သေမင်းထံပါး ငါမသွားမီ (တင်မိုး)

အလုပ်ခွင်မှာ
အထုပ်ပြင်ရင်း စောင့်ဦးမည်။
ကြီးကြီးငယ်ငယ်၊ မရွေးချယ်ဘူး
ဘယ်နေ့ဘယ်ရက်၊ သူမတွက်ဘူး
ချိန်းချက်မလုပ်၊ ရုတ်တရက်ဖြစ်စေ
ချိန်းကာချက်ကာ၊ ကြာမှဖြစ်စေ
ပုံသေမရှိ၊ လာတတ်၏။

အခေါ်လာလျှင်
ငါ့မှာ ငြင်းပယ်ခွင့်မရှိ
ရှင်ခြင်းမမြဲ၊ သေခြင်းမြဲသော
သည်ဝဲသြဃ၊ ရုန်းမရချေ။

အချိန်ကျလျှင်
လောဘ ဒေါသ၊ မောဟထုပ်များ
ပါးထက်ပါးအောင်
တရားမျက်ပွင့်၊ မြတ်အကျင့်ကို
လွယ်လင့်တကူ၊ ငါယူနိုင်အောင်
ကြံဆောင် ကြိုးစားရဦးမည်။

သေမင်းအဖော်၊ သူမခေါ်မီ
ပျော်ပျော်နေရင်း၊ ငါ့ယာခင်းတွင်
သီးကင်းဝေအောင် ပျိုးဦးမည်။

မဟေသီ အမှတ်(၁၆၂)
ဇွန်လ၊ ၁၉၉၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)