စာမဖတ်ခန်း ပြီးဆုံးခြင်း

တခါတခါ ကဗျာလို့ခေါ်တဲ့စာတွေဖတ်ရ
သက်တံပေါ်ရောက်လိုက်ရ၊ ငရဲကြီးရှစ်ထပ်အောက်ကျလိုက်ရ
လူ့မလိုင်ဖြစ်လိုက်ရ၊ ခြင်းတောင်းထဲစွန့်လိုက်တဲ့လက်ဖက်ခြောက်ဖတ်ဖြစ်လိုက်ရ
ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်လိုက်ရ၊ ပုစွန်ဆိပ်ခေါင်းဖြစ်လိုက်ရ။

စာဖတ်နေရင်း စောင်နုအခင်းမှာ ကြမ်းပိုးမထိုးလာ
သောက်နေတဲ့ ရေနွေးအိုးနဲ့ လက်ဖက်ရည်ကြမ်း ကုန်ခမ်းမသွားရှာ
ဖုန်းသဲမပါ ကန်စွန်းရွက်တို့စရာစား၊ တခါတခါ အမဲခြောက်ဝါး
ချီးမွမ်းခြင်းနဲ့ ကဲရဲ့ခြင်း သူများထက်ထူးမပို ထူးမနည်း
ကဗျာထဲကထွက် သံသရာဝဲဆက်။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ