Hair Loss ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်တာ ဘာလို့ ဖြစ်ရသလဲ။ မျိုးဇီဖ နဲ့ ပတ်ဝန်းကျင်တို့ကို လက်ညှိုးထိုးဘို့ ကြိုးစားကြပေမဲ့ တကယ်တော့ မသေခြာဘူး။ မျိုးရိုး လိုက်တာတောင် အမေရဲ့ အဖေဘက်ကလို့ ထင်ကြတယ်။ မတိကျပါ။ လေ့လာချက်တွေ အမျိုးမျိုးလုပ်၊ ကိန်းဂဏန်းတွေလည်း အမျိုးမျိုး ထုတ်ကြတယ်။

ဆံပင်ကျွတ်တဲ့ အကြောင်းတွေထဲမှာ ဆံပင်ကို တင်းနေအောင်ဆွဲပြီး၊ ဖီးတာ၊ ဆံပင်ပုံစံ လုပ်တာကနေဖြစ်တာ ပါတယ်။ (ပိုနီတေးလ်)၊ (ကောင်းန်-ရိုးလ်) လိုမျိုးပေါ့။ Trichotillomania ခေါ်တယ်။ ငယ်ရွယ်သူတွေမှာ ပိုဖြစ်တယ်။ ပြင်းတဲ့ ဆေးတွေနဲ့ ကုရလို့၊ ဓါတ်ကင်-ခွဲစိတ်ခံရလို့၊ အဆိပ်သင့်လို့ကြောင့်လည်း ဖြစ်ကြရတယ်။ Tinidazole ရဲ့ Side-effects တွေထဲမှာ ဆံပင်ကျွတ်တာ မပါပါ။ ကလေးဖွါးရလို့လည်း ဖြစ်သေးတယ်။ အမှန်က ကိုယ်ဝန်ဆောင်နေတုံး ဆံပင် ပိုထူလာရာကနေ၊ မွေးပြီးတော့ ပါးသွားရတာပါ။ ကလေးဖွါးပြီး ၃ လောက်နေ ဆံပင် ကျွတ်တတ်တယ်။ သံဓါတ် (သွေးအား) နည်းရင်လည်း ဖြစ်တတ်တယ်။ ကွက်ပြီး ဆံပင်ကျွတ်တာက (အော်တို-အင်မြူး) ရောဂါရလို့ ဖြစ်တယ်။ ချွေးထွက်အိပ်တွေမှာ အလုံးအကြိတ်-ကင်ဆာရောဂါ ရလို့လဲ ဖြစ်တယ်။

ဆေးကုမ္ပဏီတွေ အတော် အလုပ်ဖြစ်ကြတယ်။ တကယ်တော့ အောင်မြင်တာဟာ အကန့်အသတ်သာ ဖြစ်ပါတယ်။ ဆေးပညာအရ ဟုတ်ပါတယ်လို့ လက်ခံထားတဲ့ဆေးတွေက Finasterois (Propecia) နဲ့ Dutasteride (Avodart) ဆေးတွေပါ။ ဒီဆေးတွေက ယောက်ျားဆီးကြိတ်ကြီးရောဂါ BPH ကိုကုရတဲ့ Antiandrogen ကျားဟော်မုန်း ဆန့်ကျင် ဆေးတွေ ဖြစ်တယ်။ အခု Finasteride (Propecia) နဲ့ Minoxidil (Rogaine) တို့ကိုဘဲ အမေရိကားမှာ တရားဝင် ထုတ်လုပ် ရောင်းချခွင့် ရှိတယ်။

Minoxidil (Rogaine) ဆေးက ဆံပင်အတွက်သက်သက် လိမ်းဆေးဖြစ်တယ်။ အရက်ပြန်ပါလို့ ဦးရေခြောက်ပြီး Dandruff ဘောက် ဖြစ်စေတတ်တယ်။

ကြော်ညာတွေကလည်း များသလားမမေးနဲ့။ (ဝက်ဘ်-ဆိုက်တ်) တမျက်နှာကို နမူနာပြရရင် Avacor for Women Monthly Packages, Bao Shi Womens Herbal Hair Vitamins, Follicare Set Hair Loss Kit for Women with Minoxidil, MelanPlus Gray Hair Vitamins for Women, Minoxidil 2%, NuHair: Hair Growth for Women, Shen Min for Women Vitamins, Therapro Folligen Shampoo for Hair Loss in Women, Therapro MEDIceuticals Hair Gain Vitamins for Women ဒီဆေးတွေ တွေ့ရတယ်။

တကယ်တော့ ဆံပင်ပြန်ပေါက်ဘို့ထက် ရှိနေသေးတဲ့ဆံပင်ကို ထိန်းသိမ်းဘို့က လက်တွေ့ကျတယ်။ ပုံမှန် (အေရိုးဘစ်) လေ့ကျင်ခန်းလုပ်၊ စိတ်ဖိအားများတာ လျှော့ချနည်း၊ Immuno-suppressants ဆိုတဲ့ ခုခံအားနှိမ်လိမ်းဆေး၊ Cosmetic transplant surgery အလှပြုပြင်နည်းတွေတော့ ပေါ်လာနေပါတယ်။ ဆံပင်ကို ဆီးပူလိမ်းကုနည်း၊ မသခြာတဲ့ ဆေးလိမ်း ကုနည်းတွေကို ရှောင်သင့်သည်။ နောက်ဆုံးတော့ လူမမြင်အောင် ဖုံးထားနည်းတွေ လုပ်ကြတယ်။ နောက်ဆုံးရဲ့ နောက်ဆုံးကတော့ ကတုံးတုံးလိုက်တာပါ။

အမျိုးသမီးတွေ G.I. Jane ထဲက Demi Moore, Alien ထဲက Sigourney Weaver, V for Vendetta ထဲက Natalie Portman နဲ့ Empire Records ထဲက Robin Tunney တို့ကို အားကျရင်လဲ ကုစရာမလိုဘူးပေါ့။

ဒီလိုဖြစ်သူတွေမှာ စိတ်ထိခိုက်မှု ရှိတတ်တယ်။ ကျား-မဆက်ဆံရာမှာလည်း ထူးတာရှိတတ်တယ်။ ထိပ်ပြောင်ရင် ယောက်ျား ပိုပီသတယ်တဲ့။ သုတ်လွှတ်ရတာများသူမှာ ပြောင်တယ်တဲ့။ ကိုယ့်ဆံပင်ကောင်းနေတာ နုတ်မပြစ်နဲ့။ ရီစရာ ပြောတာတွေကလည်း ရှိသေးတယ် ပြောင်နေတဲ့ခေါင်းကို အမြဲအောက်စိုက်ထားရင် ပျောက်မယ်တဲ့။

အကြောင်းတွေထဲမှာ နေမကောင်းပြီး ဆံပင်ကျွတ်တာလဲ ပါတယ်။ ရုပ်-စိတ် ဖိစီးတာကြောင့်ဆိုရင် ရောဂါပျောက်၊ စိတ်ပြန်တည်ငြိမ်ရင် ပြန်ကောင်းမှာပါ။ လည်ပင်းကြီး ဟော်မုန်း နည်းလို့ရော၊ များလို့ပါ ဖြစ်တတ်တယ်။ နဖူးပိုင်းနဲ့ မျက်ခုံးမွှေး အပြင်ပိုင်းတို့မှာ အများအားဖြင့် ဖြစ်ရတယ်။ ကျား-မ ဟော်မုန်း နှစ်မျိုးလုံးနဲ့ ဆိုင်တာမို့ အပြောင်းအလဲရှိရင် ဖြစ်စေတယ်။ ရာသီမမှန်၊ ကိုယ်ဝန်တားဆေး၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေး၊ ဆေးဝါး စတာတွေကြောင့် ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်စေတယ်။

Anticoagulants သွေးကျဲဆေး၊ ဂေါက်ဆေး၊ ဗီတာမင် A များသွားရင်၊ သွေးတိုးကျဆေးတချို့၊ နှလုံးရောဂါဆေး တချို့၊ စိတ်ကျဆေးတချို့ စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မှိုပိုး Fungal infections ကြောင့်လည်းဆံပင် ကျွတ်တယ်။ ဆီးချိုရှိနေရင်၊ (လူးပတ်စ်) ရောဂါတွေက ဖြစ်စမှာ ဆံပင်ကျွတ်တာနဲ့ စတတ်တယ်။ ဒါတွေကို ပြင်ပါ၊ စစ်ပါ၊ ကုပါ။

ဆံပင်ဖီးတာ ကြမ်းတမ်းလို့ရှိရင် ဖြစ်တတ်လို့ မလုပ်တော့ရင် ကောင်းပေမဲ့ ကျွတ်တဲ့နေရာက အမာရွတ် ဖြစ်သွားတဲ့အထိ ဆိုးသွားခဲ့ရင် အဲဒီနေရာမှာ ပြန်မပေါက်တော့ဘူး။ ဒါ့ကြောင့် ဆံပင်ဖီးတာကအစ ဘာလုပ်လုပ် သပ်သပ်ရပ်ရပ်၊ ညင်ညင် သာသာ လုပ်တဲ့အကျင့် မွေးယူဘို့-သင်ပေးဘို့ ကောင်းတယ်။ ရေစိုနေတုံး၊ ဆွပင်ခြောကနေတုံး ဘီးဖြီးတာမှာ သတိနဲ့လုပ်ပါ။ မိခင်တွေ အဒေါ်တွေစကား နာထောင်ပါ။ ဘီး အစိတ်-အကျဲအနေတော်တာ ရွေးဘို့လိုတယ်။ ခေါင်းသုံးဆီကအစ သဘာဝပစ္စည်းထက် ကောင်းတာ ရှားလှတယ်။

ကိုယ့်ဆံပင်ကိုယ် ယုယုယယ၊ စိတ်ထဲကပါ ကြင်နာမှုထားပြီး၊ ဖီးလိမ်း၊ ပြုပြင်တာ အလွန်ကောင်းတဲ့နည်း ဖြစ်တယ်။ သစ်ပင်-ပန်းပင်တွေကိုတောင် စကားပြော၊ သီချင်း-ဂီတ လုပ်ပေးတာနဲ့ တုံ့ပြန်နိုင်စွမ်းရှိတယ်။ အနာကို စိတ်နဲ့တောင် ကုလို့ ရနိုင်တယ်။ “ပျောက်စေရမယ်။ ပျောက်လာနေပြီ၊ အနာရဲ့ဘယ်နေရာက တစတစနဲ့ ဘယ်လို ကောင်းလာနေပြီ” ဆိုပြီး အာရုံထား၊ အမိန့်ပေး၊ စေခိုင်းသလို Suggestion ပေးနေရင် တကယ် ကောင်းလာ စေနိုင်တယ်။ ဆံပင်ကိုလဲ ကုစရာ၊ လုပ်စရာတွေနဲ့အတူ ဒီနည်းပါ ကြိုးစားသင့်တယ်။ ကိုယ့်စိတ်က ခိုင်မာ၊ တည်ငြိမ်၊ သမာဓိ ရှိအောင် အရင် ပြုစုပျိုးထောင်ပါလေ။

Dr. တင့်ဆွေ

Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ်

ဆရာ ကိုယ်ဝန်ဆောင်စဉ် ဆံပင်အရောင်စိုးရင်ဘာဖြစ်တတ်သလဲ။ ကလေးကိုထိခိုက်ပါသလားဆရာ။

လူကြီးနဲ့ မသင့်တာမဖြစ်ရင် ကလေးကိုလဲ မထိခိုက်စေနိုင်ပါ။ (စိုး) လို့မပေါင်ရပါ။ (ဆိုး) လို့ရေးရပါတယ်။ ဥပမာ ဆိုးသွားမှာစိုးတယ်။ စိုးရိမ်တယ်။ ဆေးဆိုးပန်းရိုက်။ ဆိုးတဲ့လူတွေကြီးစိုးနေသည်။

• Bad hair can mean bad health
ဆံပင် အရင်လို မဟုတ်ရင် ကျန်းမာရေး မကောင်းတာ ဖြစ်ချင်လဲ ဖြစ်နိုင်တယ်။ ကျန်းမာရေး အခြေအနေတွေနဲ့ ဆေးဝါးတွေကနေ ကိုယ်ခန္ဓာကို သက်ရောက်စေတာထဲမှာ ဆံပင်လဲ ပါတယ်။ တခါတလေ ဆံပင်သက်သက်သာ ဖြစ်နေတာလဲ ရှိတယ်။

• White flakes
Dandruff ဘောက်က မကူးစက်ပါ။ ဘာလို့လာဖြစ်သလဲ မေးရင် သိပ်တော့ မသိဘူး။ Fungus မှိုကတော့ ဖြစ်စေနိုင်တယ်။ Oily skin ဆီပြန်တဲ့ဆံပင်၊ Stress စိတ်ရှုတ်တာ၊ Obesity ဝတာ၊ Cold အေးတာ၊ Dry weather ရာသီဥတု ခြောက်သွေ့တာ၊ Eczema or Psoriasis နှင်းခူလိုအနာတွေကိုလဲ လက်ညှိုးထိုးနိုင်တယ်။ Antidandruff shampoo ဘောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည် နေ့စဉ်သုံးပါ။ ဆံပင်မှာ ၅ မိနစ်နေပြီးမှ ရေဆေးပါ။

• Yellow dandruff
ဘောက်ဝါ ခပ်စေးစေး ခပ်ဝါဝါ ဘောက်တမျိုးလဲရှိတယ်။ Seborrheic dermatitis ရောဂါရှိနေနိုင်တယ်။ ဟော်မုန်းနဲ့ မှိုတွေကလဲ တွဲနေတတ်တယ်။ အာရုံကြောရောဂါနဲ့လဲ တွဲတတ်တယ်။ ဘောက်ပျောက် ခေါင်းလျှော်ရည်အပြင် (စတီရွိုက်) ဆေးတို့ မှိုဆေးတို့လဲ လိုမယ်။

• You may shed more than you think
ဆံပင်ကျွတ်တာ ထင်တာထက် များနေသလား။ တနေ့မှာ ဆံပင် ၁ဝဝ ကျော်တာကို များတယ်လို့ ခေါ်သူကတယ်။ များတိုင်းလဲ မစိုးရိမ်ပါနဲ့။ ထိပ်ပြောင်သွားမယ် မထင်စေချင်ပါ။ တသိန်းလောက်များတဲ့ ဆံပင်ဖြစ်တဲ့ အိတ်လေးတွေရဲ့ ၉ဝ% ဟာ ဆံပင်အသစ်ဖြစ်လာနေပါမယ်။ ကျန်တာတွေက ၂ လ၊ ၃ လ နားနေကြတဲ့သဘောပေါ့။

• Telogen Effluvium
ခွဲစိတ်ကုသရတာ၊ ကလေးမွေးရတာ၊ ဆေးဝါးတွေ၊ ပိန်ချင်လွန်းလို့ မစားမသောက်နေတာ၊ စိတ်-အလုပ်ရှုတ်တာ၊ လည်ပင်းကြီး-ရောဂါတွေကနေ ဆံပင်သစ် မပေါက်ဘဲ နားနေတာ ဖြစ်စေနိုင်တယ်။ ဆံပင်တွေ အထွေးလိုက် ကျွတ်ကျမယ်။

• An attack on hair follicles
ရောဂါပြီးစနစ်ကနေ မှားပြီး အလုပ်လုပ်ရင် Alopecia areata ဖြစ်တယ်။ ရုတ်တရက်ဆိုသလိုဖြစ်တာမျိုး။ သူများမကူးပါ။ ကျန်းမာရေးကို မထိခိုက်ပါ။ စိတ်တော့ ပျက်မှာပေါ့။ ပြန်ပေါက်မယ်။ တချို့မှာ ပြန်ဖြစ်အုံးမယ်။

• Genes cause 90% of male hair loss
ဆံပင်ကျွတ်တာ ၉ဝ% မျိုးရိုးပါတယ်။ Rogaine (Minoxidil) နဲ့ Propecia (Finasteride) ဆေးတွေသုံးနိုင်တယ်။

• Female-pattern baldness ဣိတ္ထိယပုံစံ ဆံပင်ကျွတ်ခြင်း
တခေါင်းလုံး ဆံပင်ပါးလာမယ်။ ယောက်ျားတွေလို ထိပ်မပြောဘူး။ ဆံပင်ရှည်ရင် ဆံရင်းနေရာကို ဖိအား-တင်းအား များစေမယ်လို့ ပြောကြတာ မှားတယ်။

• Avoid sun damage to hair
နေရောင် များများထိတာ ဆံပင်အတွက်မကောင်းပါ။ ကျွတ်ဆတ်စေမယ်။ ကျွတ်စေမယ်။ ဦးထုပ်၊ ခမောက်၊ ခေါင်းစီး ခေါင်းအကာ အကွယ်သုံးပါ။

• Luscious locks need nutrients
အစာအာဟာရလဲ ဆံပင်အတွက် အရေးပါတယ်။ အရမ်းကိုပိန်ချင်နေလို့ မစားမသောက်နေရင် ဆံပင်ကျွတ်မယ်။ ဆံပင်-ကျန်းမာရေးအတွက် Omega-3 fatty acids, Zinc, and vitamin A တွေလိုတယ်။ များတော့ မများစေနဲ့။ နှလုံး-ကျန်းမာရေးအတွက် စားရတာ-ရှောင်ရတာတွေနဲ့ အတူဘဲပြောနိုင်တယ်။ Brazil nuts ထဲမှာ Selenium ဓါတ်ပါတယ်။ Oysters နဲ့ Cashews မှာ Zinc ပါတယ်။ Carrots ကနေ Vitamin A ရတယ်။

• Premature gray hair is genetic
အသက်ငယ်ငယ်နဲ့ ဆံပင်ကျွတ်ရင် မျိုးဗီဇကြောင့်ဖြစ်နိုင်တယ်။ ဆံပင်ကျွတ်တိုင်း ပါးတိုင်းတော့ ကျန်းမာရေးဆိုးတာလို့ မထင်ပါနဲ့။ ဒါပေမဲ့ Anemia သွေးအားနည်းတာ၊ Thyroid လည်ပင်းကြီး၊ Vitamin B-12 deficiency ဘီ-၁၂ နည်းတာ၊ Vitiligo အမူးရောဂါတွေကနေ အသက်မကြီးဘဲ ဆံပင်ကျွတ်နိုင်တယ်။

• Traction Alopecia damages follicles
ဆံပင်ကို ခပ်တင်းတင်းဆွဲရင်လဲ ကျွတ်နိုင်တယ်။ ခေါင်းလျှော်ရည် ကြော်ညာထဲကလို ပြောတာပါ။ (မော်ဒယ်-ဂဲလ်) ရဲ့ ကွန်ပြူတာနဲ့ ရှည်လျားလှအောင်လုပ်ထားတဲ့ မဲမှောင်နေတဲ့ ပိတုံးရောင် ကေသာရှည်ကို တိုင်မှာခြည်တားပြီး ဘယ်လို ဆွဲဆွဲ ကျွတ်မထွက်ဘူးလို့ ကြော်ညာတယ်။ ဆံပင်ပုံစံက ဆံပင်ကို သက်တောင့်သက်သာရှိပါစေ။ Over-styling ဆံပင် စတိုင်ကို လိုတာထက် မပိုစေပါနဲ့။ ခေါင်းဖီးတာလဲ မကြမ်းတမ်းပါနဲ့။ ဆေးဆိုးတာလဲ ညင်သာပါ။

• Side Effect
ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေသတိပြုပါ။ သွေးမခဲဆေး၊ (ကိုလက်စထော) ကျဆေး၊ စိတ်ကျဆေး၊ သွေးဆုံးလို့ပေးရတဲ့ဆေး၊ ကိုယ်ဝန်တားဆေး၊ ပိုးသေဆေး၊ အနာအကိုက်ပျောက်ဆေးတွေ ပါတယ်။

• Scalp Massage
ဆံပင်ကို နှိပ်နယ်တာ ကောင်းပါတယ်။ သိပ္ပံနည်းကျ သက်သတော့ မပြနိုင်ပါ။ စိတ်သက်သာရာရစေတော့ စိတ်ဖိအားကျလို့ အကျိုးရှိတယ်။ Feel-good hormones ခေါ်တဲ့ Dopamine နဲ့ Serotonin တွေကို ပိုထွက်စေတယ်။

• Hair Analysis
ဆံပင်သုတေသန စိတ်မချရပါ။ American Medical Association ကနေပြောတာ ဖြစ်ပါတယ်။ ကောင်းပါတယ်ပြောတိုင်း မယုံပါနဲ့။

- Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁) http://doctortintswe.blogspot.com/2014/11/hair-loss.html
- Hair loss (2) ဆံပင်ကျွတ်ခြင်း (၂) http://doctortintswe.blogspot.com/2015/04/hair-loss.html
- Hair loss in pregnancy ကိုယ်ဝန်ဆောင်ချိန် ဆံပင်ကျွတ်တာ ယာယီပါ http://doctortintswe.blogspot.com/2015/04/hair-loss-in-pregnancy.html
- Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://doctortintswe.blogspot.com/2014/11/hair-health.html
- Scalp fungus ဦးရေခွံပွေး http://doctortintswe.blogspot.com/2015/04/scalp-fungus.html
- Secrets to healthy hair ဆံပင်ကျန်းမာရေး http://doctortintswe.blogspot.com/2015/05/secrets-to-healthy-hair.html
- Foods for Healthy Hair ဆံပင် အာဟာရ http://doctortintswe.blogspot.com/2014/11/foods-for-healthy-hair.html
- Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့ http://doctortintswe.blogspot.com/2014/11/oily-hair.html
- Soft Hair ဆံပင်မကြမ်းအောင် ဘယ်လိုလုပ်မရမလဲ http://doctortintswe.blogspot.com/2014/11/soft-hair.html
- Hair salon ဆံပင်အလှပြင်သူတွေအတွက် http://doctortintswe.blogspot.com/2015/06/hair-salon.html
- Body hair တလွဲဆံပင်ကောင်းသူများ http://doctortintswe.blogspot.com/2014/11/body-hair.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး