DHA နာမည်ကြီးတယ်ဆိုတဲ့ဆေး

ဆေးသုတေသနကို အားကိုးရလို့ အင်္ဂလိပ်စာလုံးလေးတွေ ပါနေတယ်။ ဆောရီး။ ဖေ့စ်ဘွတ်မှာ နာမည်ကြီးတွေ များလှတယ်။ လူ ၂ ယောက်လောက်ကပြောရင် နာမည်ကြီးတဲ့။ နာမည်ကြီးထဲမှာ နာမည်ပျက်ကို မဟုတ်မထင်တာက တော်ပါသေးတယ်။
၁။ မင်္ဂလာပါဆရာ ကျွန်တော်ကပုလဲကပါ။ သိချင်တာလေးမေးချင်လို့ပါဆရာ။ ကျွန်တော်သားက ၃နှစ် ၁၀လရှိပါပီခင်ဗျ။ သူကိုဥာဏ်ကောင်းစေချင်လို့ DHA ပါတဲ့အားဆေးတိုက်ပါတယ်။ တဘူးကို ၁၃၀၀၀ ပေးရပါတယ်။ အဲဒီအားဆေးတွေက တကယ်အကျိုးပြုပါသလားခင်ဗျ။ ကလေးဥာဏ်ရည်ထက်မြက်အောင် ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာ လမ်းညွှန်ပေးပါဦးခင်ဗျ။

ဆက်တိုက်လာတဲ့မေးခွန်းတခုမှာလိုပဲ ပါပီလို့ရေးတယ်။ ကန်တော့ပါ ခွေးကလေးကိုသာ ပါပြီခေါ်တယ်။ ပြီ၊ ပြီး၊ ဖြစ်မှာ ရရစ်မပါပဲရေးနေသူတွေ အတော်များတယ်။ နမူနာထဲထည့်ရလို့ ဆောရီး။

၂။ ဆရာရှင့်ကျေးဇူးပြု၍ တခုလောက်မေးချင်ပါတယ်။ ကျွန်မကလေးက ခု ၈လထည်းမှာပါ။ စင်တာတစ်ခုကိုသွားရင်း ဆေးလည်းတမျိုးတွေ့ခဲ့တာပါ။ စိတ်ထည်းမှာလည်း အဲလိုဆေးအမျိုးအစားလေးတခု ဆေးကောင်းကောင်းလေးတခု တိုက်ချင်နေခဲ့တာပါ။ အဲ့ဆေးလေးက baby DHA ပါဆရာ ခုဆိုတိုက်နေတာ ၃ပုလင်းမြောက်ပါပြီဆရာ။ ဆက်ပြီး တိုက်သင့်မတိုက်သင့်။ DHA ပါတဲ့ဆေး ရဲ့ဆိုးကျိုးကောင်းကျိုးလေးတွေပြောပြပေးပါလားဆရာကြီးရှင့် ရိုသေစွာဖြင့်။

၃။ ဆရာရှင့် ဆရာရေးထားတဲ့ ကိုယ်ဝန်ဆောင်နဲ့ အားဆေး စာလေးဖတ်ပြီး  မေးချင်လို့ပါရှင့်။ တချို့ကိုယ်ဝန်ဆောင် အားဆေးတွေမှာ DHA ဆိုပြီးပါတာတွေ့လို့ပါ။ ပြီးတော့ အခုတလော ကြားမိတာက ကလေးတွေ သောက်တဲ့အားဆေးမှာ DHA ပါရင် ဉာဏ်ကောင်းတယ်ပြောကြတော့ ကိုယ်ဝန်ဆောင် မိခင်တွေရော အဲလိုပါတာ သောက်သင့်မသင့် သိချင်လို့ပါရှင့်။ ဗိုက်ထဲက ကလေးအတွက်ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

မေးခွန်းတွေ နမူနာသာဖြစ်တယ်။ ခဏခဏမေးကြတယ်။ ပို့စ်အဖြစ်တင်ရတာ သူများစီးပွါးရေးလည်း အားနာရတယ်။

DHA ဆိုတာ ဖက်တီးအက်စစ်တမျိုးဖြစ်တယ်။ ပင်လယ်ငါးတွေမှာပါတယ်။ DHA (docosahexaenoic acid) နဲ့ EPA (eicosapentaenoic acid) မတူပါ။ နှစ်မျိုးလုံးက ငါးကြီးဆီတွေဖြစ်ကြတယ်။ ကိုယ်ထဲရောက်ရင်လည်း DHA ကနေ EPA အဖြစ်ပြောင်းတယ်။

DHA ကိုအားဆေးအနေနဲ့သုံးကြတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်မပြည့်တဲ့ကလေးတွေအတွက် နို့မှုံ့ထဲမှာ ထည့်ပေးထားတယ်။ မိခင်နို့ထဲမှာပါနေပြီးဖြစ်တယ်။ DHA ကို Arachidonic acid နဲ့ရောပြီး ကလေး ၄ လကနေ ၆ လ ကိုပေးတယ်။ တချို့ရောင်းကုန်အဖြစ် Evening primrose oil ဆီ၊ Thyme oil ဆီနဲ့ Vitamin E ကိုပါရောပြီး ကြော်ငြာတယ်။

အစားအသောက်ထဲက ပျမ်းမျှတနေ့မှာ Omega-3 1.6 grams ရနေကြတယ်။ အဲဒီထဲမှာ ALA 1.4 grams နဲ့ EPA + DHA 0.1-0.2 grams ပါနေတယ်။ အစားအသောက်ထဲမှာ Omega-6 ပါတာဟာ Omega-3 ထက် (၁ဝ) ဆ ပိုတယ်။

• အမေရိကန်နှလုံးအသင်းက အဆီပါငါး တပါတ်မှာ ၂ ခါ စားဘို့အကြံပြုထားတယ်။ WHO ကတော့ EPA နဲ့ DHA 0.3-0.5 grams နဲ့ ALA intake of 0.8-1.1 grams နေ့စဉ်စားဘို့ ဖြစ်တယ်။
• Aggression စိတ်ကြမ်းတမ်းခြင်းအတွက် DHA + EPA 1.5-1.8 grams (သို့) DHA 1.5 grams နဲ့ EPA 0.2 grams ကို ၂-၃ လသောက်ပါ။
• မွေးလာမယ့် ကလေးငယ်လေးမှာ အလာဂျီမဖြစ်အောင် ကိုယ်ဝန် ၂၅ ပါတ်ကစပြီး နောက် ၃-၄ လမှာ 1.6 grams of EPA and 1.1 grams of DHA သောက်ပါ။
• စိုးရိမ်စိတ်များခြင်းအတွက် အိုမီဂါသရီးဆေးတောင့် EPA 450 milligrams + DHA 100 milligrams + omega-3 fatty acids 50 milligrams ၃ လသောက်ပါ။
• သွေးလွှတ်ကြောတွေတင်းနေခြင်းအတွက် (EPA + DHA or 360-1800 milligrams of DHA + 120-1,800 milligrams of EPA) one-gram capsules ဆေးတောင့် ၆-၁၂ ပါတ်။
• ပန်းနာအတွက် 2.7-3.2 grams of EPA + 1.8-2.2 grams of DHA or 0.2-1.0 gram of EPA + DHA, 20 milliliters of fish oil, or 10-20 grams of perilla seed oil (ALA) ၁၂ လ။
• အားကစားသမားတွေ ၈ တောင့် နေ့စဉ် ၈ ပါတ်။ Fish oil capsules (3.2 grams of EPA plus 2.2 grams of DHA) ၃ ပါတ်။

DHA ဆေးက နာမည်တော့ကြီးပါတယ်။ ဒါပေမယ့် ဆေးသုတေသနကိုဖတ်ပါ။
၁။ Possibly Effective ထိရောက်နိုင်ခြေရှိတာတွေကတော့ -
• Age-related macular degeneration (AMD) အသက်ကြီးလို့ချို့ယွင်းလာတာတွေ၊
• Coronary artery disease နှလုံးသွေးကြောကျဉ်းရောဂါ၊
• High cholesterol ကိုလက်စထောများတာ၊

၂။ Possibly Ineffective မထိရောက်ဘူးဖြစ်နိုင်တာတွေကတော့ -
• Attention deficit-hyperactivity disorder (ADHD) ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါနဲ့
• Mental performance စိတ်ရောဂါ၊
• Depression စိတ်ဓါတ်ကျရောဂါ၊
• Diabetes ဆီးချိုရောဂါ။

၃။ Insufficient Evidence တကယ်မထိရောက်တဲ့ရောဂါတွေကတော့ -
• Alzheimer’s disease ရောဂါ၊
• Cystic fibrosis ရောဂါ၊
• Dementia ရောဂါ၊
• Dyslexia ရောဂါ၊
• Improving infant development ရောဂါ၊
• Liver disease (nonalcoholic fatty liver disease) ရောဂါ၊
• Prostate cancer ရောဂါနဲ့
• Inherited vision loss (retinitis pigmentosa) ရောဂါတွေဖြစ်တယ်။

၎။ Special Precautions & Warnings သတိပေးချက်များ
• Pregnancy and breast-feeding ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ မသင့်ပါ။
• Aspirin ဆေးနဲ့တွဲမသောက်သင့်ပါ။
• Bleeding conditions သွေးခဲစနစ်ကိုသက်ရောက်စေနိုင်တယ်။
• Diabetes သကြားဓါတ်တက်စေနိုင်တယ်။
• High blood pressure သွေးတိုးကျစေလို့ သွေးကျဆေးနဲ့တွဲရင် ဆေးထိန်းရခက်တယ်။

ဉာဏ်ရည်ဆိုတာ မျိုးဗီဖနဲ့ လေ့လာသင်ယူမှုအပေါ်မှာ မူတည်ပါတယ်။ အိုင်းစတိုင်းငယ်ငယ်က အဲလိုဆေးတွေ မပေါ်သေးပါ။ သူများတွေကို နမူနာပေးရတာ မကောင်းလှပါ။ မင်းကွန်းဆရာတော်ကြီးကိုပဲ နမူနာပေးချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး