ဝေဒနာ့ဝန်ထမ်း

ရုရှားသတင်းမှားတွေကို ဖေ့စ်ဘွတ်က ဖေါ်ထုတ်မယ်။ အမေရိကန်သမတရွေးပွဲမှာ ရုရှားကနေ နောက်ကွယ်က ပါဝင်ပတ်သက်ခဲ့လို့ ပြဿနာတက်တယ်။ အခုထိ အပြီးမသတ်နိုင်ပါ။ ဖေ့စ်ဘွတ်ကနေ အဲလိုနိုင်ငံခြားသားတွေက ဝါးဖြန့်ချိဘို့ရာ ထွင်ထားတဲ့ စာမျက်နှာအတုတွေမှာ လိုက် လုပ်ခဲ့ကြတာကို ဖေါ်ထုတ်ပါမယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ရုရှားတွေလုပ်ထားတာကို အမေရိကန် ၁၂၆ သန်းက လိုက် လုပ်ခဲ့ကြတယ်။ အခု ဒီလိဒ်လုပ် ဖျက်ထားတဲ့ ရုရှားစာမျက်နှာတွေမှာ သူတို့လုပ်ခဲ့မိတာကို ဖေါ်ထုတ်ပြဘို့ရာ တူးလ် ရှာနေပါပြီ။ ဒီဇင်္ဘာလထဲမှာ အဲဒီ တူးလ် ရလာပါမယ်။

Internet Research Agency က လုပ်ကိုင်နေတာပါ။ အဲဒီအေဂျင်စီဟာ ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ အင်စတီဂရမ် အကောင့်တွေမှာ နိုင်ငံရေးနဲ့ဆိုင်တာတွေကို လိုက်ရှာပေးပါမယ်။

မြန်မာပြည်မှာတော့ မမှန်မကန် ဝါဒဖြန့်နေတာတွေကို ရှယ်နေကြသူတွေက အစစ်အမှန်တက် အဆပေါင်းများစွာ များတယ်။ ကျေကျေနပ်နပ် လုပ်ကိုင်ပေးနေကြတယ်။ ပိုက်ဆံရလို့ လခစားလုပ်နေသူတွေထက် ဝေဒနာ့ဝန်ထမ်းက အဆပေါင်းများစွာ များတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၇
Facebook to expose Russian fake news pages http://www.bbc.com/news/technology-42096045

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး