RASU ရာဇူး

မင်္ဂလာပါဆရာ။ သိချင်တာလေးတခုလောက် မေးခွင့်ပြုပါဆရာ။ အဆိုတော်ကိုင်ဇာရဲ့ ရာဇူးကမမဆိုတဲ့သီချင်းထဲက ရာဇူးဆိုတာ ရန်ကုန်တက္ကသိုလ်ရဲ့ ဘယ်နေရာကို ရည်ညွှန်းတာလဲဆိုတာ သိချင်လို့ပါဆရာ။ လေးစားစွာဖြင့်။

RASU = Rangoon Arts and Science University ရာဇူးလို့ အသံထွက်ကိုယူတယ်။ တက္ကသိုလ်ကြီးတခုလုံးကို ဆိုလိုတာ ဖြစ်မယ်ထင်ပါတယ်။

MASU = Mandalay Arts and Science University မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကိုလည်း မာဇူးလို့ ခေါ်ကြတယ်။

ခုခေတ်မှာ စသံ ဆသံ ဇသံ မကွဲကြသူတွေများနေတယ်။ အဲဒီတက္ကသိုလ်တွေကို စူးသံနဲ့မထွက်ပါ။

ဆေးတက္ကသိုလ်တွေကိုတော့ အမ်စီ-ဝမ်း ဆေး (၁)၊ အမ်စီ-တူး ဆေး (၂) နဲ့ အိုင်အမ်အမ် ဆေးမန်းလို့သာခေါ်ကြတယ်။

အဲလိုအခေါ်က စာတွေ ကဗျာတွေ သီချင်းတွေမှာသာမက ဘောလုံးပွဲ အားကစားပွဲတွေမှာ အော်ပြီးအားပေးခဲ့ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး