The battle of Waterloo ဝါတာလူးစစ်ပွဲ

ဆရာရှင့် The battle of Waterloo was won in the playing fields of Eton. ရဲ့အဓိပ္ပာယ် သိချင်ပါတယ်ရှင့်။

အဲတာဟာ မှားနေတဲ့ ကိုးကားချက်တခုလို့ Oxford Dictionary of Quotations ကဆိုပါတယ်။

ဂျော့အိုဝဲလ် ၁၉၄၁ ခုနှစ်တုန်းက ရေးသားခဲ့တဲ့ The Lion and the Unicorn စာအုပ်မှာ အဲလိုပါတယ်။ တကယ်တန်း ဖြစ်ခဲ့တာက အဲဒီနောက်မှာဖြစ်တဲ့ အစပိုင်းဆက်ဖြစ်တဲ့စစ်ပွဲတွေက အဲဒီမှာ ရှုံးခဲ့တာတွေဖြစ်ပါတယ်။ ဝယ်လင်တန် ဂျုခ် ပြောတဲ့စကားကို ကိုးကားရေးသာတာဖြစ်မယ်။ အဲတာ ဒဏ္ဍာရီစကားသာဖြစ်ပါတယ်။ မြို့စားကြီး အီတွန်ကိုလာတော့ It is here that the battle of Waterloo was won! ဒီနေရာမှာ ဝါတာလူးစစ်ပွဲ အောင်နိုင်ခဲ့တယ်လို့သာ ပြောပါတယ်။

ဝါတာလူးစစ်ပွဲဟာ ၁၈၁၅ ခုနှစ် ဇွန်လ (၁၈) ရက်နေ့က ဘယ်လ်ဂျီယန်နိုင်ငံမှာဖြစ်ပွါးခဲ့ပါတယ်။ ပြင်သစ်ဧကရာဇ် နပိုလီယန် ဘိုနာပတ် (၁၇၆၉-၁၈၂၁) ရဲ့ နောက်ဆုံး အရှုံးပေးလိုက်ရတဲ့စစ်ပွဲကြီးဖြစ်တယ်။ နပိုလီယန်ဟာ ပြင်သစ်တော်လှန်ရေး (၁၇၈၉-၁၇၉၉) အတွင်း ပြင်သစ်စစ်တပ်မှာ အဆင့်ဆင့်တက်လာတယ်။ ၁၇၉၉ မှာ တိုင်းပြည်ခေါင်းဆောင်နဲ့ ၁၈ဝ၄ မှာ ဧကရာဇ် ဖြစ်လာတယ်။ စစ်ပွဲတိုင်းလိုလိုနိုင်တယ်။ ၁၈၁၂ ရုရှားကို ထိုးဖေါက်တာ မနိုင်ပါ။ ၁၈၁၄ မှာ တိုင်းပြည်ကနေ ထွက်ခွါရတော့တယ်။ ၁၈၁၅ မှာပြင်သစ်ကိုပြန်လာတယ်။ ဗြိတိသျှနဲ့ ပရပ်ရှားတို့နဲ့ တိုက်တဲ့ ဝါတာလူးစစ်ပွဲမှာ နောက်ဆုံးအရှုံးပေးလိုက်ရတယ်။ သရဖူဖယ်ရှားခံရပြီး ပြည်ပမှာပဲ ကွယ်လွန်တယ်။ ပြည်ပရောက်ခေါင်းဆောင်တဦးရဲ့ ကျဆုံးခန်း။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး