Spelling Clarification သတ်ပုံ ရှင်းလင်းချက်

ကျွန်တော့ပို့စ် = တကယ့်မိန်းမသည် တစ်ကယ့်မိန်းမ မဟုတ်။

ကွန်မင့်= ဆရာ ကျွန်မတို့ သိထားတာက မ နောက်က ဘဲ ပါ။ အခုမှ အမှားသိရတာပါ။ ဒါဆို မပြောပဲ။ မဟုတ်ပဲ။ မစားပဲပေါ့နော်။ ကျေးဇူးပါဆရာ။

အဲလို ပြောင်းပြန်တော့ မဟုတ်ပါ။ မြန်မာစာမှာရော အင်္ဂလိပ်စာမှာပါ ဖေါ်မြူလာတွေကို ၁ဝဝ% သုံးလို့ မရတာကိုပြောတာ ဖြစ်ပါတယ်။ အများအားဖြင့် သုံးနိုင်တယ်။ မသုံးတာကို မှားတယ်လို့ မပြောသင့်ပါ။

ကျွန်တော်တင်ပြနေတာတွေက မှန်နေတဲ့စာကို အမိန့်နဲ့ပြင်ခိုင်းတာ၊ အစိုးရသဘောမကျတာကို ထုတ်ဝေခွင့်မပြုတာ၊ စာမေးပွဲအမှတ်လျှော့တာ၊ အရင်ရေးထားခဲ့တဲ့သတ်ပုံမှန်တွေကို လိုသလိုပြင်ပြီး ထုတ်ဝေရောင်းစားတာတွေကို သဘောမတူခြင်းသာဖြစ်ပါတယ်။

အဲလိုရှင်းလင်းချက် ခဏခဏ (ခဏခဏ) ရေးပါတယ်။ အဲတာကို ခေတ်အရလို့ လာပြောတာတိုင်းကို ကျွန်တော်က သဘောမတူပါ။ ခေတ်ဆိုတာ ပိုကောင်းရမယ်။ ပိုမှန်ရမယ်။ ပိုပြီးလွယ်ကူရှင်းလင်းရမယ်။ တိုးတက်ရမယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး