Dengvaxia သွေးလွန်တုပ်ကွေး ကာကွယ်ဆေး

တကယ် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ဆေး ပေါ်ပြီလားဆရာ အသိအမှတ်ပြုပြီလားဆရာ။

မေးတဲ့သူက လင့်တခုပါပို့တယ်။ ဒီနေ့တော့ အားလုံးစိတ်ဝင်စားမယ့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ဆေးအကြောင်း ရေးပေးချင်ပါတယ်။ dengue vaccine (dengvaxia)ကို 2016 မှာ approve လုပ်လိုက်ပြီး dengue strain 4 မျိုးလုံးကို ကာကွယ်ပေးနိုင်ပါတယ်။ ကာကွယ်ပေးနိုင်တဲ့ရာခိုင်နှူန်းကတော့ strain တမျိုးနဲ့တစ်မျိုး ရာခိုင်နှူန်း အနည်းငယ် ကွာပါတယ်။ အသက် 12 မှ 45 အတွင်း ထိုးရန်သာ studies တွေက ထွက်ရှိထားပါတယ်။ 3 dose ကို 6 လ (0,6,12) ခြားထိုးရမှာပါ။ 3 dose လုံးထိုးပြီးမှသာ အာနိသင်ရှိမှာဖြစ်ပြီး 3 လုံးမြောက် ထိုးပြီးချိန်ကနေစလို့ 4 နှစ် effective ဖြစ်မှာ ဖြစ်ပါတယ်။။ dengue ကို အရင်ကဖြစ်ဖူးပြီး immune အနည်းငယ် ရှိပြီးသားလူတွေမှာ ကာကွယ်ဆေးက ပိုပြီး ထိရောက်မှူ ရှိပါတယ်။ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်စေတဲ့ virus 4 မျိးရှိတဲ့အနက် virus type 3 and 4 ကို ကာကွယ်ဆေးက ကာကွယ်နိုင်စွမ်းပိုများပါတယ်။ ဒီကာကွယ်ဆေးက ကြိုထိုးထားသင့်တဲ့ ကာကွယ်ဆေး တမျိုးပါ။ vaccine fully protect ဖြစ်ဖို့ 3 dose ကို 6 လခြားထိုးရမှာဖြစ်လို့ outbreak ဖြစ်တဲ့အခါမှ အလောတကြီး ထိုးရင်လည်း dose မပြည့်သေးခင် ကာကွယ်မှူ ရမှာမဟုတ်ပါ။ မြန်မာပြည်အတွက်လည်း ဆရာကြီးတွေ ကြိုးစားပေးနေကြတာဖြစ်လို့ ဆေးရမရ ကိုတော့ နီးစပ်ရာဆေးခန်း၊ ကလေးအထူးကုဆရာဝန်ကြီးများထံ စုံစမ်းကြည့်ကြပါရှင်လို့ ဖတ်ရတယ်။

ကျွန်တော် Dengvaxia သွေးလွန်ုတုပ်ကွေး ကာကွယ်ဆေးစာကို ၁၁-၁ဝ-၂ဝ၁၆  နေ့ကတည်းကရေးထားပါတယ်။ သွေးလွန်ုတုပ်ကွေး ကာကွယ်ဆေး Dengvaxia ကို ၁၁ နိုင်င်ငံကနေ ရောင်းချခွင့်ပြုတဲ့သတင်း ၄-၁ဝ-၂ဝ၁၆ နေ့က ထွက်ပါတယ်။ တောင်အမေရိကတိုက်က မက်ဆီကို၊ ဘရာဇီးလ်၊ အယ်လ်ဆာဗာဒို၊ ကော့စတာရီကာ၊ ပါရာဂွိုင်း၊ ပီရူးနဲ့ အရှေ့တောင်အာရှက စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တွေပါဝင်တယ်။ Sanofi Pasteur ကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ Dengue ဒင်ဂေး ခေါ် သွေးလွန်တုပ်ကွေးဆိုတာ အပူပိုင်းဒေသမှာရှိတဲ့ ခြင်ကနေတဆင့်ကူးစက်တယ်။ Flavivirus ပိုးကြောင့်ဖြစ်တယ်။ Dengue viruses 1-4 လေးမျိုးရှိတယ်။ တနှစ်မှာ လူပေါင်း သန်း ၄ဝဝ လောက်ခံနေရတယ်။

Dengvaxia ကပဌမဆုံးကာကွယ်ဆေးဖြစ်တယ်။ မက်ဆီကို နိုင်ငံမှာ ၂ဝ၁၅ ခုနှစ် ဒီဇင်္ဘာလမှာစတင်သုံးနေတယ်။ Dengvaxia (CYD-TDV) လို့ခေါ်တယ်။ Sanofi Pasteur ကနေ ထုတ်လုပ်တယ်။ Live recombinant tetravalent dengue vaccine အမျိုးအစားဖြစ်တယ်။ အသက် ၉ နှစ်ကနေ ၄၅ နှစ်ရှိသူတွေကို အခုတလုံး၊ ၆ လပြည့်မှာ တလုံးတဲ့ ၁၂ လပြည့်မှာ တလုံး၊ စုစုပေါင်း (၃) လုံး ထိုးရတယ်။ အတိအကျ ပြောရရင် ကာကွယ်ဆေးသစ်ဟာ Phase III clinical studies စမ်းသပ်ဆဲအဆင့်မှသာရှိသေးတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၆
၂၂-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး