ဂဃနဏ



၁။ ဆရာခင်ဗျ။ ဂဃနဏလား၊ ဂဂနနလား ရှင်းပြလို့ရမလားဗျ။ ၂ခုလုံးမှားရင်လည်း ပြောပြပေးပါဦးဗျ။

၂။ မင်္ဂလာပါဆရာ။ ဂဃနဏ၊ ဃဂနဏ၊ ဂဃဏန၊ ဂဃဏန အဲ့ဒါ ဘယ်ဟာ မှန်ပါသလဲဆရာ။

အရင်ထုတ် သတ်ပုံစာအုပ် တအုပ်ထဲမှာ ဂဃနဏလို့ပါတယ်။ မူကွဲအဖြစ် ဠဠဏနလို့ဆိုထားတယ်။ ပါဠိလို ဂဏနကနေဆင်းသက်တယ်။

ပါဠိ-မြန်မာအဘိဓာန်ထဲမှာ
ဂဂန = ကောင်းကင်လို့ပါတယ်။
ဂဏ = အပေါင်းအစု၊ အဖွဲ့အသည်း၊ ဂိုဏ်လို့ပါတယ်။
ဂဏန = ရေတွက်ခြင်း၊ ရေတွက်ကြောင်းသင်္ချာလို့ပါတယ်။

အခုခေတ်မှာ ဂဃနဏလို့ ရေးကြတာများတယ်။ ဘယ်တုန်းကသုံးလာကြသလဲ ကျွန်တော်တော့ ဂဃနဏမသိပါ။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၇
၂၇-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး