ဘား နှင့် ဖါး

ဆရာ ဘားကဘာကိုဆိုလိုတာပါလဲ။ ဘားနဲ့ဖားက အက္ခရာမတူ အဓိပ္ပာယ်တူလားသိချင်ပါတယ်။

ဖါးရော ဘားပါ ရေးကြတယ်။

ဘား
ကျွမ်းဘားကစား
ဘားခုန် ဘားဆင်း = မညီမညွတ် ချွတ်ယွင်းသည်
ဘားတင်္ဂါဟူ၍ ဘကုန်းနှင့်လည်းရှိသည်။ (ဘောကာ = ဘား)
ဘားနဒ် ပိဋကတ်တိုက်
ဘားပြုပ်
ဘားသတ္တဝါ
ဘားကောင်စီ

ဖါး
ကျုံဖါးရွာ
စွပ်ဖါး
စားဖါး
ဖားခုံညင်း
ဖါးခုန် ဖါးဆင်း = ဘားခုန်ဘားဆင်း = မညီမညွတ် ချွတ်ယွင်းသည်
ဖားစည်
ဖားတလက်
ဖါးပျံ
ဖါးဖါးရှည်ရှည်
ဖါးဖါးဝေဝေ
ဖါးပြုပ်
ဖားပြုပ်ဆုတ်ဆိုင်းပင်
ဖားလားချ (အွန်လိုင်းသတ်ပုံ)
ဖါးလျားကျသည်
ဖါးလျားဆံပင်
ဖါးလျားလျား
ဖါးအံမြို့
ဖါးကောက်
ဖါးကောင်
ဖားလောင်းကောင်
သစ်နှာဖါး
အပ်နှာဖါးပေါက်
မော၍ဖါးနေသည်
နွားနှာဖါးကြိုး

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး