စုံထောက်ဝါသနာ

စုံထောက်ဝါသနာဆိုတာ ဘာကို ဆိုလိုတာလဲဗျာ

အမှတ်တမဲ့ မနေပဲ၊ နား မျက်စိ ဖွင့်ထားတတ်တဲ့ ဝါသနာ၊ ကောက်နှုတ်ချက်ထုတ်ယူတတ်တဲ့ဝါသနာ ဆိုပါတော့ဗျာ။

ဒီလောက်နဲ့တော့ စုံထောက်ကောင်းတယောက်ဖြစ်သေးတာမဟုတ်ဘူးဗျ။ ကိုယ့်ကောက်နှုတ်ချက်အတိုင်း ဟုတ်မဟုတ် မှန်မမှန်ကို အပင်ပန်းခံပြီး၊ အစ အဆုံးလိုက်ကြည့်ချင်တဲ့ဝါသနာ ရှိရပါသေးတယ်။ ကျုပ်အစ်ကို ဦးစံထွားဟာ့

ရှားလော့ဟုမ်းကို စုံထောက်ကြီးဦးစံရှားအဖြစ် ဘာသာပြန်ခဲ့တဲ့ ဆရာကြီးရွှေဥဒေါင်းရေးတာကို ကာတွန်းအောင်ရှိန်က သရုပ်ဖေါ်ထားပါတယ်။ မြန်မာစာသတ်ပုံ နမူနာအဖြစ်တင်ပြပါတယ်။ စုံထောက်ကောင်းတယောက်လို့ ရေးတယ်။ တစ်ယောက် မဟုတ်ပါ။ အမှတ်တမဲ့ မနေပဲလို့ ရေးတယ်။ မနေဘဲ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၃-၁၁-၂ဝ၁၇

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး