A Clear Vision စစ်မှန် ပီသ ကြည်မြပါစေ

အိန္ဒိယတိုက်ငယ်နဲ့အတူ မြန်မာပြည်ကိုလည်း ဗြိတိသျှကကိုလိုနီပြုခဲ့တယ်။ လွတ်လပ်ရေးရတော့ ကျွန်တော်တို့ နိုင်ငံကလွဲရင် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ အင်္ဂလိပ်စာနဲ့စကားကို ရုံးသုံးအထိ ဆက်လက် သုံးစွဲကြတယ်။ ကျွန်တော်တို့က ကိုယ့်ဘာသာစကားနဲ့ ယဉ်ကျေးမှုထိန်းနိုင်ကြလို့ ဂုဏ်ယူခဲ့ကြတယ်။

ပြင်ပကမ္ဘာနဲ့လမ်းပွင့်လာတော့ အင်္ဂလိပ်စာကို ပိုပြီးအာရုံစိုက်လာတယ်။ တဖက်ကကြည့်ရင် လိုအပ်ချက်ဖြစ်လို့ သင့်မှန်ပါတယ်။ ကံဆိုးသွားတာက အထွေထွေကျဆင်းနိမ့်ကျမှုကြီးနဲ့အတူ မြန်မာစာအရည်အသွေးက ပျက်စီးသလောက်အထိ ဖြစ်နေပြီ။ ပညာရေးဆင်းရဲလို့ အင်္ဂလိပ်စာကလည်း ကပျက်ကချော်ဖြစ်နေတယ်။

အဲလိုခေတ်ပျက်ကြီးထဲမှာ ပီပီပြင်ပြင်မရှိတာတွေ အသစ်ထွက်လာတယ်။ ကပြားတွေ များလာတယ်။ ဗမာနဲ့ အင်္ဂလိပ်၊ ပါဠိနဲ့အင်္ဂလိပ် ရောတာတွေက အမြီးနဲ့အမောက် မတည့်တာတွေ။ ကိုးယိုကားယားတွေ။ နမူနာတွေပေးရမှာ အားနာတယ်။

မစ္စတာမောင်မှိုင်းခေတ် မဟုတ်ပါ။ ဘိလပ်ပြန်သန်းခေတ် မဟုတ်ပါ။ ယိုးဒယားပြန် အမာစိန်ခေတ်နဲ့ မတူပါ။ စစ်မှန် ပီသ ကြည်မြတာကိုသာ ပြောင်းသင့်ကြပါတယ်။

နိုင်ငံရေးဆိုတာ ပြောင်းလာမှာ။ တိုင်းပြည်စီးပွါးရေးက အစိုးရအလုပ်။ ကိုယ့်စီးပွါးရေးက ကိုယ်အလုပ်။ စိတ်နေစိတ်ထားနဲ့ အတွေးအမြင်ကအစ အထွေထွေပြုပြင်မှုကြီး လိုအပ်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ