မိုးနဲ့ဆောင်း ပြန်ပြောင်းအောက်မေ့ခြင်း

• အဲသည်နှစ်မိုးတွင်း ငါတို့ရန်ကုန်ဆင်းကြရ၏။
• ဂန္ဒီကအဆင်းမှာ ထီးမပါတဲ့ငါတို့ကို ထီးမဆောင်းတဲ့လူထုက ဖြောင်းဖြောင်းလက်ခုပ် တီးပေးကြ၏။
• ၁/၉ဝ နဲ့တုံ့ပြန်တာကို ငါတို့က သုံးလရာဇသံ ပြန်ပေးလိုက်ကြ၏။
• နာခံမယ်မဟုတ်မှန်းလဲ ငါတို့ မသိမရှိ။
• အညာတက် အကွက်ချဘို့ဖြစ်လာ၏။
• ဟိုနေရာသည်နေရာထိုင်ပြီး တိုင်ပင်ကြ၏။
• တောင်းတာမရရင် ညောင်းကြမှဖြစ်မည်၊
• အလီ ဆယ့်လေးကို နှစ်နဲ့မြှောက် နှစ်ဆယ့်ရှစ်ယောက်၊
• နောက်ထပ် နှစ်ဆယ့်ရှစ်ယောက် သွေးသောက်။
• ထောက်လှမ်းရေးတကောက်ကောက် ကြံတိုင်းမပေါက်၊
• တဖက်ကမ်းရောက်သူကရောက်၊ ငရဲခန်းရောက်သူကရောက်၊
• ထင်တိုင်းမပေါက်ပေမဲ့ ကြံတဲ့အတိုင်းမြောက်ခဲ့ကြ၏။
• အဲသည်နှစ်ဆောင်းမှာ ငါတို့ဖါသာ အစိုးရဆိုတာဖွဲ့ခဲ့ကြ၏။
• ငါတို့အတွက် နေပြည်တော်ကား တည်ပြီးသား၊ ဝါးတော သစ်တော မာနယ်ပလော။

အခုနေပြည်တော်မှာ လွှင့်ထားတဲ့အလံကို မာနယ်ပလောရုံးမှာ အဲသည်ကာလမှာ လွှင့်ထားပါတယ်။

(၁၈-၁၂-၁၉၉ဝ မှာဖွဲ့ခဲ့တဲ့ စဉ်ပြိုင်အစိုးရ အမှတ်တရ)

ဒေါက်တာတင့်ဆွေ
၁-၁၂-၂ဝ၁၃
၁-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး