Bamboo Bed ဝါးကွပ်ပြစ်

ကွန်မင့်တခုရတယ်။ လက်ကိုင်ဖုန်း မပေါ်သေးတဲ့ အချိန်မှာမွေးလာခဲ့တဲ့ လူအိုကြီးတွေရဲ့ စကားဝိုင်းမှာ ဝေဆာနေရမယ့် ရှေးဟောင်း နှောင်းဖြစ်တွေကို လက်ကိုင်ဖုန်းတွေက အဟန့်အတားဖြစ်နေစေလေသလား လူငယ်တွေစကားဝိုင်း ဆိုရင်တော့ ဆိုဖွယ်မရှိတော့ပါ တဲ့။

ငယ်ငယ်က ဝါးကွပ်ပြစ်မှာ မကြာခဏ ထိုင်ခဲ့ဘူးတယ်။ လှဲနေခဲ့၊ အိပ်စက်ခဲ့ဘူးတယ်။ တခါတခါ တယောက်တည်း။ အများအားဖြင့် ဆော့ဖေါ်ဆော့ဘက်တွေနဲ့။ 

ဝါးကွပ်ပြစ်ပေါ်ထိုင်ရင်း လူကြီးသူမတွေပြောတာကို နားထာင်ခဲ့ရတယ်။ ဦးလေးတွေ အဒေါ်တွေနဲ့။ 

ပြောကြဆိုကြတာတွေက မိုးလေဝသ၊ စိုက်ပျိုးသီးနှံ၊ ရပ်ရေးရွာရေး၊ တိုင်းရေးပြည်အရေး၊ တောဖြစ်ဗဟုသုတ။ အဲဒီကာလမှာ သူပုန်တွေပေါတယ်။ ခုခေတ်မှာ ပိုပိုပြီးများလာတယ်။ မပြောရဲကြ။

ဝါးကွပ်ပြစ်မှာထိုင်ရင်း ငယ်ရွယ်သူတွေကို စကားပြောခွင့်မရတော့ပါ။ ဝါးကွပ်ပြစ်မရှိတဲ့နေရာမှာ ရောက်နေလို့လား မသိ။ လူကြီးသူမစကားကို ကြားလိုသူတွေ မရှိတော့လို့လား မသိပါ။

ဝါးလည်းရှား၊ စကားလည်း ရှားပြီ။ နားလည်သူ နည်းပြီ။ ကိုယ်က နားမလည်တာ များလာပြီ။ 

ဒေါက်တာတင့်ဆွေ
၁၂-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)