စိုင်း နှင့် ဆိုင်း

ကျွန်နော့်အသက် ၂၈နှစ်ပါ။ ခါးနာဝေဒနာ ခံစားနေရတာ ၁နှစ် ကျော်ပါပြီ။့ နိုင်ငံကားပစ္စည်းစက်ရုံမှာ နေ့စိုင်းတပတ် ညစိုင်းတပတ် အလုပ်လုပ်ပါတယ်။

နေ့ဆိုင်း ညဆိုင်းလို့ ရေးသင့်ပါတယ်။

စိုင်း
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
စိုင်းပြင်း
ထင်ရာစိုင်း
လူအမည် စိုင်း

ဆိုင်း
ဆိုင်းတန်းရပ်
ဆိုင်းတီးသည်
ဆိုင်းသမား
ဆိုင်းအဖွဲ့
ဆိုင်းငံ့
ဆိုင်းထမ်း
ဆိုင်းဘုတ်
တုံ့ဆိုင်း
မြူခြေဆိုင်း
အဆိုင်းလိုက်အလုပ်
နေ့ဆိုင်း ညဆိုင်း
မောင်ရင်ဆိုင်းတမ်းကြယ်စု
နှင်းမြူဆိုင်း

သီတင်းကျွတ်လဘွဲ့ (ဦးပြုံးချို)
ဆီမီးငယ်တဲ့ ထိန်ထိန်
အိုင်မင်း ရေကြည်က
ကြားငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ခါချိန်။

အသဝနီ ယှဉ်ကာချဉ်းပါလို့
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူခြေဆိုင်း။

ဂါရဝေ
သဒ္ဓါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ် နှိုးကြတယ်
မျိုးမြန်မာ့တိုင်း။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး