ပေတသီး ကျီးတသား
၁။ ဆရာခင်ဗျား ပေပင်က တစ်ခါသီးပီးရင် အပင်သေတယ် ဆိုတာ ဟုတ်ပါသလားခင်ဗျ
၂။ ဆရာ မင်္ဂလာပါ။ ပေတစ်သီး ကျီးတစ်သားဆိုတဲ့စကားပုံလေး ရှင်းပြပေးပါလား။ ကျီးငှက်တွေက တစ်သားမွေးပြီး သေဆုံးသွားတာလား၊ ဒါမှမဟုတ် ပေတစ်သီး ကြီး တစ်သား။
ပေတသီး ကျီးတသားလို့သာရေးရပါတယ်။ စကားပုံတွေဆိုတာ ဟိုရှေးကာလကတည်းကပေါ်ပေါက်တယ်။ နိုင်ငံတိုင်းမှာ အဲလိုပဲ။ ရှေးကစာတွေကို လက်ဆင့်ကမ်းပေးတာ ကောင်းပါတယ်။ ဒါပေမယ့် ရှေးကအသုံးတွေကို ကိုယ်လိုသလို သတ်ပုံပြင်ရေးတာတော့ မသင့်မှန်လို့ထင်တယ်။
ဆရာမင်းသုဝဏ်ရဲ့ ဘဝနှင့်စာပေစကားထဲက တို့မလေးမှာ သည်လိုရေးထားတယ်။ ဆံဖြတ်မောင်လို့ သုံးတာက ရှေးက မြန်မာလူမျိုး တွေဟာ ဆံပင်ရှည်ရှည် ထားလေ့ရှိကြတယ်။ စစ်ချီတဲ့ခါ ငှက်ဖျားမိကြ၊ ဝမ်းကိုက်ကြ ဖြစ်ကြတယ်။ ဒါကြောင့် ဆံပင်ဖြတ်လိုက်ရတယ်။ စစ်တိုက်ရတာ ပင်ပန်းမှုကို ပေါ်လွင်စေတယ်။ ပေတသီး၊ ကျီးတသား။ ထို့ကြောင့် မင်္ဂလာမရှိဟု ယူဆသည်။
ပေပင်ကို Coryphe palm လို့ခေါ်တယ်။ Corypha umbraculifera လို့လည်းခေါ်တယ်။ ပေပင်တွေက တကြိမ်တခါသာ သီးတာ မှန်ပါတယ်။ ကျီးအမျိုးအစားတွေကတော့ များတယ်။ ကျီးမတွေဟာ ၃ နှစ်ကစ၊ ကျီးဖိုတွေက ၅ နှစ်အရွယ်ကစပြီး မိတ်လိုက်ကြတယ်။ တခါဥရင် ဥ ၃ လုံးကနေ ၉ လုံးရှိတယ်။ အသိုက်ထဲမှာ ရက် ၂ဝ ကနေ ၄ဝ ကြာရင်ပေါက်တယ်။ အများစုက တနှစ်သာအသက်ရှင်ကြတယ်။ တခါဥပြီး သေဆုံးကြတယ်။ ကျီးတချို့က နှစ် ၂ဝ-၃ဝ အထိ ရှင်ကြပါတယ်။
ဒေါက်တာတင့်ဆွေ
၃-၁ဝ-၂ဝ၁၇
၁၈-၁၁-၂ဝ၁၇

Comments
Post a Comment