တိတိ။
ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၃
၁-၁၂-၂ဝ၁၇
X-ray and Pregnancy ကိုယ်ဝန်နှင့် ဓါတ်မှန်
၁။ ဆရာရှင် ကိုယ်ဝန်ဆောင်သည်က X-rays နဲ့ ပစ္စည်းကိုစစ်တဲ့ gate pass မှာ ပစ္စည်းထည့်စစ်ပြီး နေ့တိုင်း သွားရပါတယ်ရှင်။ ပြီးတော့ လူဝင်ပေါက်မှာလဲ စက်တပ်ထားပါတယ်ရှင်။ ရှောင်ဖို့လိုနိုင်မလား သိချင်ပါတယ်ရှင်။ ကိုယ်ဝန်က ခု ၂ လပါရှင့်။
၁။ ရွှေတိဂုံဘုရားသွားဖူးရင်တော့ လုံခြုံရေးအတွက်ထားတဲ့ X ray စက်ထဲ ကိုယ်ဝန်ဆောင်ကိုလည်း ဖြတ်ခိုင်းတယ်။ Super market တွေကတော့ မဖြတ်ခိုင်းဘူး။ ဘုရား ခဏခဏသွားဖူးဖို့တောင် ခပ်လန့်လန့်ရယ်။
၂။ ဆရာ ကျနော်တစ်ခုလောက်မေးချင်လို့ပါ။ ကျနော်အမျိုးသမီးကအခုကိုယ်ဝန် (၇) လရှိပါပြီ။ ပထမဦးဆုံး ကိုယ်ဝန်ပါ။ မြန်မာပြည်ကို ပြန်ပြီးမွေးဖွားရမှာဖြစ်ပါတယ်။ အဲဒါ ယခုပြန်လျှင်လေဆိပ်မှာ X-Ray ဖြတ်၍ ပြန်ရမှာဆိုတော့ X-Ray က ကလေးကို ထိခိုက်နိုင်ပါသလားဆရာ။ နောက်ပြီး အခြားကာကွယ်မှုတွေ လုပ်သွားဖို့ လိုအပ်ပါသလားဆရာ။
၃။ ကျမတူမလေးတယောက် အသက်က ၂၃ နှစ်ရှိပြီ။့ မှာဘဲနေပါတယ်။ သူက အိမ်ထောင်ကျတာ နောက်လဆို တနှစ်ပြည့်ပါပြီ။ သူတို့နှစ်ယောက်က တားဆေးတွေတော့ မသောက်ကြဘူးလို့ သိရပါတယ်။ ခုဒီလမှ ကိုယ်ဝန်ရှိပြီလို့ မနေ့က သွေးနဲ့ဆီး နှစ်မျိုးလုံး စစ်ကြည့်တော့   သေချာသိသွားတယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်က တခုစိုးရိမ်နေကြတယ်။ သူမက ကိုယ်ဝန်ရှိတယ်ဆိုတာ မသိလို့ အရင်တပတ်က မတ်လ ၂၃ ရက်လောက်မှာ ကျန်းမာရေးစစ်ဆေးဖို့ဆိုပြီး ဓါတ်မှန်ရိုက်လိုက်တယ်။ အဲဒီနောက်ပိုင်းမှုာ သူမရဲ့ ဗိုက်အောက်ပိုင်းနာတာ ၃၊ ၄ ရက်ရှိလာလို့ မနေ့ကမှ ဆရာဝန်ဆီ သွားပြမှ ကိုယ်ဝန်ရှိကြောင်းသိကြတယ်။ သူတို့ လင်မယားနှစ်ယောက်လုံးက ဒီလို ကိုယ်ဝန်စကပ်တဲ့အချိန်  ဓါတ်မှန် ရိုက်လိုက်လို့ သန္ဓသားက တစုံတခု ဖြစ်သွားနိုင်မလားဆိုပြီး စိုးရိမ်နေကြတယ်။ ဒါကြောင့်  ဓါတ်မှန်ရိုက်လို့ အန္တရယ် ရှိမရှိ သိချင်ပါတယ်ဒေါက်တာ။
၎။ ဆရာ့ဆောင်းပါးတွေထဲဖတ်ရတာ ကိုယ်ဝန်ဆောင်ချိန် x- rays ဓာတ်ရောင်ခြည် မရိုက်သင့်ဘူး 2D ultrasound တို့ 3D 4D ရိုက်တာကိုတော့ ခုချိန်ထိ ဆိုးကျိုးကြီးကြီးမားမား ပြောကြတာမရှိသေးဘူး၊ (ကလေးအတွက် လေတို့ အပူတို့ ပိုရမယ် ယောက်ျားလေးဆို စကားပြောနှေးမယ်) လို့ ဖတ်ရပါတယ်။ goole ထဲမှာရှာကြည့်တော့လဲ နိုင်ငံခြားမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြလို့ လက်ခံယုံကြည်ပါတယ်။ ဒါပေမယ့် ဒီနေ့ ဆေးကုမ္ပဏီတစ်ခုကဖြန့်တဲ့ ကိုယ်ဝန်ဆောင်အားဆေးကြော်ငြာ fb page တစ်ခုမှာ ပြောင်းပြန်တင်ထားတယ်။ ကိုယ်ဝန်ဆောင်အနေနဲ့ သွားခံတွင်း ကျန်းမာရေးဂရုစိုက်ရမယ့်အကြောင်းနဲ့ ဒီအတွက် x-rays ပါရိုက်ထားသင့်ကြောင်း ကျမကပြန်ချေပတော့ gender ကြိုသိဖို့နဲ့ 3d 4d ultrasound သာ မရိုက်သင့်ကြောင်း ပြန်ရေးထားပါတယ်။ ဆေးပညာနဲ့ပတ်သတ်ပြီး လုံးဝတလွဲ ဖြစ်နေတဲ့ message မျိုး မပေးသင့်ဘူးလို့ ထင်ပါတယ်။ ဆရာရောဘယ်လို ထင်မြင်ပါသလဲ။
Pregnancy and x-ray at airport ကိုယ်ဝန်ဆောင်နဲ့ လေဆိပ်ဓါတ်မှန်
လေဆိပ်သုံးလူကိုစစ်ဆေးတဲ့ကိရိယာက ဓါတ်ရောင်ခြည်နည်းနည်းလေးသာသုံးပါတယ်။ လူဖြတ်လျှောက်ရတဲ့ Metal detectors မှာတော့ Low-frequency electromagnetic field လျှပ်စစ်-သံလိုက်ဖြစ်တယ်။ အဲဒါကတော့ X-rays ဓါတ်မှန်မဟုတ်ပါ။ Luggage X-ray machines လပ်ဂေ့ကိုစစ်တာမှာတော့ ဓါတ်မှန်သုံးတယ်။ အမေရိကန် လေဆိပ်တွေမှာတော့ ကိရိယာသစ်သုံးတယ်။ တခုကို backscatter machine ခေါ်တယ်။ low-level X-rays ဓါတ်မှန် အပျော့စားပါတယ်။ အန္တရာယ်မရှိပါဘူးလို့ Transportation Safety Administration (TSA) အာဏာပိုင်တွေက ဆိုပါတယ်။ ရင်ပတ်ဓါတ်မှန်ထက် ၁ဝဝဝ ပုံ ၁ ပုံသာသုံးတယ်လို့ဆိုပါတယ်။ ဒါဟာ high-altitude flight အမြင့်မှာ ပျံသန်းရတာ ၂ မိနစ်စာနဲ့ ညီပါသတဲ့။ နောက်တခု Millimeter wave machine ကတော့ Electromagnetic waves လျှပ်စစ်-သံလိုက်လှိုင်းသုံးတယ်။
Diagnostic ultrasound ရောဂါရှာဖွေရေးသုံး အာလ်ထွာဆောင်းက စိတ်ချရပါတယ်။ ပါဝါရော လှိုင်းပါ နည်းနည်းလေးသာ သုံးတယ်။ ကျန်းမာရေးအတွက် တိုက်ရိုက်အန္တရာယ်မရှိပါ။ အာလ်ထွာဆောင်းဟာ အလွန် အသုံးကျပါတယ်။ ဒါပေမဲ့ အကန့်အသတ်ရှိတယ်။ လေနဲ့အရိုးကို ထိုးဖေါက်ဘို့ခက်တယ်။ အဲလိုနေရာတွေကို စမ်းသပ်ချင်ရင် CT or MRI scans, or X-rays တွေကိုသုံးရတယ်။
X-rays and pregnancy ဓါတ်မှန်နဲ့ ကိုယ်ဝန်
ကိုယ်ဝန်ဆောင်နေချိန်မှာ ဓါတ်မှန်ရိုက်ရရင် အထဲကကလေးအတွက်စဉ်းစားရတယ်။ ဓါတ်မှန်ဌာနတွေက အထူးသတိထားလို့ သားအိမ်ကိုဓါတ်ရောင်ခြည်ရောက်မဲ့ ဓါတ်မှန်ကို အရိုက်မခိုင်းပါ။ မဖြစ်လှတာကိုသာ ရိုက်ပါတယ်။ ရိုက်ရရင်လဲ အစိုးရိမ်မကြီးပါနဲ့။
ဓါတ်မှန်ကနေ သီအိုရီအရ နောင်တချိန်မှာကင်ဆာ ဖြစ်စေနိုင်တယ်။ ဒီအန္တရာယ်က နည်းပါတယ်။ Health Protection Agency (HPA) ရဲ့တွက်ချက်မှုက ဒီလိုရှိပါတယ်။ ရင်ပတ်၊ သွား၊ လက်၊ ခြေတွေကိုရိုက်တဲ့ X-ray ဓါတ်မှန်မှာ နောက်ခံ ဓါတ်ရောင်ခြည် ရက် အနည်းငယ်စာနဲ့ညီပြီး ကင်ဆာဖြစ်နိုင်ခြေ ၁,ဝဝဝ,ဝဝဝ မှာ ၁ ထက်နည်းမယ်။ ဦးခေါင်းနဲ့ လည်ပင်း X-ray ဓါတ်မှန်မှာ နောက်ခံဓါတ်ရောင်ခြည်ရက်သတ္တပါတ်အနည်းငယ်စာနဲ့ညီပြီး ကင်ဆာ ဖြစ်နိုင်ခြေ ၁ဝဝ,ဝဝဝ ကနေ ၁,ဝဝဝ,ဝဝဝ မှာ ၁ ရှိနိုင်တယ်။ တင်ပါး၊ တင်ပါးဆုံ၊ ခါးရိုး၊ ဗိုက်နဲ့ ရင်သား မင်မိုဂရမ် X-ray (mammogram) တွေဟာ နောက်ခံ ဓါတ်ရောင်ခြည် တနှစ်စာနဲ့ညီမျှပြီး ကင်ဆာဖြစ်နိုင်ခြေ ၁ဝ,ဝဝဝ ကနေ ၁ဝဝ,ဝဝဝ မှာ ၁ ရှိနိုင်တယ်။ Barium meal လို အဖြူရောင်မြင်ရအောင်သုံးတဲ့ဆေးနဲ့ X-ray ရိုက်ရင် နောက်ခံဓါတ်ရောင်ခြည် နှစ်အနည်းငယ်နဲ့ညီမျှပြီး ကင်ဆာဖြစ်နိုင်ခြေ ၁,ဝဝဝ ကနေ ၁ဝ,ဝဝဝ မှာ ၁ ရှိနိုင်တယ်။ ယူကေနိုင်ငံမှာ လူ ၃ ယောက်မှာ ၁ ယောက်ဟာ ကင်ဆာ တမျိုးမျိုးရှိတယ်။ ဒါလဲ ဓါတ်မှန်ကြောင့်လို့ မပြောနိုင်ပါ။ ကင်ဆာဖြစ်ဘို့ဆိုတာ အချက်တွေအများကြီးကိုပါ ထည့်တွက်ရတယ်။ ဥပမာ အသက်အရွယ်၊ လူနေမှုပုံစံ၊ မျိုးဗီဇ စတာတွေပါတယ်။
1. 2D, Doppler, 3D and 4D ultrasounds (အာလ်ထွာဆောင်း) စိတ်ချရသလား http://doctortintswe.blogspot.com/2015/04/2d-doppler-3d-and-4d-ultrasounds.html
2. CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ http://dts-medicaleducation.blogspot.com/2011/04/ct-scan.html
3. MRI Scan (အမ်-အာရ်-အိုင်) http://dts-medicaleducation.blogspot.com/2012/07/mri-scan.html
4. Pregnancy and x-ray at airport ကိုယ်ဝန်ဆောင်နဲ့ လေဆိပ်ဓါတ်မှန် http://doctortintswe.blogspot.com/2014/11/pregnancy-and-x-ray-at-airport_24.html
5. Risks of an X-ray and Diagnostic ultrasound အာလ်ထွာဆောင်းနဲ့ ဓါတ်မှန်အန္တရာယ် http://doctortintswe.blogspot.com/2014/11/risks-of-x-ray-and-diagnostic-ultrasound.html
6. X-rays and infertility ဓါတ်မှန်နဲ့ ကလေးမရခြင်း http://doctortintswe.blogspot.com/2015/05/x-rays-and-infertility.html
ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
Special Event
ကနေ့ ကျောင်းမှာ စပါယ်ရှယ်အီးဗင့်ရှိတယ်။ တလမှာ အဲလိုဟာ ၂ ခုရှိတာ။ ဒီလအတွက် သင့်စ်ဂစ်ဗင်းနေ့ကတခါ။ ကနေ့တော့ အင်ဒီယာနာပုလစ်မြို့ မြို့တော်ဝန်ရုံးက လာဟောပြောတယ်။ သူတို့ဘာအကူအညီပေးနိုင်သလဲ ရှင်းပြတယ်။ အိမ်လခ၊ ရေ-မီး-ဓါတ်ငွေ့ ဘီလ်၊ ကျန်းမာရေးအာမခံ အခက်အခဲရှိသူတွေကို နည်းလမ်းရှာပေးမယ်။ ပတ်ဝန်းကျင်မှာ အမှိုက်စည်းကမ်းမကျစွန့်ထားတာတွေ့ရင်၊ လူသွားလမ်းပေါက်ပျက်နေတာတွေ့ရင်၊ လမ်းမီး မလာတာတွေ့ရင်၊ ပေါင်းမြက် မရိတ်တာတွေ့ရင်စသဖြင့် တိုင်ကြားဘို့ ဖုန်းနံပါတ်နဲ့ ဝဘ်ဆိုက်ပေးတယ်။
ဒီက သုတလေးတွေသိဘို့ တင်ပြပါတယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
ကျန်းမာ နဲ့ ကျမ္မာ
ဆရာ ကျန်းနဲ့ ကျမ်း။ ဥပမာ ကျန်းမာနဲ့ ကျမ်းမာအကြောင်း သိချင်ပါတယ်ဆရာ။
ကျမ္မာလို့ အရင်ကရေးခဲ့တာရှိတယ်။ စာလုံးအဆင့်တွေအသုံးများစဉ်ကဖြစ်တယ်။ အဲဒီခေတ်မှာ ပါဠိကို အသုံးများခဲ့လို့ မြန်မစာလုံးအစစ်တွေမှာပါ အဆင့်တွေနဲ့ရေးကြတယ်။ သ္ခင်၊ ယ္ခင်၊ ယ္ခု၊ ကျမ္မာ၊ မင်းသ္မီး၊ မြမ္မာ၊ မိမ္မ၊ ဆုမ္မ၊ စသည်။ အဲတာတွေကို မဆင့်တော့ပဲ ခွဲရေးတာဟာ ပိုရှင်းလင်းပြီး အဓိပ္ပါယ်လည်း မပျက်စေလို့ သင့်မှန်တယ်။
အဲဒီခေတ်မှာပဲ မြန်မာစာလည်း မဟုတ်၊ ပါဠိလည်းမဟုတ်တဲ့စကားလုံးတွေမှာပါ အဆင့်နဲ့ရေးကြတယ်။ ဥပမာ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဣသရေလ၊ စသည်။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။
နောက်မှာ အဆင့်စာလုံးတွေနည်းလာပြီး ကျန်းမာလို့သာရေးလာကြတယ်။ အခု အများသုံးစံကိုက်စာလုံးက ကျန်းမာလို့ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
TB neck gland တီဘီအကျိတ်
၁။ မင်္ဂလာပါ ဆရာခင်ဗျား။ ကျနော့ သမီး ငါးနှစ် နှစ်လ အရွယ်ပါဆရာ။ လည်ပင်းအကျိတ်ကို တီဘီကျိတ်အဖြင့် ဆေးစာထွက်ပါပြီ ဆရာ။ ကျနော် သိချင်တာလေးက တီဘီအကျိတ် ဖြစ်ရခြင်းအကြောင်းအရင်းနှင့်ကူးစက်ရောဂါ ဟုတ်မဟုတ်ပါဆရာ။ ကူးစက်လွယ်တယ်ဆိုရင် စာသင်ကျောင်းကို မပေးသွားဖို့ပါဆရာ။ ပြီးတော့ မွေးကင်းစမှ ယခုအရွယ်အထိ သက်ဆိုင်ရာ ကာကွယ်ဆေးများ ပုံမှန်ထိုးပါတယ်ဆရာ။ တီဘီအကျိတ်က ထိုးထားသော ကာကွယ်ဆေးအမျိုးအစားထဲမှာ ပါဝင်မှု ရှိမရှိကို သိရှိလိုပါတယ် ဆရာခင်ဗျာ။ (ကူးဆက်သတ်ပုံကို ပြင်လိုက်တယ်။)
၂။ တခုလောက်မေးချင်လို့ပါဆရာ။ သမီးအမေက လည်ပင်းမှာ အကျိတ်ပေါက်နေတာ တလကျော် နှစ်လလောက်ရှိပါပြီ။ အဲဒါနဲ့ ဆေးခန်းပြ ဆေးစစ်ကြည့်တာ xray, ultrasound နဲ့ သွေးစစ်ကြည့်တာ ဘာမှမတွေ့လို့ အဲဒီအကျိတ်ကနေ အသားစယူပြီး စစ်ကြည့်တာ တီဘီအကျိတ်လို့ အဖြေထွက်ပါတယ်။ fb မှာလည်း အမျိုးမျိုးတွေ့နေရတော့ တီဘီမဟုတ်ဘဲ တီဘီဆေးတွေသောက်ပြီး ဒုက္ခရောက်မှာ စိုးရိမ်လို့ပါဆရာ။ အမေကအသက် ၅၇ ပါဆရာ။ ချောင်းဆိုးတာတို့ ဘာတို့တော့ မရှိပါဘူးရှင့်။ အညော်မိရင်တော့ အဲဒီအကျိတ်နေရာက တင်းလာပြီး နည်းနည်းနာသလိုလို ဖြစ်တယ်လို့တော့ ပြောပါတယ်ဆရာ။ ကူညီပြီးဖြေကြားပေးပါဦးနော်။ ဆရာ့ရဲ့ အကြံဉာဏ်ကောင်းတွေကိုလည်း သိပါရစေရှင့်။
ဘိုင်အော့်ပစီ ခေါ် အသားစဖြတ်ယူစစ်ဆေးတာထက် မှန်တာ မရှိပါ။ ဖေ့စ်ဘွတ်အဖြေတွေထက် မှန်တယ်။
တီဘီအကျိတ် အဖြစ်များကြတယ်။ ကလေးတွေပိုများတယ်။ မကြာသေးခင်က အရွယ်ကောင်း မိန်းကလေးနှစ်ယောက်မှာ လာတွေ့သေးတယ်။ တီဘီ ဘယ်နေရာမှာဖြစ်ဖြစ် ဆေးပါတ်လည်ရင် ပျောက်ပါတယ်။ တီဘီအကျိတ်က မခွဲရတတ်ပါ။ ပိုးမရှိတော့ပေမဲ့ အကျိတ်က တော်တော်နဲ့ မပျောက်ရှိလဲ ကိစ္စမရှိပါ။ သက်သာလာတာနဲ့ လူက ဝလာမယ်။ စားလာမယ်။ ကိုယ်အလေးချိန်တိုးတာဟာ ရောဂါအခြေအနေ ကောင်းလာတာကိုပြတယ်။
ငယ်ငယ်တုံးက နှာစေး၊ နှာရည်ယိုတာကနေ တီဘီပိုး၊ တခြားပိုးတွေ ဝင်လာခဲ့မယ်။ အဲဒီကနေ တက်စေ့ (လင့်ဖ်-နုတ်) တွေဆီ ရောက်လာတယ်။ အာသီးရောင်မယ်။ တက်စေ့ရောင်တာမှာ အများကြီး လိုက်ရောင်တာနဲ့ နေရာကွက် ရောင်တာ နှစ်မျိုးဖြစ်နိုင်တယ်။
1. Generalised Tubercular Lymphadenitis များသောအားဖြင့် လည်ပင်းအကျိတ်တွေမှာ လာဖြစ်တယ်။ နာတာရှည် သဘော ဖြစ်တာ များတယ်။ အင်္ဂါအစိတ်အပိုင်းတွေဆီ ရောဂါ မရောက်တတ်ဘူး။ ကလေးက အစားပျက်၊ သိပ်မဆော့နိုင်၊ ပိန်၊ လျှာကွဲ၊ နဲနဲကိုယ်ပူ၊ ညနေပိုင်းမှာ ပူတာများတယ်။ ခေါင်းချွေးထွက်မယ်။
2. Local Tubercular Adenitis အဖြစ်များတယ်။ လည်ပင်းမှာဘဲ အများဆုံးဖြစ်တယ်။ ကလေး-လူကြီးဖြစ်မယ်။
အကျိတ်က တဖြေးဖြေးကြီးလာမယ်။ တချို့ကြက်ဥလောက် ရှိတယ်။ ရောင်တဲ့လက္ခဏာတွေရှိလာမယ်။ နီ-နာ-မာ-ပူ-ရောင်။ တချို့မှာ ပြည်တည်လာတယ်။ ပြည်အရောင် မတူတာတွေရှိနိုင်တယ်။
တချို့ ကလေး-လူငယ်တွေမှာ ဗိုက်ထဲက တက်စေ့မှာ လာဖြစ်ကြတယ်။ Tabes Mesenterica ခေါ်တယ်။ တချို့မှာ အူသိမ်တီဘီနဲ့ ရောနေတယ်။ ဗိုက်နာ-ဖျားလို့ စစ်ရင်းမှ တွေ့လာတတ်တယ်။ ဝမ်းပျက်တာ၊ အားယုတ်တာတွေလဲ ရှိမယ်။ အူတီဘီ ဖြစ်တဲ့သူရဲ့ ဗိုက်ကို သေသေခြာခြာစမ်းရင် ဂျုံနယ်နေရသလိုရှိတယ်။ မျက်တွင်းချိုင့်နေတတ်တယ်။ အသားအရေ ခြောက်မယ်။ တီဘီအကျိတ်ရောင်သူတွေက သူများကို မကူးစက်ပါ။ သလိပ်ထဲ ပိုးတွေ့တာနဲ့ ရောနေရင် သူများကို ကူးနိုင်တယ်။ တီဘီဆိုတာ ပိုးပါတဲ့ နွားနို့ကနေလဲ ကူးစက်လာနိုင်တယ်။ ကနေ့ခေတ်မှာ တီဘီ ဆေးတွေ အလွန်ထိရောက်ပါတယ်။ ၃ လ၊ ၆ လ၊ ၉ လ၊ ကုရပါတယ်။ Isoniazid, Rifampin, Pyrazinamide နဲ့ Ethambutol တွေက အသုံးများတယ်။ ဆေး အနည်းဆုံး ၂ မျိုးတွဲပေးတယ်။ တချို့ ၄ မျိုး တွဲပေးရတယ်။
TB writing links တီဘီရောဂါစာများ
1. BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html
2. Bone tuberculosis အရိုး တီဘီ http://doctortintswe.blogspot.com/2014/10/bone-tuberculosis.html
3. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
4. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
5. Intestinal Tuberculosis အူ (တီဘီ) http://dts-medicaleducation.blogspot.in/2013/01/intestinal-tuberculosis.html
6. MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ http://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html
7. MDR-TB ဆေးယဉ်တဲ့ တီဘီ http://dts-medicaleducation.blogspot.in/2013/11/mdr-tb.html
8. More money needed to beat TB တီဘီရောဂါနှိမ်နင်းရန် ဒေါ်လာ ၅၆ ဘီလီယန်လိုအပ်
9. Pleural effusion အဆုပ်အိတ်ထဲ အရည်အောင်းခြင်း http://doctortintswe.blogspot.com/2016/12/pleural-effusion.html
10. Primary Complex ကလေးတီဘီ http://doctortintswe.blogspot.com/2016/11/primary-complex.html
11. RDT ငှက်ဖျား အမြန်စစ်ဆေးနည်း http://doctortintswe.blogspot.com/2017/01/rdt.html
12. TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/2008/10/tuberculosis-tb.html
13. TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
14. TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
15. TB Q and A (တီဘီ) အမေး-အဖြေ (၁) http://dts-medicaleducation.blogspot.in/2012/09/tb-q-and.html
16. TB Q and A (တီဘီ) အမေးအဖြေ (၂) http://dts-medicaleducation.blogspot.in/2014/01/tb-questions.html
17. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
18. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
19. TB Treat the root cause အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ
20. TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
21. Tuberculin test (တီဘီ) အတွက် (ကြူဘာကူလင် တက်စ်)http://dts-medicaleducation.blogspot.in/2013/10/tuberculin-test.html
Dr. တင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
Drugs and Drinks Links မူးနေအောင်ရေးရတဲ့စာတွေ
၁။ ဆရာခင်ဗျာ WY နှင့်ပတ်သက်သောစာများ ပညာပေးရေးသားလိုပါသဖြင့် ဆရာရေးသားထားသော post များကို ဖတ်ရှုလိုပါသည်။ ဖတ်ဖူးသော်လည်း ပြန်လည်ရှာဖွေရ ခက်ခဲနေသဖြင့် အဆင်ပြေမည်ဆိုလျှင် link လေးတွေ ပြပေးစေလိုပါသည်။ ကျေးဇူးတင်စွာဖြင့်။
၂။ မင်္ဂလာပါဆရာရှင့်။ မြန်မာနိုင်ငံမှာ အခုခေတ်စားနေတဲ့ ရာမ မြင်းဆေး wy တို့ရဲ့ effect က အိမ်မှာအတူနေတဲ့ ကလေးငယ်လေးကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသာနာတွေဖြစ်စေပါသလားရှင့်။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။
1. Advice for girls and women (1) လူလုံးမလှယူကြုံးမရ မဖြစ်ရအောင် (၁) http://doctortintswe.blogspot.com/2016/01/advice-for-girls-and-women_13.html
2. Alcohol – How to quit အရက်ဘေးက ဝေးကြပါစေ http://dts-medicaleducation.blogspot.com/2014/04/alcohol-how-to-quit.html
3. Alcohol (1) အရက်ဋီကာ အတိုအထွာ http://dts-medicaleducation.blogspot.in/2013/04/blog-post_15.html
4. Alcohol (2) အရက်ဋီကာချဲ့ခြင်း http://dts-medicaleducation.blogspot.in/2013/04/blog-post_9265.html
5. Alcohol abuse အရက်ဘေးက ဝေးကြပါစေ http://doctortintswe.blogspot.com/2015/01/alcohol-abuse.html
6. Alcohol and breastfeeding နို့တိုက်မိခင်နဲ့အရက် http://doctortintswe.blogspot.com/2015/09/alcohol-and-breastfeeding.html
7. Alcohol and Coffee အရက်မူးတာကို ကော်ဖီကထူးစေသလား http://dts-medicaleducation.blogspot.in/2013/06/blog-post_14.html
8. Alcohol and Depression အရက်က စိတ်ကျစေတယ် http://dts-medicaleducation.blogspot.in/2011/01/alcohol-and-depression.html6. Alcohol and Liver အရက်သောက်ကြတာကနေ အသည်းကိုဘယ်လိုဆိုးစေသလဲ
9. Alcohol and Liver နှစ်သစ်ကူးကာလ အရက်သောက်ကြတာကနေ အသည်းကိုဘယ်လိုဆိုးစေသလဲ
10. Alcohol and pregnancy အရက်နဲ့ကိုယ်ဝန် https://doctortintswe.blogspot.com/2020/02/alcohol-and-pregnancy.html 
11. Alcohol taxes and public health အရက်ခွန်နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.in/2011/11/alcohol-taxes-and-public-health.html
12. Alcohol withdrawal syndrome အရက်ဖြတ်လိုက်ရင် http://dts-medicaleducation.blogspot.in/2013/08/alcohol-withdrawal-syndrome.html
13. Alcoholic beverage သောက်စရာအရက် http://dts-medicaleducation.blogspot.in/2014/03/alcoholic-beverage.html
14. Alcoholism အရက်အတွက် ခက်နေသူတွေ http://dts-medicaleducation.blogspot.in/2012/08/alcoholism.html
15. Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/10/amphetamines-1.html
16. Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html
17. Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html
18. Burundanga ပဒိုင်းပွင့်လိုဆေး https://doctortintswe.blogspot.com/2014/10/burundanga.html
19. California nuns fight ban on marijuana businesses ဆေးခြောက်နှင့် သီလရင် https://doctortintswe.blogspot.com/2016/02/california-nuns-fight-ban-on-marijuana.html
20. Carfentanyl ဆင်ဖြူတော် မူးယစ်ဆေး http://doctortintswe.blogspot.com/2017/02/carfentanyl.html
21. Common Medicines you really shouldn’t mix with Alcohol အရက်နဲ့တွဲရန်မသင့်သောဆေးများ
22. Cough Syrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း http://doctortintswe.blogspot.com/2014/11/cough-syrup-addiction.html
23. Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://doctortintswe.blogspot.com/2014/10/date-rape-drugs.html
24. Dirty Medicines ညစ်ညမ်းဆေးတွေ http://dts-medicaleducation-adult.blogspot.in/2014/01/dirty-medicines.html
25. Drug Abuse ဆေးဝါးတလွဲသုံးခြင်း https://doctortintswe.blogspot.com/2014/10/drug-abuse.html
26. Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/2015/02/drugs-and-politics.html
27. Drugs used in the military စစ်သုံးဆေးများ http://doctortintswe.blogspot.com/2014/10/amphetamines-2.html
28. Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/10/ecstasy-drug-tests.html
29. Ecstasy စိတ်ကြွဆေးများ https://doctortintswe.blogspot.com/2014/10/ecstasy.html
30. Fake alcohol အရက်တု http://doctortintswe.blogspot.com/2015/05/fake-alcohol.html
31. Guidance for girls and women သင်္ကြန်တွင်းကြယူကြုံးမရ မဖြစ်ရအောင် http://doctortintswe.blogspot.com/2014/10/advice-for-water-festival.html
32. High မူးယစ်ဆေးများ http://doctortintswe.blogspot.com/2015/07/high.html
33. How to lessen the effects of Alcohol အရက်မူးတာ သက်သာအောင် http://dts-medicaleducation.blogspot.com/2012/12/how-to-lessen-effects-of-alcohol.html
34. Ice ဆိုတာ ရေခဲမဟုတ်ပါ https://doctortintswe.blogspot.com/2014/10/ice.html
35. Inhalant abuse လမ်းဘေးဆေးရှူ https://doctortintswe.blogspot.com/2015/01/inhalant-abuse.html
36. Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/11/dirty-drugs.html
37. Marijuana addiction ဆေးခြောက်က စွဲသလား https://doctortintswe.blogspot.com/2017/09/marijuana-addiction.html
38. Marijuana ဆေးခြောက် https://doctortintswe.blogspot.com/2016/05/marijuana.html
39. Methadone မက်သဒုံး https://doctortintswe.blogspot.com/2015/02/methadone.html
40. Methamphetamine (မက်သမ်ဖတမင်း) http://doctortintswe.blogspot.com/2017/03/methamphetamine.html
41. Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/military-and-crystal-meth.html
42. Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး http://doctortintswe.blogspot.com/2015/02/molly.html
43. Non-alcoholic beverage အရက်မပါ သောက်စရာ http://doctortintswe.blogspot.com/2014/10/non-alcoholic-beverage.html
44. Opium ဘိန်း https://doctortintswe.blogspot.com/2015/02/opium.html
45. Predatory Drugs သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ http://doctortintswe.blogspot.com/2014/10/predatory-drugs.html
46. Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ် http://doctortintswe.blogspot.com/2015/02/pseudoephedrine.html
47. Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ http://doctortintswe.blogspot.com/2017/03/rape-drugs.html
48. Rohypnol ရိုဖီနောလ် မုဒိန်းဆေး http://doctortintswe.blogspot.com/2017/03/rohypnol.html
49. Smoking and Cancer ဆေးလိပ်နဲ့ ကင်ဆာ http://doctortintswe.blogspot.com/2015/02/smoking-and-cancer.html
50. Smoking Quit Tips ဆေးလိပ်ဖြတ်ရန် အမြန်အကြံပြုချက်များ http://doctortintswe.blogspot.com/2014/12/smoking-quit-tips.html
51. Warning to girls and women အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ http://doctortintswe.blogspot.com/2014/10/warning-to-girls-and-women.html
52. Water Festival and Alcohol http://doctortintswe.blogspot.com/2015/04/water-festival-and-alcohol.html
53. Yaba ယာဘ http://doctortintswe.blogspot.com/2015/02/yaba.html
ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
Proofreading ပရုဖတ်ခြင်း
မင်္ဂလာပါ ဆရာတို့ မိသားတစုလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။ ဆရာခင်ဗျား မနေ့ညက အမေလူထုဒေါ်အမာရဲ့ မွေးနေ့ (၁၀၂) နှစ်ပြည့်ကို ရောက်ဖြစ်ခဲ့ပါတယ်ဗျ။ စာရေးဆရာမ မဝင့် (မြစ်ငယ်) ကို အမေလူထုဒေါ်အမာက (ပရုစင်) ဖို့ဆိုတဲ့စကားကို ပြောခဲ့တာကို ကြားသိခဲ့ရလို့ပါ။ (ပရုစင်) တယ်ဆိုတဲ့ အဓိပ္ပာယ်လေးကို ကျေးဇူးပြု၍ ရှင်းပြပေးစေချင်ပါတယ်ဗျ။ (ပရုစင်) စာလုံးပေါင်း မမှန်ခဲ့ရင်လဲ ပြင်ပေးစေချင်ပါတယ်ဗျ။
ပရုဆိုတာ Proof ကို အသံထွက်ယူတာဖြစ်ပါမယ်။ အရင်က စာအုပ်တိုက်တိုင်း၊ သတင်းစာတိုက်တိုင်းမှာ ပရုအယ်ဒီတာလို့ ထားကြရတယ်။ တခြားအယ်ဒီတာတွေက စာရဲ့ အာဘော်၊ အချက်အလက်နဲ့ ဆင်ဆာလွတ် မလွတ်ကြည့်တယ်။ ပရုဖ်အယ်ဒီတာက သတ်ပုံစစ်တယ်။ နောက်ဆုံးသတ်သူသဘောဖြစ်တယ်။ ကွန်တော်က အတိအကျသိတဲ့သူတော့ မဟုတ်ပါ။
Proof-editing လို့ရှိတယ်။ အွန်လိုင်းမှာစာတင်တဲ့ ဒီဂျစ်တယ်လ်ခေတ်မှာလည်းထားတယ်။ သူများတိုင်းပြည်တွေမှာ Proofreading & editing services ဝန်ဆောင်မှုတွေရှိတယ်။ Proof ပရုဖ်ဆိုတာ Manuscript ခေါ် စာမူကို ချရိုက်ထားပြီးသားစာကို စစ်ဆေးထားတဲ့စာခေါ်တယ်။ လူအမှား၊ စက်အမှားရှိတတ်တယ်။ အဲတာကို စစ်ဆေးရတယ်။ အဲလိုစစ်ပြီးရင် စာရိုက်သူနဲ့ ဂရပ်ဖ်အားတစ်တို့ဆီ ပြန်ပို့ရတယ်။
Proofreading ပရုဖတ်တာနဲ့ Editing အက်ဒစ်လုပ်တာ မတူပါ။ ပရုဖတ်တာက အပေါ်ယံဆန်တယ်။ သတ်ပုံ၊ သဒ္ဒါ၊ အဖြတ်အတောက်၊ ဖေါမက် ခေါ် ပုံစံဖွဲ့တာတွေကိုသာ စစ်ဆေးတယ်။ ဒါပေမယ့် အဲလိုလုပ်တာက နောက်ဆုံးအဆင့် ဖြစ်တယ်။ တခြားအယ်ဒီတာတွေက စစ်ဆေးပြီးမှသာ လုပ်တယ်။
မေးခွန်းပါ ပရုစင်ကို သိပ်တော့ မသိပါ။ ပရုဖတ်ထားပြီးသား အမှားအယွင်းကင်းစင်တာလား စဉ်းစားကြည့်ပါတယ်။ ထပ်ပြောပါရစေ။ ကျွန်တော်က စာနယ်ဇင်းလောက၊ မီဒီယာလောကကို နည်းနည်းလေးမှ မသိပါ။ ကျွန်တော်ပြောတာ မှားနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
ပက်လက်လန်
ဆရာရှင့် ကျမ အသက် ၃၆ နှစ်ပါရှင့်၊ သား နှစ်ယောက်ရှိပါတယ် အငယ်လေးက ၁၀ ထဲမှာပါ၊ ဗိုက်ခွဲပြီးမွေးထားတာပါ၊ ပလပ်လန် အိပ်ပြီးနည်းနည်းကြာရင် ဘေးစောင်းဖို့ခက်ပါတယ် တင်ပါးက မရွှေ့နိုင်ပါဘူး၊ မနည်းအားယူပြီးမှ ဘေးစောင်းရပါတယ်၊ ဆရာ သက်ရှည် ကျန်မာပါစေ ရှင့်
ဖြစ်တာ လူကြီးလား ကလေးလား ၂ ခါစဉ်းစားရတယ်။ ကလေးအသက် ၁ဝ ထဲဆိုတာ ၁ဝ လလား၊ ၁ဝ နှစ်လား စဉ်းစားရတယ်။ လူကြီးဆိုရင် ခွဲမွေးစဉ်က ခါးထုံဆေးလား။ အဲတာကနေလည်း ဖြစ်တတ်တယ်။ ကြာရင် ပျောက်တယ်။ Ibuprofen 200 mg တနေ့ ၂-၃ ကြိမ် သောက်နိုင်။ Low back pain စာ ဘလော့မှာဖတ်နိုင်။
ပက်လက်လန်လို့ ရေးရတယ်။
၂။ ဆရာ အအေးပက်မယ် လို့ရေးတာလား၊ အအေးပတ်မယ်လို့ရေးရတာလားရှင့်။
အအေးပတ်လို့ ရေးရတယ်။
လပ်
ကွက်လပ်
ဆုလပ် (ဆုလာဘ်)
ဇလပ်ပန်း
တခုလပ်
ကြာကလပ်
ပြတ်လပ်
လစ်လပ်သည်
လွတ်လပ်ရေး
လွတ်လွတ်လပ်လပ်
အကြားအလပ်
အမှုပလပ် (ပသံ ပီသအောင်ထွက်ရ)
မီးပလပ် (အင်္ဂလိပ်စာလုံးကယူ၊ ပနဲ့လပ်အသံ ဆက်ထွက်ရ)
ပက်
ပက္ခဒိန် (ပြက္ခဒိန်)
ပက္ကလာ (မိုးကာကွယ်ရန်အသုံးအဆောင်)
ပက်ကား = ညွှန်အိုင်
ပက်ကျိ
ပက်ခွန့် (လှေ)
ပက်စက်သည်
ပက်ပင်းတိုးသည်း
ပက်ပည် = ရင်ဆိုင်တည့်တည့်
ပက်ဖျန်းသည်
ပက်ပြဲ
ပက်လက်လန်
မှောက်ခုံပက်လက်
ပတ်
ခုနစ်ရက်တပတ်
တစ်နှစ်ပတ်လုံး
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တမြား
ပတ္တလား
ပတ္တာ (တံခါး)
ပတ္တာခံ
ပတ္တာမြေ
ပတ္တူစ
ပတ္ထနာဆုတောင်း
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်စာခွာဖျာသိမ်း
ပတ်တီးစည်း
ပတ်တုတ်
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်ကြမ်းတုတ်
ပတ်ခြံ
ပတ်မကြီး
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်ဝန်းကျင်
ပတ်သက်
ပတ်ခြောက်က
ပတ်မြှောင်
ပတ်
ကမ္ပတ်အိမ်၊
ခရုပတ်၊
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊
ငါးကြီးအန်ပတ်၊
စီကာပတ်ကုံး၊
ညစ်ပတ်၊
တံခါးပတ္တာ၊
တသက်ပတ်လုံး၊
တာလပတ်၊
တနှစ်ပတ်လုံး၊
ပဋ္ဋိပတ်၊
ပတ္တမြား၊
ပတ္တလား၊
ပတ္တရောင်လှည့်၊
ပတ္ထနာဆုတောင်း၊
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်၊
ပတ်စာခွာဖျာသိမ်း၊
ပတ်တီးစည်း၊
ပတ်တုတ်၊
ပတ်ပတ်နပ်နပ်၊
ပတ်ပတ်လည်၊
ပတ်ပျိုးသီချင်း၊
ပတ်ကြမ်းတုတ်၊
ပတ်ခြံ၊
ပတ်မကြီး၊
ပတ်ရံ၊
ပတ်ရစ်၊
ပတ်လည်၊
ပတ်လမ်း၊
ပတ်လွှမ်း၊
ပတ်ဝန်းကျင်၊
ပတ်သက်၊
ပတ်မြှောင်၊
ကြိုးနဲ့ပတ်၊
ရင်ပတ်၊
ရိုင်ပတ်ဖျာ၊
ရုပ်ပတ်၊
လုံးပတ်ပင်စည်၊
လည်ပတ်ပုဝါ၊
သုံးလေးပတ် (ပတ်လှည့်ခြင်း)၊
သမာပတ်၊
အနားပတ်၊
အပတ်တကုတ်၊
အာပတ်၊
အကြောင်းဗျုပ္ပတ်၊
ဥပပတ်၊
ကွေ့လည်ကြောင်ပတ်၊
ထောပတ်၊
လျောက်ပတ်တင့်တယ်၊
ဝေ့လည်ကြောင်ပတ်၊
ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
Wednesday, November 29, 2017
Sorry ဆောရီး
မှားနှိပ်မိတာ စောရီးပါဆရာ
ဆောရီးလို့ ရေးသင့်။
ဆောရီးက အင်္ဂလိပ်စာလုံးအသံထွက်ကိုယူတာဖြစ်တယ်။ အသံကိုယူရင် အသံထွက်ကို အတတ်နိုင်ဆုံး မှန်သင့်တယ်။ အတိအကျ မရတာတွေတော့ရှိတယ်။ ဒီစာလုံးမှာ အတိအကျနီးပါးရတယ်။
ဆော
အဆောတလျင်
ဆောမြို့
စော
စိတ်စော
ဘဝင်စော
စောဒကတက်
စောဒနာ
စောစောစီးစီး
စောကြောမေးမြန်း
အာထွာဆောင်းလည်း အတူတူပဲ။ အာထွာစောင်းဆိုရင် မှားတယ်။ စသံနဲ့ ဆသံ မှားကြတာများတယ်။ ကျွန်တော် စရာဝန်မဟုတ်ပါ။ မြန်မာဆာလည်း မတတ်ပါ။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၁-၂ဝ၁၇
စိုင်း နှင့် ဆိုင်း
ကျွန်နော့်အသက် ၂၈နှစ်ပါ။ ခါးနာဝေဒနာ ခံစားနေရတာ ၁နှစ် ကျော်ပါပြီ။့ နိုင်ငံကားပစ္စည်းစက်ရုံမှာ နေ့စိုင်းတပတ် ညစိုင်းတပတ် အလုပ်လုပ်ပါတယ်။
နေ့ဆိုင်း ညဆိုင်းလို့ ရေးသင့်ပါတယ်။
စိုင်း
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
စိုင်းပြင်း
ထင်ရာစိုင်း
လူအမည် စိုင်း
ဆိုင်း
ဆိုင်းတန်းရပ်
ဆိုင်းတီးသည်
ဆိုင်းသမား
ဆိုင်းအဖွဲ့
ဆိုင်းငံ့
ဆိုင်းထမ်း
ဆိုင်းဘုတ်
တုံ့ဆိုင်း
မြူခြေဆိုင်း
အဆိုင်းလိုက်အလုပ်
နေ့ဆိုင်း ညဆိုင်း
မောင်ရင်ဆိုင်းတမ်းကြယ်စု
နှင်းမြူဆိုင်း
သီတင်းကျွတ်လဘွဲ့ (ဦးပြုံးချို)
ဆီမီးငယ်တဲ့ ထိန်ထိန်
အိုင်မင်း ရေကြည်က
ကြားငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။
အသဝနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။
ဂါရဝေ
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ် နှိုးကြတယ်
မျိုးမြန်မာ့တိုင်း။
Dr. တင့်ဆွေ
ဖြန့်ချိ
ရေဒီယိုတခုရဲ့ဝဘ်ဆိုက်မှာ ဖတ်ရလို့ ပြန်တင်ပါရစေ။ လက်ျာစွန်းရောက် အမုန်းတရားတွေ ထရမ့် ဖြန့်ချီလို့ ရေးထားတယ်။ ဖြန့်ချိလို့သာရေးပါတယ်။ အရင်ကလည်း မေးတယ်။ ကျေးဇူးပါဆရာ ဖြန့်ချိ ကို ဖြန့်ချီ တို့ကိုလည်း ရှင်းပြပေးပါခင်ဗျာ။
ချီ
ကလေးချီ
ချီတုံချတုံ
ချီပင့်သည်
ချီပိုးသည်
ချီမသည်
ချီကြွသည်
စချီတင်ရွာ
စစ်ချီ
စွန်ချီ
စာရေးစာချီ
ဆိုင်းတချီ
ဆိုင်းတချီ
တချီတမောင်း၊
ပန်းချီ၊
ပွဲတချီ
ပါချီပါချဲ့
လှမ်းကြွချီ
အချီအချ။
အစချီ
အထိန်းအချီ
မြှောက်ချီ၊
ချိစ် (ဒိန်ခဲ)
မခံချိမခံသာ
မချိတချိ
မချိတင်ကဲ၊
မချိတရိ၊
မချိမဆံ့၊
မချိမဆန့်
မချိသွားဖြဲ၊
ဖြန့်ချိ
သက်သာချောင်ချိရေး
ချောင်ချိ
ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၇
ဖြတ် ဖျတ် ဖျက်
ဖျက် နဲ့ ဖြတ် မှားရေးမေးကြတယ်။ ဆေးဖျက် မဟုတ်။ ဆေးဖြတ်လို့ ရေးရတယ်။
၁။ အသက် ၂၇၊ အမျိုးသမီး ကိုယ်ဝန်ယူဖို့ ဆေးဖျက်ထားတာပါရှင်။ ဘာအားဆေးတွေသောက်သင့်လဲ။
မေးနည်းပို့ပြီး။ အချက်အလက် လိုတာမပြောလိုသူတွေအတွက် ဘလော့လင့်ပေးထား။
၂။ ဆရာ ကျွန်မအသက်က ၂၀ ပါ။ အိမ်ထောင်ကျတာ ၂ နှစ်ပြည့်တော့မယ်။ ဆေးဖျက်ထားတာ ၄လပိုင်းကပါ။ လတိုင်း ရာသီလာပါတယ်။့
၃။ အသက်က ၂၀။ ဆေးဖျက်ထားတာ ၄လရှိပြီ။ ယခု ရာသီလာရင်း အသားစပါလာပါတယ်။့
အရင်တကြိမ်မှာ မပြင်လိုက်ပါ။ မေးခွန်းတွေထဲမှာ ထပ်တွေ့လို့  ဆေးဖြတ်လို့ ရေးရတယ်။ ဖျတ် မဟုတ်ပါ။
၎။ အခုဆေးက ဒီလ ၁၁ ရက်နေ့မှာ ၂၈ လုံးကုန်ပါပြီဆရာ။ ကျွန်မနဲ့ သူနဲ့က့ လပိုင်းမှ ပြန်တွေ့မှာဆိုတော့ ဆေးဖျက်ထားချင်ပါတယ်ဆရာ။
၅။ ဆရာ သမီးအသက် ၂၂ ပါ။ အိမ်ထောင်သက်တမ်း ၄ လရှိပြီ။ ပထမ ၂ လက ဆေးသောက်ပါတယ်။ နောက် ၂ လကို ဆေးဖျက်ထားတာ ခုထိကလေးမရသေးပါဘူးဆရာ။
ဖျက်
ကိုယ်ဝန်ဖျက်
ပျက်အောင်ဖျက်
ဖျက်ဆီး၊
ဖျက်ဖြို၊
ဖျက်မှုန်း၊
ဖျက်ဖြုန်း၊
ဖျက်သိမ်း၊
ဖျက်သင်္ဘော၊
ဖျက်ချေ၊
ဖြတ်
ကလေးနို့ဖြတ်
ပြတ်အောင်ဖြတ်သည်
ဖြတ်ကူးတို့
ဖြတ်ချိုင်
ဖြတ်စားလျှပ်စား
ဖြတ်စာ၊
ဖြတ်တမ်းစာ
ဖြတ်ထုံး
ဖြတ်ထိုးဉာဏ်
ဖြတ်မျဉ်း
ဖြတ်ခြင်းလုံး၊
ဖြတ်လမ်းလိုက်
ဖြတ်လှီး
ဖြတ်လှဲသည်
ဖြတ်သန်းသွားလာသည်
ဖြတ်ခြွေ
ဖြတ်နှုန်း
ဖျပ်
လန့်ဖျပ် (ထိတ်လန့်)
ဖျတ်
ဖျတ်ခနဲ
ဖျတ်ဖျတ်လတ်လတ်
ဖျတ်လတ်သည်
အမိန့်အာဏာနဲ့ ဖျက်ထားတာတွေကို ဖြတ်ကြပါစို့။
ဒေါက်တာတင့်ဆွေ
Auspicious quotation မင်္ဂလသုတ်
ကျွန်မကိုယ်ဝန်နဲ့ကတည်းက ဆရာ့ဆီ ခဏခဏ မေးခဲ့ရတာပါရှင့်။ ကိုယ်ဝန် ၂၀ ပတ်နဲ့ အူအတက်ရောင်တုန်းကဆိုရင် ဆရာဖြေပေးတဲ့အတိုင်း ဆင်ခြင်နေပြီး ဆေးရုံ မြန်မြန်သွားလိုက်လို့သာ မခွဲခဲ့ရတာပါ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ဆရာလဲ သက်ရှည်ကျန်းမာပျော်ရွှင်ပါစေရှင့်။ ဆရာ့ post တခုထဲမှာ ရေးထားတဲ့ မင်္ဂလသုတ်ထဲက ယှဉ်ပြိုင်လာသူ အားလုံးကို အနိုင်ရရပါလို၏ဆိုတဲ့ အပိုဒ်ကိုလဲ ခဏခဏ ရွတ်ဖြစ်ပါတယ်။
အခုပဲရတယ်။ သူ့စာထဲက နောက်ဆုံးစာကြောင်းအတိုင်း ကျွန်တော်ရေးခဲ့သလား ဘလော့မှာတင်ထာားတာတွေ လိုက်ရှာ စစ်ပါတယ်။ ယှဉ်ပြိုင်လာသူအားလုံးကို အနိုင်ရရပါလို၏ဆိုတာတော့ မဟုတ်ပါ။
၁၉၉ဝ ခုနှစ်နိုဝင်္ဘာလထဲမှာ ထောက်လှမ်းရေးက ပုလဲအိမ်အထိလာဖမ်းလို့ ထွက်မပြေးခင် မြန်မာပြည်ထဲမှာ ပုန်းနေရတုန်းက ဇာတိရွာဆရာတော်ကနေ ဗလာစာအုပ်ထဲက ဆုတ်ယူထားတဲ့စာရွက်ပေါ်မှာ သူ့လက်ရေးနဲ့ ခဲတံနဲ့ ရေးပေးထားတဲ့ မင်္ဂလသုတ်ထဲကတပိုဒ်ကို ကျွန်တော်ရွတ်ဆိုပါတယ်။ အခုလည်း ညစဉ်နီးပါး ရွတ်ပါတယ်။
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်ရခြင်၊ လာဘ်မရခြင်၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း တည်းဟူသော လောကဓံတရား (၈) ပါးတို့နှင့်တွေ့ကြုံသော်ငြားလည်း၊ ဘုရား၊ ရဟန္တာတို့၏စိတ်သည် တုန်လှုပ်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိ၊ ရမက်လဲမရှိ၊ ဘေးရန်လဲမရှိဖြစ်တော်မူပါပေ၏။ ဤမှန်သောစကားကြောင့့် ရပါလို၏။
အဲဒီအကျိုးတရားကများတယ်။ နိုင်ငံရေးအလုပ်ထဲမှာ ပုဂ္ဂိုလ်ရေးတိုက်တာခိုက်တာတွေ ခံရတိုင်းလည်း တခုပြီးတခု ကျော်လွှားနိုင်ခဲ့တယ်။ ပတ်စ်ပို့အတု၊ နာမည်အတု၊ အဖေအမေနာမည်အတုတွေနဲ့ နိုင်ငံတကာထွက်ခဲ့ရတာ အကြိမ်ပေါင်း မရေမတွက်နိုင်ပါ။ အင်မီဂရေးရှင်းကောင်တာ အဝင်တိုင်း၊ အထွက်တိုင်းမှာ ရွတ်ခဲ့ရတယ်။ ပြဿနာပေါ်လည်း ကျော်နိုင်ခဲ့တယ်။ ဒါကြောင့် ယူအက်စ်အေကိုရောက်တာတာ ဘာထူးသလဲမေးရင် မိဘတွေပေးတဲ့နာမည်နဲ့ လူမျိုးအမည်ကို အမှန်အတိုင်းပြောနိုင်တဲ့ဘဝ ရောက်ပြီလို့ ဖြေပါတယ်။
ဆရာတော်ပျံလွန်တော်မူပြီးလို့သာ အခုလိုထုတ်ရေးနိုင်လာတာပါ။ အခုလည်း ညစဉ်နီးပါး ရွတ်ပါတယ်။ တလောက မြန်မာပြည်ကဆရာတော်တပါးကြွလာစဉ်က လျှောက်ထားရင်း တုန်လှုပ်ခြင်းမရှိအချက်ကအရေးအကြီးဆုံးဖြစ်တယ်လို့ ဖြေပါတယ်။ ကျွန်တော်က ကျော်လွှားနိုင်ရပါလို၏လို့သာ ဆုတောင်းပါတယ်။
ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၆
၂၆-၂-၂ဝ၁၇
၂၉-၁၁-၂ဝ၁၇
Organic Onion မင်းရွာကြက်သွန်
ဆရာ ဒီနှစ်ရွာမှာ ကြက်သွန်တော်တော်ရကြတယ်။ ဈေးလဲရတယ်ပြောတယ်။ အိမ်တိုင်းမှာ ကြက်သွန်ပုံတွေ ချည်းပဲ။ သီးနှံတွေရကြတော့ အားလုံးအဆင်ပြေ ဝမ်းသာရတာပေါ့။
• ကျွန်တော့်ဇာတိရွာ အိမ်ခြေတရာမရှိ၊
• ဒါပေသိ နွေရာသီတိုင်းမှာ ကိုယ့်ကမ္ဘာလို့သာထင်မိ။
• ရွာတောင်ဘက်က ယမားချောင်း၊ ကားမောင်းဘို့ခက်၊
• အုန်းလက်၊ ငှက်ပျောဖက်၊ သစ်ရွက်၊ မြက်၊ လမ်းလုပ်ဖို့အတွက် အိမ်တိုင်းက အင်ဂျင်နီယာထွက်။
• သဲသောင်စပ်တွင်၊ ကြက်သွန်၊ ခရမ်းချဉ်၊ နှစ်စဉ်စိုက်၊
• ဈေးကိုက်တဲ့အခါကိုက်၊ အရင်းစိုက်ရတဲ့အခါစိုက်။
• ရွာမှာဈေးမရှိ၊ အိမ်ဆိုင်လည်းမရှိ၊
• ခေါင်းရွက်သည့်အသယ်၊ ဈေးလည်ရောင်းသူအလာ စောင့်ကြရ၏။
• ခြံထွက်တဲ့ ကွမ်းရွက်၊ အခင်းထွက် အရွက်အသီး၊
• ဝက်မလွတ်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊
• မနီးမဝေး ငါးရက်တဈေး၊ ဈေးလှည့်ရောင်းရ၊ ဈေးလှည့်ဝယ်ရ၏။
• ခြံစည်းရိုးဟိုဘက်မှာ ပြောင်းဖူးခင်း၊
• အိမ်ခေါင်းရင်းက အုန်းပင်၊
• ပင်ထက်မှည့် သင်္ဘောသီး၊
• ဆီးယိုက နှစ်ပေါက်၊ မုန့်လက်ကောက်၊ မုန့်ဆီကျော်၊
• ပဲလှော်ကမျိုးစုံ၊ ဆီဆုံက နှမ်းပတ်ခဲ၊
• အမဲခြောက်ဖုတ်၊ ပေါက်ပေါက်ဆုပ်၊
• ဧည့်သည်လုပ်မလား၊ အိမ်တိုင်းမှာ ကြက်မွေးထား။
• မြို့သားကျွန်တော် ရွာလည်ပြန်သော်၊ ဆရာတော့်ဆွမ်းကျန်စားပြီး စာအံ၊
• ကျောက်တံနဲ့ ကျောက်သင်ပုန်း၊ ဝလုံးကစ၊
• ဂဏန်းက ဆယ့်ခြောက်ဆယ်နှစ်လီထိ အာဂုံဆောင်ရ၊
• တက်ဘလက်ခေတ်ကျမှ အလွတ်ကျက်ရတဲ့ပညာရေး၊ ရှေးကျတယ်လို့သတ်မှတ်ခံရ၊
• ငယ်ကတည်းကစာ ခုထိပြန်အန်လို့ရ၊
• အတွေးက တောဆန်၊ အရေးကလည်း တောသံ၊ ဘာလိုလိုနဲ့ တောမပြန်ရတာကြာပြီကော။ ။
ဒေါက်တာတင့်ဆွေ
၂၉-၁၁-၂ဝ၁၅
၂၉-၁၁-၂ဝ၁၇
ဓါတ်ပုံ = မာန်ဟုန် ဟုန် Kyaw Hlaing Oo
My home မုံရွာ ရတနာပုံကအိမ်
ယခုအခါ ကွယ်ပျောက်သွားတဲ့ ကစားနည်းလို့ ပို့တာ အခုပဲရတယ်။ ကျေးဇူး။
Shartong Ranger Game https://www.facebook.com/rangercabunzky/videos/1730585520285496/
ကျွန်တော်ငယ်ငယ်က ကျည်းသားကစားခဲ့ပါတယ်။ နှစ်နှစ်လောက် စာလေးတပုဒ်ရေးထားတယ်။ မုံရွာ ရတနာပုံကအိမ်။
• ဝါးကပ်ထရံ၊ နံရံလည်းဝါး၊ အသားခင်းအိမ်၊ ကြိမ်ကုလားထိုင်၊
• အိမ်တိုင် မျောသား၊ အင်သား တန်းလျား၊ စားပွဲ သရက်သား၊
• အိမ်နား မြေလမ်း၊ ထန်းပလပ်ခုံ၊ လမ်း ဖုန်ထူ၊ နေပူ၊ လူဝတ်စရာ ချည်ထည်သား၊
• ဝါးယပ်တောင်၊ စက္ကူယပ်တောင်၊ မင်္ဂလာဆောင်ကရ၊ အလှူကရ၊ နာရေးကရ၊
• ရွက်လှပန်းပင်၊ မာလကာပင်၊ ကြံပင်၊ အဖေစိုက်တဲ့အပင်၊ နေ့စဉ် ရေငင်လောင်း၊
• ကျောင်းပြန်ကစား၊ ကျည်းသား၊ အားရင် ဒိုးပစ်၊
• ရွာဖြစ်လက်ဆောင်၊ မပူအောင်သုံး၊ အုန်းဆံ တံမြက်စည်း၊ နှီးဆန်ခါ၊ ဖျာနဲ့ လက်သုပ်၊ မုန့်ဖက်ထုပ်၊ လက်လုပ်ချဉ်၊
• ရေငင် ပွဲ့လျက် (ပွဲ့ညှက်) သုတ်ပုံး၊ ထုံးနဲ့ ကွမ်းရွက်၊ ပြောင်းဖူးဖက်လိပ်၊
•အရိပ်အငွေ့၊ အမေ့အိမ်ဓလေ့၊ လွန်ချမ်းမြေ့၊ အကျွန် အလွန်အောက်မေ့။     ။
ကျည်းသား ကစားခဲ့ပါတယ်။ ဆော့တယ်လို့ မပြောပါ။ စည်းစနစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၇-၃-၂ဝ၁၅
၂၉-၁၁-၂ဝ၁၇
One Thousand and One Nights တထောင့်တည ပုံပြင်များ
မနေ့က ကျောင်းမှာ ဖတ်စာသင်တယ်။ အာရေးဗီးယားပုံပြင်တွေထဲက တပုဒ်။ တထောင့်တညပုံပြင်တွေထဲကပါ။ ကျောင်းသားအားလုံးလိုလိုက တထောင့်တညကို မသိကြပါ။ မြန်မာပြည်ကကျောင်းသူကျောင်းသားတွေသာမက စပိန်စကားပြောတွေလည်း မသိကြ။ အာရတ်စကေားပြောတွေကလည်း သိပုံမရ။ ပုံပြင်ထဲက လူအမည်တွေကိုတော့ သူတို့က အသံထွက်မှန်တာပြောပြကြတယ်။ ပုံပြင်ဖတ်ပြတဲ့ အမေရိကန်ဆရာမက အင်္ဂလိပ်သံနဲ့သာထွက်တတ်တယ်။
အရင်က မေးလို့ရေးထားတယ်။ မင်္ဂလာပါ ဆရာရှင့်။ တထောင့်တညပုံပြင်ဆိုတာ ဘာကိုဆိုလိုတာလဲ သိပါရစေရှင့်။
တထောင့်တညပုံပြင်ဆိုတာ ရှေးဟောင်းရိုးရာပုံပြင်တွေဖြစ်တယ်။ တထောင့်တည ဘယ်ကစဆိုတာ စိတ်ဝင်စားရာ စာပေ ပဟေဠိဖြစ်တယ်။ အရှေ့အလယ်ပိုင်းကလာတယ်လို့ အများစုကလက်ခံထားတယ်။ အစ္စလမ်ဘာသာရွှေခေတ်က အာရတ်ပုံပြင်တွေဖြစ်တယ်။ အာရတ်၊ ပါရှား၊ မက်ဆိုပိုတေးမီးယား၊ အန္ဒိယနဲ့ အီဂျစ်ရိုးရာပုံပြင်တွေ ရောနေတယ်။
ရှာရာလာ စုလတန်နဲ့ ရှက်ဟီဒါဇာဒီတို့ကို အဓိကထားပြီး ဇာတ်လမ်းဆင်ထားတယ်။ သူ့မိဖုရားကြီး ဖေါက်ပြန်တာသိတော့ သတ်တယ်။ အဲဒီအချိန်ကစပြီး တညမှာ မိန်းမတယောက်ယူတယ်။ အဲဒီမိန်းမတွေက ဖေါက်ပြားချိန်မရအောင် မနက်လင်းတာနဲ့ သတ်လိုက်တယ်။ ရှက်ဟီဒါဇာဒီဆိုတဲ့အမျိုးသမီးက အဲလိုမိန်းမတွေ တနေ့တယောက် အသတ်ခံနေရတာကို အဆုံးသတ်ချင်တယ်။ သူကိုယ်တိုင် ဘုရင့်မိန်းမအဖြစ်လက်ခံပြီး၊ သူ့ညီမလေးကိုပါ ခေါ်လာခွင့် တောင်းတယ်။ သူတို့က အမတ်ချုပ်ကြီးရဲ့သမီးတွေပါ။ ညီမလေးနဲ့သူ ညတိုင်းပုံပြင်တပုဒ်ကျ စူလ်တန်ကြီးကိုပြောပြတယ်။ ပုံပြင်ကို ဇာတ်ရှိန်တက်နေချိန်မှာ ရပ်ထားလိုက်ပြီး နောက်ညမှဆက်ပြောမယ်လို့ စူလ်တန်ကိုလျှောက်တယ်။ ပုံပြင်ကို စိတ်ဝင်စားလို့ နောက်နေ့မနက်မှာ မသတ်သေးဘဲ စောင့်တယ်။ ပုံတပုဒ်ပြီးတော့ နောက်တပုဒ်လာတယ်။ အဲလိုနဲ့ ညပေါင်းတထောင့်တည ကြာသွားပါသတဲ့။
ကျွန်တော် ငယ်ကတည်းက သခင်ဘသောင်းဘာသာပြန်တာ ဖတ်ဖူးတယ်။ သခင်ဘသောင်းဟာ လူလေးစားခြင်းခံရတဲ့ စာရေးဆရာတဦးဖြစ်တဲ့အပြင် ပဌမဆုံးသခင်အမည်ခံသူဖြစ်ပါတယ်။ သခင်ဘသောင်းရေးသားခဲ့တဲ့ ထင်ရှားတဲ့ စာအုပ်တွေကတော့ ပန်းသာမစာဥ၊ တထောင့်တည၊ ဗုဒ္ဓ၏စကြာဝဠာတရား၊ ဆရာဝန်ပါပဲ၊ တိုင်းပြည့်ရန်သူ၊ ခြေလေးချောင်းတော်လှန်ရေး၊ အမေလေး၊ သူခိုးအာမတ်၊ ကမ္ဘာ့ရာဇဝင်ချုပ်၊ ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်။
နာမည်ကြီးပုံပြင်တွေဖြစ်တဲ့ အာလာဒင်နှင့် မီးခွက်စောင်နတ်၊ အလီဘာဘာနှင့် ခိုးသားလေးတယ်၊ သဘောင်္ာသား ဆင်းဘတ်ပုံပြင်တွေက တထောင်တညထဲကမဟုတ်ကြပါ။ အာရေဗျညများလို့လည်းခေါ်တယ်။ ဘာသာပေါင်းများစွာ၊ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထုတ်ဝေထားပြီး ဖြစ်တယ်။
အခု သခင်ဘသောင်းရေးသားခဲ့တဲ့စာအုပ်တွေကို ပြန်ပြီးထုတ်ဝေကြတယ်။ ဒါပေမယ့် မူရင်းသတ်ပုံတွေနဲ့ မဟုတ်တော့ပါ။ အဖုံးကအစ တစ်ထောင့်တစ်ညဖြစ်နေတယ်။ သခင်ဘသောင်းရေးသားခဲ့တဲ့ ဘာသာပြန်သူတဦး၏ အတွေ့အကြုံနှင့် ထင်မြင်ချက်များမှာ သည်လိုသတ်ပုံတွေသာ ပါတယ်။ တစ်မဟုတ်ပါ။ အသက်မွေးမှုအတတ်ပညာတခုဖြစ်သည်၊ အခြားတနည်းတလမ်းဖြင့်၊ တဘာသာမှတဘာသာသို့ပြန်ရာတွင်၊ ထို့ပြင် တခါတရံပါဠိလို၊ တခါတရံတွင်၊ တမျိုးတည်းသာ၊ စကားလုံးတလုံးကို၊ ဥပဒေသတခုဖြစ်သည်ကို။
အစိုးရပြောင်းလို့ သတ်ပုံတွေ ပြောင်းထုတ်တာ မြန်မာတနိုင်ငံတည်းသာရှိတယ်။ ကိုယ့်စာကိုယ်ကြိုက်သလိုရေးတာ မပြောလိုပါ။ မူရင်းစာတွေကို ပြင်ထုတ်တာ စော်ကားတာဖြစ်တယ်။ တစ်ထောင့်တစ်ညစာအုပ်အဖုံးပုံလာတင်ရင်တော့ ဖျက်ပါမယ်။ ဆောရီး။
ဒေါက်တာတင့်ဆွေ
၂-၁ဝ-၂ဝ၁၇
၂၉-၁၁-၂ဝ၁၇
Melasma တင်းတိပ်
အင်္ဂလိပ်စာလုံးလေးတွေပါတယ်။ ဆောရီး။ မဖတ်လိုသူတွေက ကျော်ဖတ်လို့ ရပါတယ်။ ရောဂါအမည်တွေနဲ့ ဆေးအမည်တွေကို မူရင်းစာလုံးနဲ့သာရေးမှသာ မှန်ကန်မယ်။
၁။ ဆရာမင်္ဂလာပါရှင့် ဒီဆေးလေးတွေပြကြည့်ချင်ပါတယ်။ မျက်နှာမှာတင်းတိပ်လိုအမည်းစက်တွေပေါ်နေတာရယ် အဖုသေးလေးတွေပေါက်တာရယ်ကြောင့် ဆေးခန်းပြတော့ ဆရာဝန်တဦးညွှန်တာပါရှင့်။ အသက်က ၃၁ထဲမှာ အိမ်ထောင်မရှိသူပါ။ မျက်နှာမှာအမည်းစက်ကပေါ်တာ ငယ်ငယ် ၁၀ကျော်သက်အရွယ်ကပါ။ စပေါ်စနည်းလို့ သတိမထားရာကနေ ခုပွားလာလို့ပါဆရာရှင့်။ မေးစေ့ကနေပါးစပ်နားတဝိုက်စပေါ်လာတာပါ ကျေးဇူးပြုဖြေပေးပါဆရာ။
၂။ ဆရာရှင့်ကျမ အသက် ၃၅ နှစ်ပါ။ ကျမ လွန်ခဲ့တဲ့ ၈ နှစ်၊ သားဦးကိုယ်ဝန်ဆောင်ထားချိန်မှာ ကျမရဲ့ ပါးနှစ်ဖက်မှာ တင်းတိတ်ထွက်လာတာ ပေါ်လိုက်ပျောက်လိုက်ပါဘဲ။ ကျမကရွှေပြည်နန်းသနပ်ခါး တစ်မျိုးဘဲ အမြဲလိမ်းပါတယ်။ ကျန်တာဘာဆိုဘာမှ မလိမ်းပါဘူး။ တခြားတခုခုကိုလိမ်းမိရင်လည်း အဖုလေးတွေထွက်လာတတ်လို့မလိမ်းပါဘူး။ ယခု လုပ်ငန်းခွင်သွားရတော့ ပါးပေါ်ကတင်းတိတ်တွေက ပိုမဲပြီးပေါ်လာပါတယ်။ ဘယ်လိုပျောက်အောင်လုပ်သင့်ပါသလဲဆရာ။
၃။ ဆရာ မင်္ဂလာပါရှင့် သမီးအသက် (၄၀)ပြည့်တော့ပါမယ်ရှင့်။ မျက်နှာမှာတင်းတိတ်တွေ ထွက်လာပါတယ်ရှင့်။ ဘာဆေးသောက်/လိမ်းရမလဲရှင့်။
၎။ ဆရာ မင်္ဂလာပါရှင် ကျွန်မ အသက်၊ ၄၆ နှစ်ပါ။ မန္တလေး မြို့ကပါ။ မျက်နှာမှာ တင်းတိတ်ကျလာတာ ပိုပိုများ လာပါတယ်ဆရာ။ သူများပြောတဲ့လိမ်းဆေးများ ကြော်ငြာလိမ်းဆေးများ လိမ်းတာ ပိုများလာပါတယ်။ အရင်တခါ ဆရာ့အား မေးမြန်းဘူးပါတယ်။ ဆရာမှ Melasma တင်းတိတ် ဘလော့မှာဖတ်ရန် ညွှန်ကြား၍ ဖတ်သော်လည်း အင်္ဂလိပ်စာနှင့်ဆေးများကို သေချာစွာဖတ်ရှုနိုင်ခြင်းမရှိပါ။ သို့ပါ၍ လိမ်းဆေး သောက်ဆေးများကို ညွှန်ကြား ကူညီပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်စွာဖြင့်။
အရေပြားမှာ အရောင်ရင့် အစက်-အကွက်တွေ ဖြစ်လာတာကို Hyperpigmentation လို့ခေါ်တယ်။ ဒီလို ဖြစ်တာတွေ ထဲမှာ မှဲ့ခြောက်၊ တင်းတိပ်စသဖြင့်ပါတယ်။ အရုပ်ဆိုးအကျဉ်းတန်တာကလွဲရင် ဒုက္ခမပေးပါ။ ဖြစ်တဲ့နေရာမှာ အရောင်က လိုတာထက် ပိုရင့်နေတာပါ။ ဘာမဆို ပိုမကောင်း၊ လိုမကောင်းတာချည်းပဲ။ Melasma (Chloasma faciei) ဆိုတာကို တင်းတိပ်လို့ ပြောရမယ်။
Melanin (မယ်လနင်) ဆိုတာ အရေပြားကို အရောင်လုပ်ပေးထားတဲ့ ဆိုးဆေးပါ။ အသားညို၊ အသားမဲသူတွေမှာ သူကများနေတယ်။ အသားမဖြူသူတွေက ပိုကံကောင်းကြတယ်။ (မယ်လနင်) ကနေ နေရောင်ထဲပါတဲ့ ခရမ်းလွန်-ရောင်ခြည်ရန်က အကာကွယ်ပေးနေတယ်။ အဖြူမတွေ Tan ဖြစ်အောင် အဝတ်အစားတွေ ချွတ်နိုင်သလောက် ချွတ်ပြီး နေရောင်ခြည်ချိုးနေကြရတယ် မဟုတ်လား။ (မယ်လနင်) က ဗက်တီးရီးယားနဲ့ မှိုပိုးကနေ အကာကွယ်တယ်။ အပူဒဏ်၊ ဓါတုဒဏ်တွေကနေလဲ ကာကွယ်မှုပေးတာမို့ ခုခံမှုစနစ်ရဲ့ အပြင်ဆုံးခံတပ်လို့ ပြောနိုင်တယ်။ သူက ဆံပင်မှာလဲ ရှိတယ်။ (အဒြီနယ်-ဂလင်း) နဲ့ ဦးနှောက်ထဲမှာပါ ရှိတယ်။ Melanin မရှိသူတွေကို Albinism လူဖြူလို့ ခေါ်တယ်။ တကိုယ်လုံး အသားအရေ၊ ဆံပင်၊ မျက်လုံး၊ အားလုံး ဖြူဖွေးနေတဲ့သူတွေ။ မျိုးဗီဇပြဿနာတခုပါ။
အရေပြားမှာ အစက်အပျောက်ဖြစ်တာ တရားခံနံပါတ်တစ်က နေရောင်ပါ။ UV rays ခရမ်းလွန်ရောင်ခြည်က ဖြစ်စေတာပါ။ ရောင်ရမ်းတာက နောက်အကြောင်းတရား။ ထိခိုက်၊ အနာဖြစ်၊ အပူလောင်၊ ဝက်ခြံပေါက်၊ နှင်းခူနာဖြစ်၊ Psoriasis လို အရေပြားနာ စတာတွေကြောင့်က တိုက်ရိုက်ဖြစ်ရတာမဟုတ်ဘဲ အနာကျက်ဘို့လုပ်ရင်း အညိုကွက်တွေ ဖြစ်လာတယ်။ တခြားလဲ ရှိနိုင်သေးပါတယ်။ Addison’s disease ဆိုတဲ့ Adrenal gland (အဒရီနယ်) အိတ် အားနည်းတဲ့ရောဂါမှာ ဖြစ်တယ်။ လည်ပင်ကြီးရောဂါရှိသူတွေမှာ ၄ ဆ ပို ဖြစ်ကြတယ်။
အမျိုးသမီးတွေမှာ သိသိသာသာ ၉ဝ% အဖြစ်များတယ်။ ဟော်မုန်းက အဓိကကျလို့ပါ။ အမျိုးသမီးတွေမှာ အပြောင်းအလဲက လအစ၊ လအလယ်၊ လအဆုံး၊ အမြဲပြောင်းလဲနေတယ်။ ကိုယ်ဝန်တားဆေးတွေက ဟော်မုန်းတွေ ချည်းဘဲ။ အပျိုဘော်မဝင်သေးရင် အဖြစ်နည်းတယ်။ အိမ်ထောင်ကျ၊ ကိုယ်ဝန်ဆောင်၊ ကလေးဖွါး၊ သွေးဆုံး ဟော်မုန်းတွေ ပြောင်းလဲ မဆုံးပါ။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးကို မျက်နှာမြင်တာနဲ့ (မွေးတာ မဟုတ်သေးပါ) သိသာတယ်။ ကိုယ်ဝန်နဲ့အတူ အဲလိုဖြစ်လာတာကို Chloasma လို့ ခေါ်တယ်။ ကိုယ်ဝန်ဆောင်တို့ရဲ့ မျက်နှာဖုံးလို့ ခေါ်ကြတယ်။ အလှအပ အသုံးအဆောင်တွေကလဲ အဆင်မသင့်ရင် ဖြစ်နိုင်တယ်။ မျိုးရိုးကိုလဲ ၃ဝ% အပြစ်ရှာနိုင်ပါသေးတယ်။
ဒီရောဂါဟုတ်-မဟုတ် Wood lamp နဲ့ စမ်းရင် သိတယ်။ အမှန်အတိုင်း ဝန်ခံရရင် ပျောက်ဘို့ ခက်ပါတယ်။ ဖြစ်လာတာလဲ ဖြေးဖြေး၊ ပျောက်ဘို့ရာလဲနှေးနှေး။ ကြာပါလိမ့်မယ်။ မပျောက်တော့တာလဲ ရှိသလို ပြန်ပေါ်တာလဲ ရှိမယ်။ ကိုယ်ဝန်ကြောင့် ဖြစ်သူတွေ မွေးအပြီးမှာ သက်သာပျောက်ကင်း သွားတတ်ပါတယ်။ တားဆေးကြောင့်၊ ဟော်မုန်းဆေးကြောင့် ဖြစ်ရသူတွေလဲ အဲလိုပါဘဲ။
တင်းတိပ်ကိုကုသဘို့ အများဆုံးသုံးတာက လိမ်းဆေးနည်း၊ ဓါတုဆေးနဲ့ အပေါ်ယံခွာထုတ်နည်း၊ အနုနည်းနဲ့ အပေါ်ယံခွါနည်းနဲ့ လေဆာနည်းတွေ ဖြစ်ကြတယ်။ လေဆာဟာ ဦးစားပေးနည်း မဟုတ်ပါ။
တင်းတိတ်ကုသနည်း အချုပ်
• ဟော်မုန်းပါကိုယ်ဝန်တားဆေးဖြတ်ပါ။
• နေရောင်ကိုတသက်လုံးကာကွယ်ပါ။ ထီးနဲ့ မျက်နှာတခုလုံးနေလုံတဲ့ဦးထုပ်။
• SPF 50+ sunscreen နေရာင်ကာအပြင်းစားကို နေ့စဉ်သုံးပါ။ နွေနေရောင်နဲ့တွေ့ရင် ၂ နာရီတခါလိမ်းပါ။ နေရောင်ကာပါတဲ့မိတ်ကပ်လည်းသုံးနိုင်တယ်။
• မျက်နှာသန့်ဆေး အပျော့စားသုံးပါ။
• အရေပြားကခြောက်တဲ့အမျိုးအစားဆိုရင် light moisturizer အပျော့စားသုံးပါ။
Topical therapy လိမ်းဆေးများ
• (Hydroquinone + tretinoin + topical steroid) ဆေး ၃ မျိုးရောထားတာက အထိရောက်ဆုံးဖြစ်တယ်။ 2% Hydroquinone (HQ) creams ကိုအများဆုံးသုံးတယ်။ ဆေးနာမည်တွေက Esoterica နဲ့ Porcelana ဖြစ်တယ်။ Obagi Clear, Glyquin, Tri-Luma နဲ့ Solaquin တွေက 4% creams ဖြစ်တယ်။ အရောင်ရင့်တဲ့ နေရာကို တနေ့ ၂ ကြိမ် လိမ်းရတယ်။ ညနေခင်းမှာ ဆေးပေါ်ကနေ Sunscreen လိမ်းသင့်တယ်။ ဒီဆေးနည်းက Epidermal type အမျိုးအစား ပိုကောင်းတယ်။
• Ascorbic acid ဗီတာမင်စီလည်းသောက်ပါ။ အထောက်အကူရမယ်။
• Azelaic acid (Azelex, Finacea) ဖြစ်တယ်။ 15%-20% ကိုသုံးတယ်။ ယားနာ၊ နီတာ၊ အပေါ်ရေကွာတာ လောက်သာ ဘေးထွက်-ဆိုးကျိုးရှိတယ်။ ၁၄-၃ဝ ရက်အကြာမှာ သက်သာလာမယ်။ Azelaic acid cream, lotion or gel ကိုယ်ဝန်ဆောင်နေရင် တနေ့ ၂ ကြိမ်လိမ်းပါ။
• Cryotherapy, Medium-depth chemical peels, Fraxel Laser treatment တွေနဲ့ကုတာ ဘာဖြစ်လာမလဲ အမှန်းရ မလွယ်လှပါ။ ဆရာဝန် တော်ဘို့လိုတယ်။ လူနာလဲ ကံကောင်းဘို့လိုတယ်။
• Fluocinolone Acetonide ဆေးကတော့ (ကော်တီကိုစတီရွိုက်) ဖြစ်တယ်။ အရောင်လျှောစေမယ်၊ ယားတာ သက်သာမယ်၊ သွေးကြောတွေကျဉ်းစေမယ်။ ဆေးတွေနဲ့မတည့်သူ၊ မျက်စိမှာ ဗိုင်းရပ်စ်ဝင်နေသူ၊ herpes simplex keratitis, vaccinia, and varicella, mycobacterial infections မျက်စိရောဂါတွေကို မသုံးရပါ။ တနေ့မှာ ၂-၄ ကြိမ်လိမ်းပါ။ ၃-၆ လအထိကြာနိုင်တယ်။ နောက်ပိုင်းမှာ တပတ် ၃ ကြိမ်သာလိမ်းခိုင်းတယ်။ မျက်နှာ၊ ပေါင်ခြံ၊ ချိုင်းနေရာတွေဆိုရင် ဆရာဝန်ကမညွှန်ဘဲ မလိမ်းသင့်ပါ။ မျက်စိထဲမဝင်စေရ။ ဆေးအထူကြီး မလိမ်းရ။ လိုအပ်ရင် ဆေးလိမ်းပြီး အပေါ်ကဖုံးထားရမယ်။ Fluocinolone acetonide/Hydroquinone/Tretinoin ခေါ်တဲ့ဆေး ၃ မျိုးတွဲလိမ်းဆေးကို Tri-Luma, Triglow နာမည်တွေနဲ့လာတယ်။ Melasma တင်းတိတ်အတွက်သုံးတယ်။
• Hydroquinone (HQ) 2-4% ကို အများသဘောတူထားတယ်။ (Alphaquin HP, Alustra, Eldopaque, Eldopaque Forte, Eldoquin, Eldoquin Forte, Esoterica, Esoterica Sensitive Skin, Glyquin, Glyquin-XM, Lustra, Melanex, Melanol, Melpaque HP, Melquin HP, Melquin-3, Nuquin HP, Solaquin, Solaquin Forte, Viquin Forte) နာမည်တွေနဲ့လာတယ်။ ဂရုတစိုက်တော့ လိမ်းရပါမယ်။ အရေပြားချွတ်ဆေးလို့ ခေါ်ကြတယ်။ ဆေးဖြတ်လိုက်ရင် နဂိုသဘောပြန်ဖြစ်ပါတယ်။ Hydroquinone 2–4% cream or lotion ညအချိန်လိမ်းပါ။ ၂-၄ လ။ ၂၅% မှာ အရေပြားပါးတာဖြစ်လာတတ်တယ်။ အပြင်းစားကို တာရှည်မသုံးသင့်ပါ။
• Kligman formula ဆိုတာ (Fluocinolone acetonide 0.01% + Hydroquinone 8% + Tretinoin 0.1%) ဖြစ်တယ်။ (SPF) နေ့စဉ် နေရောင်ကာကွယ်နည်းဖြစ်တယ်။ ဖြစ်နေတဲ့နေရာကို Zinc oxide နဲ့ Titanium dioxide ဆေးတွေနဲ့ဖုံးပေးပြီး နေရောင်ထဲက UV rays (UV-A and UV-B) ကို ကာကွယ်ပေးတယ်။ Kojic acid or kojic acid dipalmitate ကိုလည်းသုံးနိုင်တယ်။
• Methimazole (antithyroid drug) cream ကိုလည်းသုံးနိုင်တယ်။
• Salicylic acid လိမ်းနိုင်တယ်။
• Soybean extract ပဲပုပ်ကနေထုတ်တဲ့ဆေးလည်းသုံးနိုင်တယ်။
• Topical alpha hydroxyacids လိမ်းနိုင်တယ်။
• Topical corticosteroids such as hydrocortisone ဆေးလိမ်းနိုင်တယ်။ ဘေးထွက်ဆိုးကျိုးသတိထားရမယ်။
• Topical retinoids (tretinoin) လိမ်းနိုင်တယ်။
• Tranexamic acid cream လိမ်းနိုင်တယ်။
• Tretinoin (Avita, Retin-A) 0.025%, 0.05% 0.1% cream; 0.01%, 0.025%, 0.1% gel; 0.05% solution ခရင်မ်၊ ဂျဲလ်၊ အရည်။ ဗီတာမင် (အေ) ပါတယ်။ နေလောင်လို့ အရေပြားပျက်စီးတာကို သက်သာစေမယ်။ ဝက်ခြံအတွက်လဲ သုံးတယ်။ အရေးအကြောင်းတွေလဲ သက်သာစေတယ်။ အရေပြား အနေရခက်ပြီး ကွာကျတတ်တယ်။ ဆိုးတဲ့ တင်းတိပ်ကို HQ % များများနဲ့ Tretinoin + Corticosteroids + Glycolic acid တွေရောထားတဲ့ဆေးမျိုး သုံးနိုင်တယ်။
• Tri-Luma ဆေး ၃ မျိုးတွဲဆိုတာ (Fluocinolone acetonide 0.01% + Hydroquinone 4% + Tretinoin 0.05%) ၃ မျိုး ရောထားတာဖြစ်တယ်။ ၆-၈ ပါတ်အထိသုံးရတာများတယ်။ ဆရာဝန်က မခိုင်းဘဲ ဒိထက်တော့ ပိုမသုံးသင့်ဘူး။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ မသုံးသင့်ပါ။ (Hydroquinone 4%, Tretinoin 0.05%, and fluocinolone acetonide 0.01%) ၃ မျိုးတွဲလိမ်းဆေး တနေ့ ၂ ကြိမ်လိမ်းရတယ်။ FDA ကနေ လက်ခံတားတယ်။ Tyrosinase inhibitors ဆေးအမျိုးအစားကအဓိကကျတယ်။
1. Age Spots အသက် နဲ့ အစက် https://doctortintswe.blogspot.com/2017/04/age-spots.html
2. Mask of pregnancy ကိုယ်ဝန်ဆောင်နဲ့ တင်းတိပ် https://doctortintswe.blogspot.com/2014/12/mask-of-pregnancy.html
3. Skin Problems အရေပြားမှာ အဖြစ်များတာတွေ https://doctortintswe.blogspot.com/2014/11/skin-problems.html
4. Tri-Luma ထရွိုင်လူမာဆေး https://doctortintswe.blogspot.com/2015/06/tri-luma.html
မပျောက်နိုင်သူတွေ သိကြပါ။ ဟောလိဝုဒ်ကမင်းသမီးတချို့မှာ တင်းတိတ်တွေနဲ့။
Dr. တင့်ဆွေ
Nutrition for women အမျိုးသမီးများအတွက်အာဟာရ
၁။ Workout လုပ်သူများအတွက် အဟာရဖြစ်စေမယ့် အစားအစာ - မင်္ဂလာပါ ဆရာရှင့်။ သမီးက ကုမ္ပဏီဝန်ထမ်းပါ။ မနက်ဆိုရင် ၆နာရီကျော်လောက် ထရပြီး မနက်စာကို ကတိုက်ကရိုက်စားရပါတယ်။ အများဆုံးစားဖြစ်တာကတော့ ထမင်းကြော်နဲ့ ညကဟင်းအကျန်ပြန်နွှေးထားတာမျိုးပါ။ တခါတလေ လက်ဖက်သုပ်လိုမျိုးတို့ အသုပ်စုံတို့ စားပါတယ် ဆရာ။ နေ့လည်ပိုင်းကတော့ ထမင်းဗူးဖွင့်ပြီး ကိုယ့်ဟင်း သူများဟင်း ရုံးမှာစုစားကြပါတယ်။ ရုံးက ညနေ ၅နာရီခွဲ ဆင်းတာဆိုပေမယ့် ၆နာရီလောက်မှ အလုပ်ဆင်းဖြစ်ပါတယ်။ ၇နာရီလောက်ဆိုရင် Gym ကို ရောက်ပါတယ်။ ၈နာရီခွဲလောက်ထိ ဆော့ပြီး အိမ်ကိုပြန်ရောက်ရင် ၉နာရီ ကျော်ပါပြီ။ အိပ်ချိန်နဲ့ကပ်နေလို့ သမီး ညစာမစားဖြစ်ပါဘူး။ ခုနောက်ပိုင်းမှာ သမီးခေါင်းခဏခဏမူးလာတယ်ဆရာ၊ တခါတလေဆို အန်ပါတယ်။ ဆော့နေရင်းနဲ့လဲ အားကုန်နေသလိုမျိုး ခံစားရတယ်။
မဖြေခင် ခဏခဏပြောရသလို ဆော့စကားလုံးကိုပြောပါမယ်။ ကစားတာနဲ့ ဆော့တာ မတူပါ။ ဆော့တာက အစီအစဉ်မရှိ သတ်မှတ်ချက်မရှိ အချိန်ရတိုင်း ကလေးတွေဆော့တာမှာသာသုံးရတယ်။ ဂျင်မ်ထဲမှာ လေ့ကျင့်တာမျိုးလို နည်းရော အချိန်ပါ စနစ်တကျလုပ်ရတာကို ကစားတယ်လို့သုံးရပါတယ်။ မှားရေးနေသူတွေ များတယ်။ ဝန်ကြီးဌာနအမည်တောင် အဆော့ရေးရာဝန်ကြီးဌာနလို့ ပြောင်းမလားမသိ။
၂။ မင်္ဂလာပါဆရာရှင့်။ အသက် ၃၂နှစ် မ၊ အပျိုပါ။ ခြေကျင်းဝတ်နဲ့ ခြေဖ၀ါးတွေ ညောင်းညာကိုက်ခဲထုံကျင်ဝေဒနာ တနှစ်လောက်ရှိပါပြီ။ နှိပ်တာလည်း မသက်သာပါဘူး။ ခြေဖ၀ါးတွေက နာလို့ အုန်းမှုတ်ခွက်လိုမျိုးလည်းနင်းပါတယ်။ ခြေထောက် နင်းတဲ့အနှိပ်ဖုလည်းနင်းပါတယ်။ ဒါပေမဲ့ မသက်သာဘူး။ ညဘက် အိပ်ရာထဲမှာလှဲရင် ခြေဖ၀ါးတွေက အပ်စူးသလိုဖြစ်ပြီး ကျင်တယ်ရှင့်။ အခုဘီဝမ်းသောက်ပါတယ်။ မသိသာသေးဘူး။  ဘားပလက်နဲ့ မယ်ဇလွန် နဲ့ တော့ မတည့်ဘူး။ ငယ်ငယ်တည်းက အကြောတက် အရိုးပျော့ပါတယ်။ ၁၀ နှစ်လောက်ထိ ဒူးနဲ့တံတောင်ဆစ်မှာ ကြာဆူးတွေရှိခဲ့တယ်။ အခု မျက်လုံး ကလည်း ပါဝါခဏခဏပြောင်းပါတယ်။ အမဲသားကလွဲ၍ အကုန်စားပါတယ်။ လူက ပေါင် ၁၃၀ အရပ်က ၅ ပေ၊ လူသာ ၀ပြီး အာဟာရချို့တဲ့သလိုဖြစ်နေတယ်။ 
၃။ ဆရာရှင့် ကျမ ကလေးနို့တိုက်မိခင်ပါ။ ကလေးက ၁လရှိပါပြီ။ ကျမအရွက်လုံးဝမစားပါဘူးရှင့် အသားတော့စားပါတယ်။ အရွက်မစားတဲ့အတွက် နို့ထဲမှာ ကဘေလးအတွက်လိုအပ်တဲ့ အဟာရချို့တဲ့နိုင်ပါသလားရှင့်။ အကယ်၍ ချို့တဲ့တယ်ဆိုလျှင် လိုအပ်တဲ့အဟာရကို အခြားဘယ်နည်းနဲ့ ဖြည့်ပေးနိုင်ပါသလဲရှင့်။
လူဆိုတာ အစုံစားသတ္တဝါဖြစ်တယ်။ အသီး + အရွက်တွေကနေ အများဆုံးရတာက ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ ဖြစ်တယ်။ အသီးအရွက်မစားသူတွေက အဲတာတွေကို ဆေးအဖြစ်သောက်နေရမယ်။
၎။ ဆရာရှင့် ရိုသေစွာမေးပါရစေ။ သမီး ဥပုသ်စောင့်တာက ၃ လလောက်ရှိပါပြီ။ သမီးမှာ မနှစ်ကတော့ ပိုတက်စီယမ် လျော့နည်းလို့ ဆေးရုံတက်ရဖူးပါတယ်။ မွေးရာပါ အရိုးအသားတွေ ပျော့ပါတယ်။ ငယ်ငယ်က တော့ ကြာဆူးအတွေကြီးပေါက်တယ်။ အကြောတက်ပါတယ်။ အခုက ဘယ်ဘက် ခြေထောက် ခြေဖ၀ါး ထုံကျင်နာလို့ ဆရာဝန်က neobest fitfree ဆေး ၂မျိုး ညဘက် သောက်ခိုင်းလို့သောက်တာ နောက်နေ့မနက်ကျ အရမ်းမူးလို့ fitfre မသောက်တော့ဘဲ ကယ်စီဗိုက်တာ ဖိုတီနဲ့ neobion အနီသောက်ပါတယ်။ ညဘက်အိပ်ခါနီး သောက်ခိုင်းလို့ သောက်တော့ ဥပုသ်နဲ့သောက်လို့လား မသိဘူး၊ အစာအိမ်က လေချဉ်တက်ပြီး ရင်ထဲက မအီမသာဖြစ်ပါတယ်။ တနေ့ကတော့ အန်ပြီး ဝမ်းသွားတာ ဒီနေ့ပါဆို ၃ ရက်ပါ။ အစားဝင်တာနဲ့ တန်းပြီးအန်တယ်။ ဝမ်းသွားပါတယ်။ နယ်မှာရိပ်သာဝင်နေတာ။ မနေ့က ပိုးသတ်ဆေးနဲ့ Multivitamin ချိတ်ပေးတာ၊ ချိတ်နေရင်း သွင်းတဲ့လက်က အေးစက်နေပြီး ချောင်းဆိုးချွဲကြပ်လာလို့ လက် ၃ လုံးပဲ သွင်းတာရပါတယ်ရှင့်။ လူက အားမရှိဘူး။ ပင်ပမ်း နုံးချိနေပါတယ်ဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါဦးနော်။ စာကရှည်သွားလို့ခွှင့်လွှတ်ပါ။ ကျေးဇူးတင်လျက်။ အသက် ၃၁ ရှိပါပြီ။ အစားလည်းမစားနိုင်ဘဲ မအီမသာ ဖြစ်နေပါတယ်။
အသက်က နောက်ဆုံးမှရေးလို့ ပြန်ဖတ်ရတယ်။ ဥပုပ်ကို ဥပုသ်၊ ပီကို ပြီ၊ ပီးကို ပြီးနဲ့ ပင်ပမ်းကို ပင်ပန်းလို့ ပြင်လိုက်ပါတယ်။
အစားအစာဆိုတာ လုံလောက် + မျှတရတယ်။ လုံလောက်ဆိုတာ အပျိုတုံးကတမျိုး၊ ကိုယ်ဝန်ဆောင်မှာတမျိုး။ နို့တိုက်ချိန်မှာတမျိုး။ ပရိုတင်း (ပဲ + အသား-ငါး-ဥ) + အရွက် + အသီး + အဆီ + ဓါတ်ဆား + ရေ အကုန်ပါနေမှသာ ပြည့်စုံတယ်။ မျှတဆိုတာ အစားအစာတမယ်တည်း မစားရမပါ။ မလုံလောက်ရင်၊ ဆေးကူရမယ်။
လူ့ခန္ဓာကိုယ်ကို ရေ၊ (အမိုင်နိုအက်စစ်)၊ (ဖက်တီးအက်စစ်)၊ (နူးကလီးရစ်အက်စစ်)၊ သကြား၊ (ဖိုင်ဗာ) တွေ ဖြစ်တဲ့ (ကာဗွန်ဟိုက်ဒရိတ်) စသဖြင့် တည်ဆောက်ထားတယ်။ (ကာဗွန်)၊ (ဟိုဒရိုဂျင်)၊ (အောက်စီဂျင်)၊ (နိုက်ထရိုဂျင်)၊ (ဖေါ့စ်ဖါးရပ်စ်)၊ သံဓါတ်၊ သွပ်ဓါတ် စတဲ့ဓါတ်တွေပါဝင်တယ်။ စုပေါင်းပြီး (ဟော်မုန်း)၊ (ဗီတာမင်) စတာတွေ ဖြစ်လာတယ်။ စားလိုက်တဲ့ အစားအစာတွေကို အစာခြေစနစ်ကနေ သွေးထဲရောက်အောင် စုပ်ယူနိုင်တဲ့အထိ အဆင့်ဆင့် ခြေပေးရတယ်။
အာဟာရဓါတ် ၇ မျိုး = (ကာဗွန်ဟိုက်ဒရိတ်)၊ (ပရိုတင်း)၊ အဆီ၊ ဗီတာမင်တွေ၊ ဓါတ်ဆားတွေ၊ (ဖိုင်ဗာ) နဲ့ ရေ။
(ကာဗွန်ဟိုက်ဒရိတ်)၊ ပရိုတင်း နဲ့ အဆီတို့က (အင်နာဂျီ) ခွန်အားကိုရတယ်။ (ကလိုရီ) နဲ့တိုင်းတယ်။ (ကာဗွန်ဟိုက်ဒရိတ်)၊ ၁ ဂရမ် မှ ၄ ကလိုရီ၊ ပရိုတင်း ၁ ဂရမ် မှ ၄ ကလိုရီ၊ နဲ့ အဆီ ၁ ဂရမ် မှ ၉ ကလိုရီတို့ရတယ်။ (ကာဗွန်ဟိုက်ဒရိတ်) ဆိုတာ နေ့စဉ်မစားမနေ စားကြရတဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ လူး-ဆပ်တို့မှာ ပါတယ်။
အသားဓါတ်ဆိုတဲ့ ပရိုတင်းမှာ မရှိမဖြစ်တဲ့ (အမိုင်နိုအက်စစ်) တွေပါဝင်တယ်။ ပျက်စီးသွားတဲ့ (တရှူး) တွေ၊ (ဆဲလ်) တွေ အစားထိုးရန်၊ အသစ်တည်ဆောက်ဘို့ အသုံးကျတယ်။ အသား၊ ပဲ၊ ငါး၊ ဥ၊ အစေ့အဆံ၊ နို့၊ နို့ထွက် ပစ္စည်းတွေက ရတယ်။ ကိုယ်အလေးချိန် ၇ဝ ကီလိုရှိသူအတွက် တနေ့မှာ ပရိုတင်း ၇ဝ ဂရမ်လိုတယ်။ (ဖိုင်ဗာ) ဆိုတာ အသီးအနှံတွေမှာပါတယ်။ မစားက ဝမ်းချုပ်စေသည်။
လူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၇ဝ% က ရေဖြစ်တယ်။ တနေ့မှာ ရေ ၁-၉ လီတာလိုတယ်။ ရေနည်းရင် ရေခမ်းခြောက်တာ ဖြစ်လာမည်။ လိုအပ်သော ဓါတ်ဆားတွေမှာ ကယ်လ်စီယမ်၊ ကလိုရိုက်၊ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကောပါး၊ ခရိုမီယမ်၊ မင်းဂနီးစ်၊ နစ်ကယ်၊ ဆယ်လင်နီယမ်၊ ကိုဘော့ခ်၊ အိုင်အိုဒင်း၊ သံဓါတ်တို့ဖြစ်တယ်။
မျှတသော အစားအစာ
အမျိုးအစား စုံလင်အောင်စားရတယ်။ သင်တင့်မျှတစွာ ပါဝင်ရမယ်။ အာဟာရလိုအပ်ချက်နဲ့ ပြည့်မီရမယ်။ လိုအပ်ချက် အနည်းအတွေရှိတယ်။ အလုပ်ကြမ်းလုပ်ရသူ၊ ကိုယ်ဝန်ဆောင်တွေက ပို၍စားရမယ်။ သန့်ရှင်းရေးနဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် ကျန်းမာသန်စွမ်းစေမယ်။ ကိုယ်ဝန်ဆောင်စဉ် သံဓါတ်၊ ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီ ၁၂၊ ဗီတာမင်ဘီအုပ်စု၊ ကယ်လ်စီယန် ဓါတ်ဆားတွေ ပေးရမယ်။ အရက်ကြောင့် အသည်းရောင်ခြင်း ဖြစ်လာမှာ (ဗီတာမင်ဆေးပြား + 40 kcal/kg + ပရိုတင်း 1.5-2 G/kg + ဖေါလစ်အက်စစ် + ဘီ ၁) တို့ပေးရတယ်။ အာဟာရနဲ့ ဆေးကုခြင်းမျိုးဖြစ်တယ်။
(ကိုလက်စတီရော) ဆိုတာ အစားအစာထဲမှာ ပါဝင်တဲ့ အဆီတမျိုးဖြစ်တယ်။ များရင် သွေးကြောလေးနံရံတွေမှာ လာစုလို့ သွေးကြောကျဉ်းရောဂါဝင်လာမယ်။ တိရစ္ဆာန်အဆီအရွတ်တွေမှာ ညံ့တဲ့(ကိုလက်စတီရော) ပါတယ်။ (မာဂျရင်း)၊ (ကွတ်ကီးစ်)၊ (ခရက်ကား)။ ပြောင်းဆီ၊ (ကင်နိုလာ) ဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပံပုပ်ဆီတွေမြှ ညံ့တဲ့အဆီနည်းတယ်။ ကျန်းမာရေးနဲ့မသင့်တဲ့ဆီတွေကို (ထရန့်ဖက်) လို့ခေါ်တယ်။ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီတွေကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့် လိုက်တာဖြစ်တယ်။ အသုံးခံ၊ အစားအသောက်ကလည်း အရသာထူးလာစေတယ်။ အဆိုး (LDL) နဲ့ အကောင်း (HDL) နှစ်မျိုးရှိတယ်။ အဆိုးတွေမှာ နှလုံးသွေးကြောကျဉ်း (စထုပ်ခ်)၊ ဆီးချို အမျိုးအစား ၂ ရနိုင်သည်။ အဝလွန်၊ အသည်း၊ ကင်ဆာ၊ အဇာမိုင်ယားရောဂါတွေလည်းဖြစ်စေတယ်။ အဲလိုပြောင်းဘို့မလိုဘဲ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်းတွေမှာ (ထရန့်ဆီ) ပါနေပြီးဖြစ်တယ်။ (ဂျန့်ဖုဒ်) ဆိုတာ အလွယ်ဝယ်ယူစားသောက်နေကြတဲ့ ခေတ်ပေါ်အစာတွေကို ခေါ်တယ်။ မသင့်ပါ။
အစားအစာတွေကို အအေးခံခြင်း၊ ရေခဲသေတ္တာထဲထားခြင်းနည်းတွေနဲ့ သိုလှောင်ထားရာမှာလည်း သတိထားရမယ်။ ယင်-ကြွက်-ကြောင်-ပိုးဟပ်စသည်တွေ မလာစေအောင် လုံခြုံအောင်ဖုံးထားရမယ်။ ချက်ပြုတ်ရာမှာလည်း အပူချိန်၊ လှီးဖြတ်တဲ့ဓါး၊ အိုးခွက်စတာတွေကိုလည်း သတိထားရမယ်။
ဗီတာမင်တွေ
အမျိုးအစားပေါင်း ၁၂ မျိုးတွေ့ ထားပြီးဖြစ်တယ်။ အဆီထဲပျော်ဝင်တဲ့အုပ်စုနဲ့ ရေထဲပျော်ဝင်တဲ့အုပ်စုဟု နှစ်မျိုး ရှိတယ်။ ဘီနဲ့စီ တို့သည် ရေထဲပျော်ဝင်ကြတယ်။ အေ၊ ဒီ၊ အီး၊ ကေတို့က အဆီထဲ ပျော်ဝင်ကြတယ်။ ပိုနေရင် အသည်းထဲမှာ သိမ်းထားမယ်။
• ဗီတာမင် (အေ) = (ရက်တီနော) u ငါးကြီးဆီ၊ အသည်း၊ ဥ၊ နို့နဲ့ နို့ထွက်အစာတွေ၊ မုန်လာဥနီမှာ ပါဝင်တယ်။ အရေပြားနဲ့ အပေါ်ဖုံးလွှာတွေ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်တွေအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်နဲ့ ကြက်မျက်သင့်ရောဂါ ကာကွယ်မယ်။
• ဗီတာမင် ဘီ ၁ (သိုင်ယာမင်း) သည် (ရိစ်)၊ ဥ၊ အသည်း၊ အစေ့-အဆံ၊ အသားတို့မှာ ပါဝင်တယ်။ (ဗယ်ရီဗယ်ရီ) ခေါ် ထုံနာကျင်နာရောဂါကို ကာကွယ်သည်။ ဆန်စေ့၏ အပေါ်ယံလွှာမှာ ပါဝင်သဖြင့် ရေခမ်းချက်စာပါ။ အရက်သောက် များသူတွေမှာဖြစ်တယ်။
• ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း) သည် နို့နဲ့ နို့ထွက်အစာတွေ၊ ဥ၊ အသည်း၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ် တို့မှာ ပါဝင်တယ်။ ချို့ တဲ့ပါက ကျီးကန်းပါးစပ်နာဖြစ်စေသည်။
• ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း) သည် အချို့ဆေးဝါးတွေကြောင့်၎င်း နည်းစေသည်။ ဥပမာ တီဘီ ဆေး၊
• ဗီတာမင် ဘီ ၉ (ဖေါလစ်အက်စစ်) သည် သွေးနီဥသန်စွမ်းစေရန် အသုံးဝင်သည်။
• ဗီတာမင် ဘီ ၁၂ (ကိုဘယ်လမင်း) သည် (ရိစ်)၊ နို့နဲ့ နို့ထွက်အစာတွေ၊ ဥ၊ အသည်း၊ ငါး၊ အသားတို့မှာ ပါဝင်တယ်။ ခန္ဓာကိုယ်ကြီးထွား စေရန်၊ (ဆဲလ်) တည်ဆောက်ရန်၊ သွေးနဲ့ အာရုံကြော ကောင်းစေရန်အတွက်ဖြစ်တယ်။ နည်းနေရင် (ပါနီးရှပ်စ်) သွေးအားနည်းရောဂါဖြစ်စေသည်။
• ဗီတာမင် စီ (အက်စကောဗစ် အက်စစ်) အရောင်စိမ်းတဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေမှာ ပါဝင်နေသည်။ ချဉ်တဲ့ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီးတွေမှာပါတယ်။ အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ်ကောင်းစေသည်။ ခုခံအားလည်း ကောင်းစေတယ်။ အနာကျက်စေတယ်။ ချို့တဲ့ပါက (စကောဗီ) ရောဂါ ရစေသည်။
• ဗီတာမင် ဒီ ဟာ ငါးကြီးဆီ၊ နို့ထွက်အစာတွေမှာ ပါဝင်တယ်။ နေရောင်ကြောင့် ဗီတာမင် အေကနေ ဗီတာမင်ဒီ ဖြစ်လာစေတယ်။ အရိုးတည်ဆောက်ရန် အသုံးကျတယ်။ ချို့တဲ့ပါက Rickets အရိုးပြော့ရောဂါဖြစ်စေတယ်။
• ဗီတာမင် အီး သည် အသီးအရွက်ကရသော ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့ ၊ ဥ၊ အစေ့အဆံတွေမှာ ပါဝင်နေသည်။ သွေးဥ၊ ကြွက်သား၊ အာရုံကြောတွေ အလုပ်ကောင်းစေရန် အသုံးကျသည်။
• ဗီတာမင် ကေ သည် အသီးအရွက်တွေမှာပါသည်။ သွေးတိတ်စေသည်။
(ဖိုင်ဘာ) တွေတဲ့ အစားအစာတွေ
• ပန်းသီး အခွံပါ 1 medium 5.00
• ငှက်ပျောသီး 1 medium 3.92
• ဘယ်ရီသီး 1 cup 4.18
• စပျစ်သီး 1/2 medium 6.1
• လိမ်မော်သီး 1 medium 3.40
• မက်မွန်သီး 1 medium 2.00
• သစ်တော်သီး 1 medium 5.08
• ဆီးသီး 1 medium 1.00
• ရက်စ်ဘယ်ရီသီး 1 cup 8.34
• စထောဘယ်ရီ 1 cup 3.98
• မုံလာစိမ်း 1 cup 4.5
• ကွမ်းသီးဂေါ်ဖီ 1 cup 2.84
• မုံလာထုပ် 1 cup 4.20
• မုံလာဥနီ 1 medium 2.00
• ပန်းမုံလာ 1 cup 3.43
• ပြောင်းဖူး 1 cup 4.66
• ပဲသီးစိမ်း 1 cup 3.95
• ကြက်သွန်နီ 1 cup 2.88
• ပဲ 1 cup 8.84
• အာလူးပြုတ် အခွံပါ 1 medium 4.80
• ဟင်းနုနွယ် 1 cup 4.3
• ကန်စွန်းဥ 1 cup 5.94
• ခရမ်းချဉ် 1 medium 1.00
• ပေါင်မုံ့ ၁ ချပ် 2.00
• အုတ်စပါး 1 cup 12.00
• ပါစတာ 1 cup 6.34
• ဆန်လုံးညို 1 cup 7.98
• အယ်မုန်း 1 oz 4.22
• သီဟိုဠ်စေ့ 1 oz 1.00
• ဗိုလ်စားပဲ 1 cup 13.33
• ပဲနီကလေး 1 cup 15.64
• မြေပဲ 1 oz 2.30
• ဖရုံစေ့ 1/4 cup 4.12
• ပဲပုတ် 1 cup 7.62
• နေကြာစေ့ 1/4 cup 3.00
• သစ်ကြားသီး 1 oz 3.08
မုံလာဥနီ (၁၂၈ ဂရမ်) အာာရတန်ဘိုး
ဆိုဒီယမ် = ၄%
ကာဗွန်ဟိုက်ဒရိတ် = ၄%
ဖိုင်ဘာ = ၁၄%
သကြားဓါတ် = ၆ ဂရမ်
ဗီတာမင် အေ = ၄၂့၈%
ဗီတာမင် စီ = ၁၃%
ကယ်လ်စီယမ် = ၁ ဂရမ်
ပရိုတင်း = ၁ ဂရမ်
ကယ်လိုရီ = ၅၂
အဆီကရတဲ့ကယ်လိုရီ = ၃
ဥပုသ်စောင့်တာနဲ့ သားသတ်လွတ်စားတာမှာ သတိထားစရာတွေရှိတယ်။ ဘုန်းတော်ကြီးတွေ သီလရှင်တွေမှာ စောင့်ထိန်းကြရတဲ့သီလတွေနဲ့ အနေအထိုင် အလုပ်အကိုင်တွေက လူဝတ်ကြောင်တွေနဲ့မတူကြပါ။ ဘာသာရေးကို ဆရာဝန်တွေကထောက်ပြရတာ ငရဲကြီးရာကျတယ်။ မတတ်နိုင်။
Vegetarianism သက်သတ်လွတ် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2014/11/vegetarianism.html ကိုလည်းဖတ်နိုင်ပါတယ်။
Dr. တင့်ဆွေ
Tuesday, November 28, 2017
H line on your palm လက္ခဏာရေးကြောင်း
အမှတ်မထင် သူများတင်ထားတာတခု တွေ့လို့ပါ။ ကျွန်တော်က လက္ခဏာအကြောင်း မသိပါ။ ငယ်ငယ်တုန်းကတော့ ကိုင်ရိုစာအုပ်တွေ ဖတ်ခဲ့ဘူးတယ်။ စာမှန်မျှ အနားရှိတာ အကုန်ဖတ်တာ။ ကံကောင်းချင်တော့ အကိုကြီးက စာအုပ်တွေ လိုက်ရှာစုတယ်။ ထင်းရှူးသေတ္တာကြီးနဲ့ အနည်းဆုံး လေးလုံးအပြည့်။
တခြားသူ မြန်မာလိုတင်ထားတာက M အမ် အရေးအကြောင်းတဲ့။ ကျွန်တော်က အင်္ဂလိပ်လိုရေးထားတဲ့ H အိတ်ခ်ျကို ရှာဖတ်တယ်။ X ဆိုတာလည်း ရှိသေးတယ်။
လက္ခဏာပညာရှင်တွေက လက်ဝါးပေါ်ကအရေးအကြောင်းတိုင်းရဲ့ ထူးခြားမှုတွေကို သုတေသနပြုပြီး ဆန်းစစ်လေ့လာ ဖတ်ကြားပေးကြတယ်။ လိုင်းအကုန်လုံးမှာ သီးခြားဆန်းပြားတာတွေရှိသတဲ့။ အရေးအကြောင်း တခုနဲ့တခု ဖြတ်ခြင်းတွေမှာလည်း ထူးခြားတာတွေရှိသတဲ့။
H line က အဓိကလိုင်း သုံးခုကြားမှာရှိတယ်။ အဓိကလိုင်းသုံးခုဆိုတာ ဟဒ် ခေါ် နှလုံးသား၊ လပ်ခ် ခေါ် ကံကြမ္မာနဲ့ ဟဒ် ခေါ် ဦးနှောက်ကိုခေါ်ပါသတဲ့။ အဲတာတွေနဲ့ အိတ်ခ်ျလိုင်းက ဆက်စပ်နေသတဲ့။ ဖက်ရှင်တမျိုးဖြစ်တယ်တဲ့။
အဲလိုလူဟာ ကံကြမ္မာမှာ အောင်မြင်တဲ့အပြောင်းအလဲတွေ ဖြစ်ကြုံရပါမယ်တဲ့။ အထူးသဖြင့် အသက် ၄ဝ ကျော်ရင်လို့ ဆိုပါတယ်။ သူတို့ဟာ အဲလိုအရေးပါတဲ့အချိန်ကာလမှာ ယူတန်း ခေါ် ဂငယ်ကွေ့ ကွေ့ကြတယ်။ အကောင်းဆုံးကို ဦးတည်တယ်။ အဲဒီပန်းတိုင်ဆီ ရောက်ဘို့ရာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါလိမ့်မယ်။ ဆောရီး။
ဝင်ငွေရလမ်း ရုတ်ရက်မြင့်တက်လာနိုင်တာမျိုး ရှိပါမယ်။ ကွန်ဂရက်ကျူလေးရှင်း။ အဲဒီကာလမတိုင်မီကတော့ သူ့ရဲ့အလုပ်ကြိုးစားမှုနဲ့ စွမ်းဆောင်မှုတွေဟာ အရာမထင်ဖြစ်ခဲ့ပါလိမ့်မယ်။ ဆောရီး။ အသက် ၄ဝ ကျော်လာပြီဆိုရင်တော့ ကောင်းလာပြီတဲ့။
သူတို့သဘာဝဟာ အီမိုးရှင်း ခေါ် စိတ်ခံစားမှု ကြီးကြတယ် လွန်ကဲကြတယ်တဲ့။ သတိထားပါလေ။
သူ့အနားကလူတွေကို ကူညီတတ်ကြတယ်။ သူများဒုက္ခတွေကို ကင်းစေအောင် လုပ်ကိုင်ပေးကြတယ်။ သူ့ကို ရက်ရောသူလို့ တခြားလူတွေက အကဲဖြတ်ကြလိမ့်မယ်။ ကောင်းတယ်။
အိတ်ခ်ျလိုင်းပါနေသူဟာ ဘဝတလျှောက်လုံး အခက်အခဲတွေတော့ တပွေ့တပိုက်ကြီး ရင်ဆိုင် ကျော်လွှားရရှာတယ်။ ငယ်ရာကနေ ကြီးပြင်းလာချိန်မှာ ပိုများပါလိမ့်မယ်။ တသက်လုံး ဆန့်ကျင်သူတွေနဲ့ အမြဲရင်ဆိုင်ရတယ်။ ဆောရီး။
သူဟာ သူချစ်ခင်မြတ်နိုးသူတွေအတွက် ဘာမဆိုလုပ်ပေးလိုစိတ်ထားတယ်။ အဲလိုကူညီဘို့ရာ နှစ်ခါပြန် စဉ်းစားမနေဘူးတဲ့။ သူ့ဘက်မှာ ကံကြမ္မာက အမြဲမကောင်းမနေလည်း မျှော်လင်ချက်ကို စွန့်လွှတ်သူတော့ မဟုတ်ပါတဲ့။
အပြုသဘောတွေးမြင်တယ်။ အလွန်အလုပ်ကြိုးစားသူဖြစ်တယ်။ အဲတာ သူ့ပင်ကိုယ်သဘာဝဖြစ်တယ်။ ဉာဏ်ရည်လည်း ထက်မြက်တယ်။ အမြင်စူးရှတယ်တဲ့။ ဘာသာပြန်တာသာဖြစ်ကြောင်းပါ။ မေးတော့ မမေးကြပါနဲ့ မသိပါ။
ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၇
Body hair တလွဲဆံပင်ကောင်းသူများ
ညကမအိပ်ခင် ဆံပင်နဲ့ဆိုင်တဲ့စာတွေတင်တယ်။ ဒီတပုဒ်တော့ မတင်ခဲ့ပါ။ အခု တင်ရတော့မယ်။
မင်္ဂလာပါဆရာ။ သမီးအကူအညီလိုအပ်တယ်ထင်လို့ပါ။ hair loss in women post လေးဖတ်ရပါတယ်။ ခုဖြစ်နေတာက တကိုယ်လုံးပုံမှန်ထက် အမွေးတွေသန်လာလို့ပါ။ အသက် ၂၈ နှစ်ပါ။ ဆံပင်အရမ်းကျွတ်တာကြောင့် နာမည်
လည်းကြီး ကြော်ငြာအားလည်းကာင်းတဲ့ aesthetic clinic တခုမှာ ဦးရေပြားဆေးထည့်ပေးတဲ့ Mesotheraphy ကို တပတ်တခါ ၆ ကြိမ်ခံယူခဲ့ပါတယ်။ ရပ်လိုက်တာ ၅ ပတ်ကျော်ပါပြီ။ သောက်ဆေးလဲပေးပါတယ် ဘာဆေးလဲမေးတော့လဲ တိတိကျကျ မဖြေပါဘူး။ သတိထားမိလာတာ မျက်နှာတခုလုံးကအစသိသိသာသာ အမွေးတွေရှည်လာတာပါ။ ဆေးခန်းမှာပြောတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဖြစ်နိုင်တယ်လို့ဘဲ ပြောပါတယ်။ ကြိုတင်သတိပေးထားခြင်းလဲမရှိပါဘူး။ ဘေးလူတွေပါ သတိထားမိအောင် အမွေးတွေသန်လာရှည်လာတာပါ။ ဆေးခန်းက မျက်နှာကို IPL hair removing လုပ်ပေးမယ်ဆိုတော့ လက်တလောအဆင်ပြေအောင် လုပ်လိုက်ပါတယ်။ ခုလုပ်ထားတာ ၁ လနီးပါးရှိပါပြီ။ ဘာဆက်လုပ်သင့်သလဲနဲ့ ဘာလုပ်လို့ရမလဲဆိုတာကို ညွှန်ကြားပေးပါရှင်။ ကျော ပခုံးကအစ မြင်သာထင်ရှားနေတော့ အရှက်ရနေလို့ပါ။
ဆရာအဆင်ပြေတဲ့အချိန် ဖြေကြားပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
၂။ မင်္ဂလာပါဆရာ သမီးအသက်က ၃၀ ပါ။ ငယ်ငယ်ကတည်းက လက်တွေ ခြေထောက်တွေမှာ အမွေးတွေရှိပေမယ့် အခု နှုတ်ခမ်းမွေးတွေပါပေါက်လာတယ်ဆရာ။ မိန်းကလေးတယောက်က မျက်နှာမှာ နှုတ်ခမ်းမွေးတွေပေါက်နေတာဟာ တကယ်ကို အမြင်ဆိုးလှပါတယ်။အဲဒီဟာကြောင့်ပဲ စိတ်ဖိစီးမှုလည်း ဖြစ်တယ်ဆရာ။ရိတ်လိုက်ရင်လည်း ပိုသန်လာမှာ စိုးတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆရာ့အကြံဉာဏ်လေးသိပါရစေ။
၃။ မင်္ဂလာပါဆရာ။ ကျွန်တော်နှာခမ်းမွေးအရမ်းထူအရမ်းများပြီး မများအောင် မထွက်အောင်ဘယ်လိုလုပ်ရမလဲဆရာ။
၎။ ကျွန်တော့ အသက် ၃၅ နှစ်ရှိပါပြီ၊ နှုတ်ခမ်းမွေး ကျိုးတို့ကျဲတဲသာ ပေါက်ပါတယ်။ အဲဒါ နှုတ်ခမ်းမွေး သန်သန်မာမာ ပေါက်ချင်လို့ပါ။ ဘာလုပ်ရမလဲခင်ဗျာ။
ခန္ဓာကိုယ်မွေးဆိုတာ ကိုယ်ဝန် ၁ဝ ပါတ်လောက်မှာကတည်းက စခဲ့တယ်။ ၅ လ အရွယ်ရှိရင် အမွေးအိတ် အရေအတွက် ၅ သန်းရှိနေပြီ။ နောက်ထပ် ဖြစ်မလာတော့ပါ။ ကျား-မ အပေါ်မူတည်ပြီးတော့ ပျက်စီးသွားတာတွေသာ ရှိလိမ့်မယ်။ အမွေးဆိုတာ ကိုယ်အပူချိန်ထိန်းရာမှာ အသုံးကြတယ်။ နို့တိုက်သတ္တဝါတွေရဲ့ ထူးခြားမှုလဲ ဖြစ်တယ်။ ဝန်ရိုးစွန်းဒေသမှာ နေတဲ့ အကောင်တွေ ကြည့်ပါလား။ နှုတ်ခမ်းမွေးနဲ့ လိင်အင်္ဂါတဝှိုက်က ဆီးစပ်မွေးတွေကတော့ အာရုံကြောတွေနဲ့ ဆက်စပ်နေလို့ အာရုံခံအင်္ဂါများသဘောဆောင်ကြတယ်။ ထိတာ ကလိတာနဲ့ စိတ်ကို တမျိုးတမည် ဖြစ်စေနိုင်တယ်။ ဟော်မုန်းများလာတဲ့ အရွယ်ရောက်ချိန်မှာ ဆီးစပ်မွေးက အစဦးဆုံးပေါက်လာတယ်။ ယောက်ျားလေးတွေဆိုရင် ပိုသိသာတယ်။ မျက်နှာ၊ ရင်ပတ်၊ ဗိုက်၊ ပေါင်၊ ခြေထောက်၊ လက်မောင်း နေရာတွေမှာပါ များလာတယ်။ အရွယ်ရလာရင် အမွေးတွေ ရင့်-သန်-များ လာတယ်။
လူတွေမှာ ဆံပင်၊ Vellus hair ကိုယ်မွေးနု၊ ထူးခြားတဲ့အမွေးတွေဆိုပြီး သုံးမျိုးရှိတယ်။ နှုတ်ခမ်း၊ လက်ဖဝါး၊ ခြေဖဝါး၊ နားနောက်၊ ချက်၊ လိင်အင်္ဂါနေရာတချို့နဲ့ အမာရွတ်နေရာတွေက လွဲရင် အဲဒီအမွေးသုံးမျိုးထဲက တမျိုးမျိုးပေါက်နေတယ်။ အထူအပါးတော့ မတူခြားနားကြတယ်။ အရွယ်ရောက်ချိန်လောက်စပြီး ကိုယ်ခန္ဓာမှာပေါက်လာတဲ့ အမွေးတွေက Androgens အင်ဒရိုဂျင်ဆိုတဲ့ ကျားဟော်မုန်းနဲ့ ဆက်စပ်နေလို့ အင်ဒရိုဂျင်မွေးလို့လဲ ခေါ်တယ်။ ဒီဟော်မုန်းက ကျားရော မ, ပါရှိကြပေမဲ့ ယောက်ျားတွေမှာ ပိုများတယ်။ ဆံပင်ကလဲ အင်ဒရိုဂျင်ကို လိုက်ပြီး များတာ၊ ထူတာရှိတယ်။ မျိုးဗီဇက အထူ-အပါး၊ အနဲ-အများနဲ့ အရောင်၊ အမျိုးအစား ကိုပါ အများကြီး လွှမ်းမိုးတယ်။ အာရပ်တွေ ကုလားတွေက အမွေးလဲများ၊ အမွေးလဲ ကြိုက်ကြတယ်။
Minoxidil ဆေး၊ Anabolic steroids ဆေး၊ Testosterone ဆေးနဲ့ Cyclosporine ဆေးတွေကနေလည်း ကိုယ်မွေး များစေနိုင်တယ်။ အမွေးများတာကို Hirsuitism ခေါ်တယ်။ မိသားစုလိုက်နိုင်တယ်။ အမျိုးသမီးတွေ မျက်နှာ၊ ရင်ပတ်၊ ဗိုက်တွေမှာ အမွေးများနေရင် ကျားဟော်မုန်းတွေ လိုတာထက်များနေလို့ပါ။ ဂရိ၊ အီတလီနိုင်ငံသူတွေက တခြား မိန်းမတွေထက် အမွေးများကြတာ ပုံမှန်ပါ။ အမျိုးသမီးတွေမှာ အမွေးများတာနဲ့အတူ ဝက်ခြံပေါက်တာ၊ ရာသီမမှန်တာ၊ ကလေးမရနိုင်တာတွေပါ တွဲနေတတ်တယ်။ ၄ဝ%လောက်မှာ (အဒြီနယ်) အိတ်ကနေထွက်မဲ့ ကျားဟော်မုန်းများတာက (အင်ဇိုင်း) တမျိုး နည်းနေလို့ ဖြစ်တယ်။
တချို့လူတွေမှာ ဆီးချိုထိန်းဆေး အင်စူလင်ကို ခံနိုင်ရည်ဖြစ်နေလို့ မျိုးဥအိမ်၊ (အဒြီနယ်) နဲ့ သရက်ရွက်တွေ အလုပ် လုပ်တာ ထိခိုက်စေတယ်။ အမွေးများသူတွေကို Androgen ဟော်မုန်း ဆန့်ကျင်ဆေး Spironolactone နဲ့ Aldactone ပေးတတ်တယ်။ Proscar ဆေးက အသစ်ဖြစ်တယ်။ ဒီဆေးတွေပေးရင် သွေးစစ်နေရမယ်။ Cortisone ပေးကုတယ်။ မျိုးဥအိမ်ကနေဖြစ်ရတာဆိုရင် ကိုယ်ဝန်တားဆေး ပေးကုနိုင်တယ်။ ဆေးအမျိုးအစား ရွေးဘို့တော့ လိုတယ်။ ဥရောပမှာ Diane or Dianette ဆေးတွေ သုံးတယ်။ Ethinyl estradiol နဲ့ Cyproterone acetate တွေပါတယ်။
မွေးရာပါ Hirsutism ဆိုတာကြတော့ အမျိုးသမီးနဲ့ ကလေးတွေမှာ ရင်ပတ်နဲ့ ကျောဘက်မှာ အမွေးတွေများတာကို ခေါ်တယ်။ တလွဲဆံပင်ကောင်းသူတွေပေါ့။ တချို့မှာ ကင်ဆာရောဂါနဲ့ တွဲနေတတ်တယ်။ Minoxidil ဆိုတဲ့ ဆံပင်ပေါက်ဆေးကြောင့် ကွက်ပြီး အမွေးတွေ များလာတတ်တယ်။ မွေးရာပါ Hypertrichosis ရှိသူ ခုထိ အလယ်ခေတ်ကတည်းက ရေတွက်တာ လူပေါင်း ၁ဝဝ တောင် မရှိသေးဘူးတဲ့။ မွေးရာပါဆိုရင် ကုမရပါ။ Hypertrichosis ဆိုတာက ကိုယ်ခန္ဓာမှာ အမွေးတွေ ပုံမှန်မဟုတ်ဘဲ များလွန်းနေတဲ့ အခြေအနေကို ခေါ်တယ်။
Petrus Gonzales မိသားစုက ၁၇ ရာစုမှာ အစောဆုံး မှတ်တမ်းတင် ခံရတယ်။ Fedor Jeftichew ကို Jo-Jo the Russian Dog Faced Boy ခွေးမျက်နှာနဲ့လူလို့ ခေါ်တယ်။ Stephan Bibrowski ကို Lionel the Lion-Faced Man ခြင်္သေ့မျက်နှာနဲ့လူလို့ ခေါ်တယ်။
Hypertrichosis အမွေးများခြင်းကို Ambras syndrome လို့လည်းခေါ်တယ်။ တကိုယ်လုံး ထူးထူးခြားခြား ကိုယ်မွေး များလွန်းတာကိုတော့ Werewolf syndrome လို့ခေါ်တယ်။ အမျိုးသမီးတွေမှာ PCOS မျိုးဥအိမ်မှာ အကျိတ်လေးတွေ အများအပြားရှိနေရင်ဖြစ်နိုင်တယ်။ ဝကြတယ်။ adrenal cancer ကင်ဆာ၊ adrenal tumors အကျိတ်၊ congenital adrenal hyperplasia ရောဂါနဲ့ Cushing disease ရောဂါ တွေနဲ့တွဲနေမလား စစ်ဆေးရမယ်။
ဖြစ်စေတဲ့ရောဂါကို ကုသရမယ်။ anti-androgen ဆေးနဲ့ ကိုယ်ဝန်တားဆေးတွေလည်း သုံးရတတ်တယ်။ ၃-၆ လနေမှ သိသာမယ်။ ရေရှည်ပေးရတယ်။ မျက်နှာမွေးများသူကို eflornithine cream လိမ်းရနိုင်တယ်။ ကိုယ်အလေးချိန် ချသင့်တယ်။
ချိုင်းမွေး မရိတ်ပါနဲ့။ ဖြတ်ပေးပါ။ ရင်ပတ်မွေး ရှိတာ-များတာကို မကြိုက်သူများပေမဲ့ ထူးပြီးကြိုက်တဲ့သူတွေ ရှိတယ်။ တချို့က Don't go Brazilian ယောက်ျားတွေ အမြဲ ဆီးစပ်မွေးရိတ်တာ မကောင်းပါလို့ ပြောကြတယ်။ ဒါပေမဲ့ ပခုံးမွေး၊ ကျောမွေး မကြိုက်သူ များတယ်။ တို-ဖြတ်ပေးပါ။ အမွေးကို ပုံစံသွင်း ပြုပြင်တာ ရှောင်ပါ။ တချို့က အရောင်ချွတ်ဆေး သုံးတယ်။ ဈေးချိုတဲ့နည်းက ရိတ်ရတာ။ ဖယောင်းနည်းက ကုလားမတွေ အများဆုံး သုံးကြရတယ်။ အမျိုးသမီးများ ချိုင်းမွေး နဲနဲပါးပါးရှိနေတာကို မော်ဒယ်မဟုတ်ရင် မရိတ်-မဖြတ်ပါနဲ့။
ထူးထူးခြားခြား အမွေးများတဲ့လူမျိုးက ရှားပြီး လူတွေကို စိတ်ဝင်စားစေတာမို့ ဆပ်ကပ်တွေမှာ သုံးတတ်ကြတယ်။ ဥပမာ Julia Pastrana မုတ်ဆိပ်မွေးနဲ့ အမျိုးသမီး၊ သူ့မှာ လက်ဝါးတွေမှာပါ အမွေးတွေ ပေါက်နေတယ်။ အမေရိကန် Dime Museum ပြတိုက်မှာ ပြောစမှတ်တခုရှိတယ်။ မနေ့ညက ဟို မုတ်ဆိတ်နဲ့ မိန်းမ သေသွားတာ ကြားလား။ ကြားတယ်၊ စိတ်မကောင်းစရာ အစစ်ဘဲ။ သူ့မှာ မိန်းမနဲ့ ကလေးသုံးယောက် ကျန်ရစ်တယ်လေ။
မြန်မာပြည်ကလဲ ဒီနေရာမှာ ကမ္ဘာကျော်ပါတယ်။ ကိုလိုနီခေတ်က အင်းဝမှာနေခဲ့တဲ့ ရွှေမောင်းမိသားစုဆိုတာရှိတယ်။ သူ့ရဲ့ ကလေးသုံးယောက်ထဲက သမီး မဖုံးနဲ့ သူ့သား ဖိုးဆက်၊ မြေး မမဲတို့ဟာ Hypertrichosis ရောဂါ ရှိကြတယ်လို့ အိန္ဒိယဘုရင်ခံ ဂျွန်ကရောဖို့ဒ်က မှတ်တမ်း တင်ထားတယ်။
Dr. တင့်ဆွေ
၂၈-၁၁-၂ဝ၁၇
မပြောင်းသေးတဲ့ အသစ်တွေလဲ ရှိသေးတယ်ဆရာ
ကျေးဇူး။ ဦးဖိုးကျားမွေးတဲ့ရွာ တိုင်တရာကနေ တိုင်တစ်ရာလို့ ပြောင်းထားကြလေရဲ့။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ အမျိုးသားပညာရေးလောကတွင် ဦးဖိုးကျားသည် ကျော်ကြားသော ခေါင်းဆောင်ကြီးတဦးဖြစ်သည်။ မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောက
ရင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့ စွယ်စုံကျမ်းမှာပါတယ်။ ဒါပေမဲ့ ၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည်ရေးသားတဲ့ အမျိုးသားပညာဝန် ဦးဖိုးကျားဆောင်းပါး ကျောင်းနာမည်ဟာ တိုင်တရာဖြစ်သွားရတော့တယ်။
မြန်မာ့ပညာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူရဲ့ ကျောင်းနာမည်ကို ပြောင်းခဲ့ကတည်းက အမျိုးသားပညာရေးဟာ ကျဆင်းဆုတ်ယုတ်လာတော့တယ်။
သထုံက မွန်ပြည်နယ်မှာ၊ ပုသိမ်က ဧရာဝတီတိုင်းမှာ။ ယှဉ်ပြောလို့တော့မရ။ ကျွန်တော် မြန်မာစာသင်ခဲ့တဲ့ မုံရွာမှာလည်း တစ်နေသူတွေ များတယ်။ မန္တလေးမှာလည်း တစ်သွားပြီ။ ရန်ကုန်နဲ့ နေပြည်တော်မှာက အများဆုံး။
အဲဒီကာလမှာ ဆင်ဆာကြောင့် မတစ်ချင်လည်း တစ်ကြရတယ်။ အခု ဆင်ဆာမရှိ ဒါပေမယ့့်
ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၇
Monday, November 27, 2017
Hair Loss ဆံပင်ကျွတ်ခြင်း
ဆံပင်ကျွတ်တာ ဘာလို့ ဖြစ်ရသလဲ။ မျိုးဇီဖ နဲ့ ပတ်ဝန်းကျင်တို့ကို လက်ညှိုးထိုးဘို့ ကြိုးစားကြပေမဲ့ တကယ်တော့ မသေခြာဘူး။ မျိုးရိုး လိုက်တာတောင် အမေရဲ့ အဖေဘက်ကလို့ ထင်ကြတယ်။ မတိကျပါ။ လေ့လာချက်တွေ အမျိုးမျိုးလုပ်၊ ကိန်းဂဏန်းတွေလည်း အမျိုးမျိုး ထုတ်ကြတယ်။
ဆံပင်ကျွတ်တဲ့ အကြောင်းတွေထဲမှာ ဆံပင်ကို တင်းနေအောင်ဆွဲပြီး၊ ဖီးတာ၊ ဆံပင်ပုံစံ လုပ်တာကနေဖြစ်တာ ပါတယ်။ (ပိုနီတေးလ်)၊ (ကောင်းန်-ရိုးလ်) လိုမျိုးပေါ့။ Trichotillomania ခေါ်တယ်။ ငယ်ရွယ်သူတွေမှာ ပိုဖြစ်တယ်။ ပြင်းတဲ့ ဆေးတွေနဲ့ ကုရလို့၊ ဓါတ်ကင်-ခွဲစိတ်ခံရလို့၊ အဆိပ်သင့်လို့ကြောင့်လည်း ဖြစ်ကြရတယ်။ Tinidazole ရဲ့ Side-effects တွေထဲမှာ ဆံပင်ကျွတ်တာ မပါပါ။ ကလေးဖွါးရလို့လည်း ဖြစ်သေးတယ်။ အမှန်က ကိုယ်ဝန်ဆောင်နေတုံး ဆံပင် ပိုထူလာရာကနေ၊ မွေးပြီးတော့ ပါးသွားရတာပါ။ ကလေးဖွါးပြီး ၃ လောက်နေ ဆံပင် ကျွတ်တတ်တယ်။ သံဓါတ် (သွေးအား) နည်းရင်လည်း ဖြစ်တတ်တယ်။ ကွက်ပြီး ဆံပင်ကျွတ်တာက (အော်တို-အင်မြူး) ရောဂါရလို့ ဖြစ်တယ်။ ချွေးထွက်အိပ်တွေမှာ အလုံးအကြိတ်-ကင်ဆာရောဂါ ရလို့လဲ ဖြစ်တယ်။
ဆေးကုမ္ပဏီတွေ အတော် အလုပ်ဖြစ်ကြတယ်။ တကယ်တော့ အောင်မြင်တာဟာ အကန့်အသတ်သာ ဖြစ်ပါတယ်။ ဆေးပညာအရ ဟုတ်ပါတယ်လို့ လက်ခံထားတဲ့ဆေးတွေက Finasterois (Propecia) နဲ့ Dutasteride (Avodart) ဆေးတွေပါ။ ဒီဆေးတွေက ယောက်ျားဆီးကြိတ်ကြီးရောဂါ BPH ကိုကုရတဲ့ Antiandrogen ကျားဟော်မုန်း ဆန့်ကျင် ဆေးတွေ ဖြစ်တယ်။ အခု Finasteride (Propecia) နဲ့ Minoxidil (Rogaine) တို့ကိုဘဲ အမေရိကားမှာ တရားဝင် ထုတ်လုပ် ရောင်းချခွင့် ရှိတယ်။
Minoxidil (Rogaine) ဆေးက ဆံပင်အတွက်သက်သက် လိမ်းဆေးဖြစ်တယ်။ အရက်ပြန်ပါလို့ ဦးရေခြောက်ပြီး Dandruff ဘောက် ဖြစ်စေတတ်တယ်။
ကြော်ညာတွေကလည်း များသလားမမေးနဲ့။ (ဝက်ဘ်-ဆိုက်တ်) တမျက်နှာကို နမူနာပြရရင် Avacor for Women Monthly Packages, Bao Shi Womens Herbal Hair Vitamins, Follicare Set Hair Loss Kit for Women with Minoxidil, MelanPlus Gray Hair Vitamins for Women, Minoxidil 2%, NuHair: Hair Growth for Women, Shen Min for Women Vitamins, Therapro Folligen Shampoo for Hair Loss in Women, Therapro MEDIceuticals Hair Gain Vitamins for Women ဒီဆေးတွေ တွေ့ရတယ်။
တကယ်တော့ ဆံပင်ပြန်ပေါက်ဘို့ထက် ရှိနေသေးတဲ့ဆံပင်ကို ထိန်းသိမ်းဘို့က လက်တွေ့ကျတယ်။ ပုံမှန် (အေရိုးဘစ်) လေ့ကျင်ခန်းလုပ်၊ စိတ်ဖိအားများတာ လျှော့ချနည်း၊ Immuno-suppressants ဆိုတဲ့ ခုခံအားနှိမ်လိမ်းဆေး၊ Cosmetic transplant surgery အလှပြုပြင်နည်းတွေတော့ ပေါ်လာနေပါတယ်။ ဆံပင်ကို ဆီးပူလိမ်းကုနည်း၊ မသခြာတဲ့ ဆေးလိမ်း ကုနည်းတွေကို ရှောင်သင့်သည်။ နောက်ဆုံးတော့ လူမမြင်အောင် ဖုံးထားနည်းတွေ လုပ်ကြတယ်။ နောက်ဆုံးရဲ့ နောက်ဆုံးကတော့ ကတုံးတုံးလိုက်တာပါ။
အမျိုးသမီးတွေ G.I. Jane ထဲက Demi Moore, Alien ထဲက Sigourney Weaver, V for Vendetta ထဲက Natalie Portman နဲ့ Empire Records ထဲက Robin Tunney တို့ကို အားကျရင်လဲ ကုစရာမလိုဘူးပေါ့။
ဒီလိုဖြစ်သူတွေမှာ စိတ်ထိခိုက်မှု ရှိတတ်တယ်။ ကျား-မဆက်ဆံရာမှာလည်း ထူးတာရှိတတ်တယ်။ ထိပ်ပြောင်ရင် ယောက်ျား ပိုပီသတယ်တဲ့။ သုတ်လွှတ်ရတာများသူမှာ ပြောင်တယ်တဲ့။ ကိုယ့်ဆံပင်ကောင်းနေတာ နုတ်မပြစ်နဲ့။ ရီစရာ ပြောတာတွေကလည်း ရှိသေးတယ် ပြောင်နေတဲ့ခေါင်းကို အမြဲအောက်စိုက်ထားရင် ပျောက်မယ်တဲ့။
အကြောင်းတွေထဲမှာ နေမကောင်းပြီး ဆံပင်ကျွတ်တာလဲ ပါတယ်။ ရုပ်-စိတ် ဖိစီးတာကြောင့်ဆိုရင် ရောဂါပျောက်၊ စိတ်ပြန်တည်ငြိမ်ရင် ပြန်ကောင်းမှာပါ။ လည်ပင်းကြီး ဟော်မုန်း နည်းလို့ရော၊ များလို့ပါ ဖြစ်တတ်တယ်။ နဖူးပိုင်းနဲ့ မျက်ခုံးမွှေး အပြင်ပိုင်းတို့မှာ အများအားဖြင့် ဖြစ်ရတယ်။ ကျား-မ ဟော်မုန်း နှစ်မျိုးလုံးနဲ့ ဆိုင်တာမို့ အပြောင်းအလဲရှိရင် ဖြစ်စေတယ်။ ရာသီမမှန်၊ ကိုယ်ဝန်တားဆေး၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေး၊ ဆေးဝါး စတာတွေကြောင့် ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်စေတယ်။
Anticoagulants သွေးကျဲဆေး၊ ဂေါက်ဆေး၊ ဗီတာမင် A များသွားရင်၊ သွေးတိုးကျဆေးတချို့၊ နှလုံးရောဂါဆေး တချို့၊ စိတ်ကျဆေးတချို့ စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မှိုပိုး Fungal infections ကြောင့်လည်းဆံပင် ကျွတ်တယ်။ ဆီးချိုရှိနေရင်၊ (လူးပတ်စ်) ရောဂါတွေက ဖြစ်စမှာ ဆံပင်ကျွတ်တာနဲ့ စတတ်တယ်။ ဒါတွေကို ပြင်ပါ၊ စစ်ပါ၊ ကုပါ။
ဆံပင်ဖီးတာ ကြမ်းတမ်းလို့ရှိရင် ဖြစ်တတ်လို့ မလုပ်တော့ရင် ကောင်းပေမဲ့ ကျွတ်တဲ့နေရာက အမာရွတ် ဖြစ်သွားတဲ့အထိ ဆိုးသွားခဲ့ရင် အဲဒီနေရာမှာ ပြန်မပေါက်တော့ဘူး။ ဒါ့ကြောင့် ဆံပင်ဖီးတာကအစ ဘာလုပ်လုပ် သပ်သပ်ရပ်ရပ်၊ ညင်ညင် သာသာ လုပ်တဲ့အကျင့် မွေးယူဘို့-သင်ပေးဘို့ ကောင်းတယ်။ ရေစိုနေတုံး၊ ဆွပင်ခြောကနေတုံး ဘီးဖြီးတာမှာ သတိနဲ့လုပ်ပါ။ မိခင်တွေ အဒေါ်တွေစကား နာထောင်ပါ။ ဘီး အစိတ်-အကျဲအနေတော်တာ ရွေးဘို့လိုတယ်။ ခေါင်းသုံးဆီကအစ သဘာဝပစ္စည်းထက် ကောင်းတာ ရှားလှတယ်။
ကိုယ့်ဆံပင်ကိုယ် ယုယုယယ၊ စိတ်ထဲကပါ ကြင်နာမှုထားပြီး၊ ဖီးလိမ်း၊ ပြုပြင်တာ အလွန်ကောင်းတဲ့နည်း ဖြစ်တယ်။ သစ်ပင်-ပန်းပင်တွေကိုတောင် စကားပြော၊ သီချင်း-ဂီတ လုပ်ပေးတာနဲ့ တုံ့ပြန်နိုင်စွမ်းရှိတယ်။ အနာကို စိတ်နဲ့တောင် ကုလို့ ရနိုင်တယ်။ “ပျောက်စေရမယ်။ ပျောက်လာနေပြီ၊ အနာရဲ့ဘယ်နေရာက တစတစနဲ့ ဘယ်လို ကောင်းလာနေပြီ” ဆိုပြီး အာရုံထား၊ အမိန့်ပေး၊ စေခိုင်းသလို Suggestion ပေးနေရင် တကယ် ကောင်းလာ စေနိုင်တယ်။ ဆံပင်ကိုလဲ ကုစရာ၊ လုပ်စရာတွေနဲ့အတူ ဒီနည်းပါ ကြိုးစားသင့်တယ်။ ကိုယ့်စိတ်က ခိုင်မာ၊ တည်ငြိမ်၊ သမာဓိ ရှိအောင် အရင် ပြုစုပျိုးထောင်ပါလေ။
Dr. တင့်ဆွေ
Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ်
ဆရာ ကိုယ်ဝန်ဆောင်စဉ် ဆံပင်အရောင်စိုးရင်ဘာဖြစ်တတ်သလဲ။ ကလေးကိုထိခိုက်ပါသလားဆရာ။
လူကြီးနဲ့ မသင့်တာမဖြစ်ရင် ကလေးကိုလဲ မထိခိုက်စေနိုင်ပါ။ (စိုး) လို့မပေါင်ရပါ။ (ဆိုး) လို့ရေးရပါတယ်။ ဥပမာ ဆိုးသွားမှာစိုးတယ်။ စိုးရိမ်တယ်။ ဆေးဆိုးပန်းရိုက်။ ဆိုးတဲ့လူတွေကြီးစိုးနေသည်။
• Bad hair can mean bad health
ဆံပင် အရင်လို မဟုတ်ရင် ကျန်းမာရေး မကောင်းတာ ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ ကျန်းမာရေး အခြေအနေတွေနဲ့ ဆေးဝါးတွေကနေ ကိုယ်ခန္ဓာကို သက်ရောက်စေတာထဲမှာ ဆံပင်လဲ ပါတယ်။ တခါတလေ ဆံပင်သက်သက်သာ ဖြစ်နေတာလဲ ရှိတယ်။
• White flakes
Dandruff ဘောက်က မကူးစက်ပါ။ ဘာလို့လာဖြစ်သလဲ မေးရင် သိပ်တော့ မသိဘူး။ Fungus မှိုကတော့ ဖြစ်စေနိုင်တယ်။ Oily skin ဆီပြန်တဲ့ဆံပင်၊ Stress စိတ်ရှုတ်တာ၊ Obesity ဝတာ၊ Cold အေးတာ၊ Dry weather ရာသီဥတု ခြောက်သွေ့တာ၊ Eczema or Psoriasis နှင်းခူလိုအနာတွေကိုလဲ လက်ညှိုးထိုးနိုင်တယ်။ Antidandruff shampoo ဘောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည် နေ့စဉ်သုံးပါ။ ဆံပင်မှာ ၅ မိနစ်နေပြီးမှ ရေဆေးပါ။
• Yellow dandruff
ဘောက်ဝါ ခပ်စေးစေး ခပ်ဝါဝါ ဘောက်တမျိုးလဲရှိတယ်။ Seborrheic dermatitis ရောဂါရှိနေနိုင်တယ်။ ဟော်မုန်းနဲ့ မှိုတွေကလဲ တွဲနေတတ်တယ်။ အာရုံကြောရောဂါနဲ့လဲ တွဲတတ်တယ်။ ဘောက်ပျောက် ခေါင်းလျှော်ရည်အပြင် (စတီရွိုက်) ဆေးတို့ မှိုဆေးတို့လဲ လိုမယ်။
• You may shed more than you think
ဆံပင်ကျွတ်တာ ထင်တာထက် များနေသလား။ တနေ့မှာ ဆံပင် ၁ဝဝ ကျော်တာကို များတယ်လို့ ခေါ်သူကတယ်။ များတိုင်းလဲ မစိုးရိမ်ပါနဲ့။ ထိပ်ပြောင်သွားမယ် မထင်စေချင်ပါ။ တသိန်းလောက်များတဲ့ ဆံပင်ဖြစ်တဲ့ အိတ်လေးတွေရဲ့ ၉ဝ% ဟာ ဆံပင်အသစ်ဖြစ်လာနေပါမယ်။ ကျန်တာတွေက ၂ လ၊ ၃ လ နားနေကြတဲ့သဘောပေါ့။
• Telogen Effluvium
ခွဲစိတ်ကုသရတာ၊ ကလေးမွေးရတာ၊ ဆေးဝါးတွေ၊ ပိန်ချင်လွန်းလို့ မစားမသောက်နေတာ၊ စိတ်-အလုပ်ရှုတ်တာ၊ လည်ပင်းကြီး-ရောဂါတွေကနေ ဆံပင်သစ် မပေါက်ဘဲ နားနေတာ ဖြစ်စေနိုင်တယ်။ ဆံပင်တွေ အထွေးလိုက် ကျွတ်ကျမယ်။
• An attack on hair follicles
ရောဂါပြီးစနစ်ကနေ မှားပြီး အလုပ်လုပ်ရင် Alopecia areata ဖြစ်တယ်။ ရုတ်တရက်ဆိုသလိုဖြစ်တာမျိုး။ သူများမကူးပါ။ ကျန်းမာရေးကို မထိခိုက်ပါ။ စိတ်တော့ ပျက်မှာပေါ့။ ပြန်ပေါက်မယ်။ တချို့မှာ ပြန်ဖြစ်အုံးမယ်။
• Genes cause 90% of male hair loss
ဆံပင်ကျွတ်တာ ၉ဝ% မျိုးရိုးပါတယ်။ Rogaine (Minoxidil) နဲ့ Propecia (Finasteride) ဆေးတွေသုံးနိုင်တယ်။
• Female-pattern baldness ဣိတ္ထိယပုံစံ ဆံပင်ကျွတ်ခြင်း
တခေါင်းလုံး ဆံပင်ပါးလာမယ်။ ယောက်ျားတွေလို ထိပ်မပြောဘူး။ ဆံပင်ရှည်ရင် ဆံရင်းနေရာကို ဖိအား-တင်းအား များစေမယ်လို့ ပြောကြတာ မှားတယ်။
• Avoid sun damage to hair
နေရောင် များများထိတာ ဆံပင်အတွက်မကောင်းပါ။ ကျွတ်ဆတ်စေမယ်။ ကျွတ်စေမယ်။ ဦးထုပ်၊ ခမောက်၊ ခေါင်းစီး ခေါင်းအကာ အကွယ်သုံးပါ။
• Luscious locks need nutrients
အစာအာဟာရလဲ ဆံပင်အတွက် အရေးပါတယ်။ အရမ်းကိုပိန်ချင်နေလို့ မစားမသောက်နေရင် ဆံပင်ကျွတ်မယ်။ ဆံပင်-ကျန်းမာရေးအတွက် Omega-3 fatty acids, Zinc, and vitamin A တွေလိုတယ်။ များတော့ မများစေနဲ့။ နှလုံး-ကျန်းမာရေးအတွက် စားရတာ-ရှောင်ရတာတွေနဲ့ အတူဘဲပြောနိုင်တယ်။ Brazil nuts ထဲမှာ Selenium ဓါတ်ပါတယ်။ Oysters နဲ့ Cashews မှာ Zinc ပါတယ်။ Carrots ကနေ Vitamin A ရတယ်။
• Premature gray hair is genetic
အသက်ငယ်ငယ်နဲ့ ဆံပင်ကျွတ်ရင် မျိုးဗီဇကြောင့်ဖြစ်နိုင်တယ်။ ဆံပင်ကျွတ်တိုင်း ပါးတိုင်းတော့ ကျန်းမာရေးဆိုးတာလို့ မထင်ပါနဲ့။ ဒါပေမဲ့ Anemia သွေးအားနည်းတာ၊ Thyroid လည်ပင်းကြီး၊ Vitamin B-12 deficiency ဘီ-၁၂ နည်းတာ၊ Vitiligo အမူးရောဂါတွေကနေ အသက်မကြီးဘဲ ဆံပင်ကျွတ်နိုင်တယ်။
• Traction Alopecia damages follicles
ဆံပင်ကို ခပ်တင်းတင်းဆွဲရင်လဲ ကျွတ်နိုင်တယ်။ ခေါင်းလျှော်ရည် ကြော်ညာထဲကလို ပြောတာပါ။ (မော်ဒယ်-ဂဲလ်) ရဲ့ ကွန်ပြူတာနဲ့ ရှည်လျားလှအောင်လုပ်ထားတဲ့ မဲမှောင်နေတဲ့ ပိတုံးရောင် ကေသာရှည်ကို တိုင်မှာခြည်တားပြီး ဘယ်လို ဆွဲဆွဲ ကျွတ်မထွက်ဘူးလို့ ကြော်ညာတယ်။ ဆံပင်ပုံစံက ဆံပင်ကို သက်တောင့်သက်သာရှိပါစေ။ Over-styling ဆံပင် စတိုင်ကို လိုတာထက် မပိုစေပါနဲ့။ ခေါင်းဖီးတာလဲ မကြမ်းတမ်းပါနဲ့။ ဆေးဆိုးတာလဲ ညင်သာပါ။
• Side Effect
ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေသတိပြုပါ။ သွေးမခဲဆေး၊ (ကိုလက်စထော) ကျဆေး၊ စိတ်ကျဆေး၊ သွေးဆုံးလို့ပေးရတဲ့ဆေး၊ ကိုယ်ဝန်တားဆေး၊ ပိုးသေဆေး၊ အနာအကိုက်ပျောက်ဆေးတွေ ပါတယ်။
• Scalp Massage
ဆံပင်ကို နှိပ်နယ်တာ ကောင်းပါတယ်။ သိပ္ပံနည်းကျ သက်သတော့ မပြနိုင်ပါ။ စိတ်သက်သာရာရစေတော့ စိတ်ဖိအားကျလို့ အကျိုးရှိတယ်။ Feel-good hormones ခေါ်တဲ့ Dopamine နဲ့ Serotonin တွေကို ပိုထွက်စေတယ်။
• Hair Analysis
ဆံပင်သုတေသန စိတ်မချရပါ။ American Medical Association ကနေပြောတာ ဖြစ်ပါတယ်။ ကောင်းပါတယ်ပြောတိုင်း မယုံပါနဲ့။
- Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁) http://doctortintswe.blogspot.com/2014/11/hair-loss.html
- Hair loss (2) ဆံပင်ကျွတ်ခြင်း (၂) http://doctortintswe.blogspot.com/2015/04/hair-loss.html
- Hair loss in pregnancy ကိုယ်ဝန်ဆောင်ချိန် ဆံပင်ကျွတ်တာ ယာယီပါ http://doctortintswe.blogspot.com/2015/04/hair-loss-in-pregnancy.html
- Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://doctortintswe.blogspot.com/2014/11/hair-health.html
- Scalp fungus ဦးရေခွံပွေး http://doctortintswe.blogspot.com/2015/04/scalp-fungus.html
- Secrets to healthy hair ဆံပင်ကျန်းမာရေး http://doctortintswe.blogspot.com/2015/05/secrets-to-healthy-hair.html
- Foods for Healthy Hair ဆံပင် အာဟာရ http://doctortintswe.blogspot.com/2014/11/foods-for-healthy-hair.html
- Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့ http://doctortintswe.blogspot.com/2014/11/oily-hair.html
- Soft Hair ဆံပင်မကြမ်းအောင် ဘယ်လိုလုပ်မရမလဲ http://doctortintswe.blogspot.com/2014/11/soft-hair.html
- Hair salon ဆံပင်အလှပြင်သူတွေအတွက် http://doctortintswe.blogspot.com/2015/06/hair-salon.html
- Body hair တလွဲဆံပင်ကောင်းသူများ http://doctortintswe.blogspot.com/2014/11/body-hair.html
Dr. တင့်ဆွေ
Foreign လူသစ်များသို့ပေးစာ (၂)
သို့မဟုတ် နိုင်ငံခြားသွားဇာတာ
ကျနော်ငယ်ငယ်ကတည်းက နိုင်ငံခြားဆိုတာ သွားရလိမ့်မယ်လို့ ထင်မထားခဲ့ပါ။ ကျွန်တော့်လက္ခဏာမှာလည်း အဲဒီမျဉ်းကြောင်း ပါ-မပါကို မကြည့်တတ်ပါ။ ဒါပေမယ့် ပြည်ပမှာနေရတာတော့ နှစ်အစိတ်ကျော်နေပြီ။
အထက်တန်းကျောင်းသားဘဝ မြန်မာပညာတော်သင်တွေအကြောင်း သံရုံးတွေကထုတ်တဲ့ စာစောင်တွေထဲမှာ ဖတ်ရရင် အတော်တော့ အားကျတာအမှန်ပါ။ အဲဒါက အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေကနေ မှာပြီးဖတ်တဲ့ စာအုပ်တွေထဲမှာ တွေ့တာပါ။ အထက်တန်းကျောင်းသားဘဝမှာ သံရုံးတိုင်းကနေ စာစောင်တွေ စာအုပ်တွေ လှမ်းမှာတဲ့ ဝါသနာရှိလို့ စာအမျိုးစုံကို ဖတ်ခဲ့ရတယ်။ စာတိုက်ကနေ ပို့ပေးသမျှ အကုန်ပါပဲ။ အနောက်ဂျာမနီ (ဂျာမနီနိုင်ငံက ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက နှစ်နိုင်ငံဖြစ်ရာကနေ ၃-၁ဝ-၁၉၉ဝ ရောက်မှ တနိုင်ငံတည်းပြန်ဖြစ်တယ်) သံရုံးက စာအုပ်တွေက စာရွက်အရည်အသွေး အကောင်းဆုံးဖြစ်တယ်။ ဆိုဗီယက်၊ တရုတ်၊ ယူဂိုဆလားဗီးယားစတဲ့ လက်ဝဲနိုင်ငံတွေကလာသမျှ စာရွက် အတော်ညံ့တယ်။ လက်ဝဲအယူအဆနဲ့ အမိန့်နာခံမှုကိုသာ ဖတ်ရပြီး သူတို့တိုင်းပြည်တွေမှာ တိုးတက် အောင်မြင်နေကြောင်း၊ ကိုယ့်ကိုယ်ကို ချီးမွမ်းထားတာတွေသာ ပါတယ်။ ကျွန်တော့်ကလေးဘဝ နိုင်ငံတကာအရေး အကဲဖြတ်ချက်က သည်လောက်သာ ရှိပါတယ်။
ဆိုရှယ်လစ်ဘက်ယိမ်းတဲ့ (မဆလ) ရေဒီယိုနဲ့ သတင်းစာတွေမှာ အဲဒါတွေသာပါတယ်။ အမေရိကန်သံရုံးက ထုတ်ဝေနေတဲ့ လင်းရောင်ခြည်ဂျာနယ် ပိတ်ခံရတာလည်းသိတယ်။ ဘီဘီစီ ငွေဗျိုင်းဖြူကဏ္ဍ၊ လူရည်ချွန်ကဏ္ဍ ပိတ်ခံရတာလည်း မှတ်မိတယ်။ ဘာလို့လဲတော့ သိပ်မသိခဲ့ပါ။
ဆေးကျောင်းရောက်တော့ နည်းနည်းနားလည်လာတယ်။ ဗိုလ်ချုပ်နေဝင်းအစိုးရကို မကြိုက်တာ မှန်ပေမယ့် တရုတ်ပြည်ကနေ အသံလွှင့်နေတဲ့ (ဗကပ) ရေဒီယိုက အလွန့်အလွန် တဖက်သတ်ဆန်တဲ့ အပြောအဆို အသုံးအနှုန်းတွေကို နားကြားပြင်းကပ်ရာကနေ ၁၉၆၇ တရုတ်အရေးအခင်းမှာ အမှတ်မထင်ပါသွားတယ်။ မန္တလေးနန်းတွင်းထောင်ထဲမှာ တနေ့တာထိန်းသိမ်းတာ ခံရတယ်။ ဗိုလ်ချုပ်နေဝင်းဆန့်ကျင်ရေးလုပ်တာလို့ မပြောလိုပါ။ ကွန်မြူနစ်ဆန့်ကျင်ရေးလို့လည်း တံဆိပ်ကပ်လို့ မရပါ။ ဒီမိုကရေစီလည်း မကြားဖူးသေးပါ။
ဆေးကျောင်းအပြီးမှာ သူငယ်ချင်းတချို့က နိုင်ငံခြားထွက်ကြတော့ နည်းနည်းအံ့သြမိတယ်။ ဘယ်လိုကဘယ်လိုတော့ မမေးမိပါ။ ဆရာဝန်တွေ မလေးရှား၊ ဂျမေကာ စတဲ့နိုင်ငံတွေကို သွားအလုပ်လုပ်ကြတာလည်း ကြားရတယ်။ အဲဒါလည်း မစပ်စုဖြစ်ပါ။ ကျနော်က တောနယ်ဆေးရုံတွေမှာသာ တာဝန်ကျနေပြီ။ နိုင်ငံခြားသွားအိပ်မက် မမက်နိုင်ပါ။
နိုင်ငံရေးထဲရောက်တော့ နိုင်ငံခြားအကူအညီနဲ့ အဆက်အသွယ်ကို တားမြစ်တာသိတယ်။ ကိုယ်က နယ်မှာသာနေရလို့ ဘယ်သံရုံးကိုမှလည်း အဝင်အထွက်မရှိပါ။ ကျနော်က အိန္ဒိယကို သွားခဲ့ရတာ မှန်ပေမယ့်၊ ၁၉၈၈ အရေးအခင်းကာလမှာ အိန္ဒိယသံရုံးကနေ ကူညီတယ်ဆိုတာကို အိန္ဒိယရောက်မှသာ သိတာပါ။ စင်ပြိုင်အစိုးရဖွဲ့ဖို့ရာ စိုင်းပြင်းကြတုန်းက အမေရိကန်သံရုံးကို သွားစကားပြောဖို့ ဖြစ်လာပါတော့တယ်။ အစည်းအဝေးကနေ ရွေးချယ် တာဝန်ပေးထားသူက မသွားတော့ ဗြဟ္မာကြီးဦးခေါင်းက ကျနော့်ပခုံးပေါ် ကျလာပါရော။ တာဝန်ယူရဲတဲ့သတ္တိရှိပေမယ့် အမေရိကန်သံရုံးကို မသွားဖို့ နောက်ဆုံးမိနစ်မှာ ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ပါတယ်။ ကံတရားကနေ ဖယ်မပေးတာလို့ မှတ်ယူပါတယ်။ သွားလိုက်တာနဲ့ အင်းစိန်ထောင်ထဲ အစောဆုံးဝင်ရတဲ့အမတ် ဖြစ်နိုင်တယ်။
အိန္ဒိယကို ထွက်ရတာကလည်း ဇာတာအရသာဖြစ်မယ်။ သွားဖို့တာဝန်ရှိတာက ထိုင်းနယ်စပ်ပါ။ ၁၉၉ဝ ဒီဇင်ဘာလထဲမှာ ထောက်လှမ်းရေးတွေက အိမ်ကိုလာဖမ်းတော့ လွတ်အောင်ရှောင်နိုင်လို့ နောက်နေ့မနက်ထုတ် လုပ်သားပြည်သူ့နေ့စဉ် နောက်ကျာဖုံးမှာ ဓာတ်ပုံနဲ့အတူ တရားခံပြေးအဖြစ်ပါလာတယ်။ စင်ပြိုင်အစိုးရဖွဲ့ဖို့ ကိုယ့်လူတွေက ထိုင်းနယ်စပ်ကို သွားနေကြပြီ။ ကျနော်ပုန်းအောင်းနေတဲ့ နေရာကနေ ထိုင်းနယ်စပ်ကို သွားဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မယ်မထင်ပါ။ အဲလောက်ထိ မစွန့်စားဘို့ ဆုံးဖြတ်လိုက်ပြီး အနီးဆုံးဖြစ်တဲ့ အိန္ဒိယကိုသာ ရွေးချယ်လိုက်ပါတယ်။ နယ်စပ်ရောက်အောင် ဘယ်ကားမှ ငှားရမှာမဟုတ်လို့ ကိုယ့်ကားကိုသာ ကားလမ်းအဆုံးဖြစ်တဲ့ ဟားခါးအထိမောင်းတယ်။ နောက်ထပ် ၆ ရက်နဲ့ ၅ ည ခြေလျင်ခရီးနဲ့ ချင်းတောင်တန်းကိုကျော်ဖြတ်အပြီးမှာ အိန္ဒိယ-မြန်မာနယ်စပ်ကို ရောက်ပါတော့တယ်။ မမေ့ပါ အဲတာ ၂၁-၁၂-၁၉၉ဝ နေ့မှာ။
အမျိုးသားညွန့်ပေါင်းအစိုးရကို အဝေးရောက်အစိုးရလို့ မီဒီယာတွေက သုံးပါတယ်။ စစ်အစိုးရကတော့ ပြည်ပြေးလို့ ခေါ်ပါတယ်။ တိုင်းပြည်တွေ ရှိသမျှကို ပြေးရတော့မှန်တယ်။ ကျနော်ငယ်တုန်းက စာအုပ်တွေမှာယူဖတ်ခဲ့တဲ့ သံရုံးတွေရဲ့ နိုင်ငံတွေကို တကယ်ရောက်ရပါတော့တယ်။ စာရွက်သားအကောင်းဆုံးထုတ်တဲ့နိုင်ငံတွေကို အခေါက်ခေါက် ရောက်တယ်။ မော်စကိုမြို့ကိုတော့ ထရန်ဆစ်သာ ရောက်တယ်။ လင်းရောင်ခြည်မဂ္ဂဇင်း ထုတ်ဝေခဲ့တဲ့နိုင်ငံမှာ အခြေချလိုက်ရပါတော့တယ်။ အခုတော့ ကျနော်ဟာ နိုင်ငံခြားရောက် ရွှေမြန်မာ လေးသန်းကျော်ထဲက တယောက်သာ ဖြစ်ပါတယ်။ တမြန်နှစ်က စာရင်းချုပ်ကြည့်ပါတယ်။ ကျွန်တော် စုစုပေါင်း (၃၁) နိုင်ငံကို ရောက်ခဲ့တယ်။
၂ဝ၁၂-၂ဝ၁၅ မှာ ရွေးချယ်ခံရတဲ့လူသစ်တွေကတော့ ကံကောင်းကြပါတယ်။ ပါတီကိုယ်စားပြုပြီး ပြည်တရားဝင်ခရီးတွေ သွားလာနိုင်ကြတယ်။ ကျနော်တို့တုန်းက အန်အယ်လ်ဒီကို ကိုယ်စားပြုပြီး ပြောတာပါလို့ ပြောရပေမယ့် အန်အယ်လ်ဒီ ခေါင်းဆောင်မှုနဲ့ အဆက်အသွယ်လုပ်လို့ မရပါ။ လုပ်လိုက်ရင် အထဲကလူတွေ ထောင်ထဲရောက်ကြမယ်။ ပါတီပါ အဖျက်ခံရနိုင်သေးတယ်။ လူသစ်တွေကနေ နိုင်ငံတကာစင်မြင့်တွေမှာ တိုင်းပြည်အကျိုးသယ်ပိုးဖော်ဆောင်နိုင်ကြပါစေ။
ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၅
၂၈-၁၁-၂ဝ၁၇
India minister says sin causes cancer ကင်ဆာနဲ့ အကုသိုလ်
၂၃-၁၁-၂ဝေ၇ နေ့က သတင်းတခုမှာပါတယ်။ အိန္ဒိယနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးတဦးက ကင်ဆာဆိုတာ အတိတ် အကောင်းမှုဒဏ်ကြောင့်ခံရတဲ့ ဘုရားပေးတရားစီရင်ချက်ဖြစ်တယ်လို့ ပြောလိုက်တဲ့အတွက် ကင်ဆာလူနာမိသားစုတွေက ဒေါသထွက်နေကြပါတယ်။ မိဘတွေရဲ့ မကောင်းမှုကြောင့် ကင်ဆာလိုရောဂါတွေရနိုင်တယ်လို့ အာသန်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဟီမင်သာ ဘစ်ဝါ ဆားမားကပြောတာဖြစ်ပါတယ်။
ဘီဘီစီအင်္ဂလိပ်သတင်းမှာ Sin လို့သုံးပါတယ်။ မြန်မာဘာသာပြန်တွေမှာ အကုသိုလ်လို့ပြန်တတ်ကြတယ်။ အိန္ဒိယမှာ လူဦးရေအများစုက ဟင်ဒူဘာသာဝင်တွေဖြစ်ကြပါတယ်။ သူတို့ဘာသာမှာ Sin ဆိုတာ ခရစ်ယန် ဘာသာဝင်တွေ ယူဆတာနဲ့ မတူပါ။ မြန်မာလို အကုသိုလ်လို့ဘာသာပြန်တာလည်း မမှန်နိုင်ပါ။ မကောင်းမှုလို့သာ သုံးသင့်တယ် ထင်ပါတယ်။
ဒုက္ခကို Suffering လို့ ဘာသာပြန်သူက များတယ်။ အင်္ဂလိပ်လိုရော မြန်မာလိုပါ အဓိပ္ပါယ်တိကျတဲ့ ဝေါဟာရမရှိလို့ ပါဠိအတိုင်းသာ ရေးရတယ်။ ပါဠိလို Dukkha နဲ့ ဆန်းစ်ကရစ် Duḥkha လို့ရေးတယ်။ ကျွန်တော်တို့က ပါဠိကိုယူတယ်။
အလားတူ ဗုဒ္ဓဘာသာအသုံးတွေကို အင်္ဂလိပ်လိုဘာသာပြန်တဲ့အခါ အဆီအငေါ်မတည့်တာတွေ ရှိသေးတယ်။ Monk ဘုန်းကြီး၊ Clergy ဘုန်းတော်ကြီး၊ Monastery ဘုန်းကြီးကျောင်း၊ Abbot ကျောင်းထိုင်ဆရာတော်၊ Pagoda ဘုရား၊ Temple စေတီ စသဖြင့်သုံးနေကြတယ်။ မတူကြပါ။ ဆရာတော်တချို့က Reverend (Rev.) လို့သုံးကြတယ်။ တချို့က Venerable (Ven.) လို့သုံးတယ်။ ခရစ်ယန်ဘာသာကယူတာတွေဖြစ်လို့ မတူကြပါ။ ခရစ်ယန်ဘာသာရေးစာတွေမှာ ပါဠိစာလုံးတွေ ယူသုံးတယ်။ မတူကြပါ။ တူသလိုလို ထင်စေနိုင်တယ်။
ပြောဆိုမိတ်ဆက်ကြရာမှာတော့ ဗုဒ္ဓဘာသာနဲ့ မရင်းနှီးသူတွေ နားလည်စေအောင် သုံးတာတော့ သင့်ပါတယ်။ အတိအကျတော့ မရေးတော့ပါ။ မြန်မာဘာသာပြန်ဆိုတဲ့အခါ သတိထားစရာတွေလို့သာ တင်ပြပါတယ်။
ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၇
သစ္စာဆောင်
တမြန်နှစ်က ဒီလိုနေ့မှာ လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်ပါတယ်။ လုံခြုံရေးအတွက် မီးရှို့ ဖျက်ဆီးတာမခံရပဲ ချန်ထားတာလေးေ...