Meticulously ကွက်ကျော်နည်း

ဦးလေးဆရာတော်ညွှန်တဲ့ စာကြည့်နည်းကို အခုပဲတွေ့ရတယ်။ စာသင်သားကိုယ်တော်တပါးက ရေးတင်ထားတာ။

ဆရာမိန့်လိုက်သော စာကြည့်နည်း
စာကြည့်တဲ့အခါမှာ ပါဠိတော်ပဲဖြစ်ဖြစ် အဌကထာပဲဖြစ်ဖြစ်၊ အစဉ်အတိုင်း ကြည့်ရတယ်။ စေ့စေ့စပ်စပ် ကြည့်ရတယ်။ ကွက်ကျော် မကြည့်ရဘူး။ အစဉ်အတိုင်း မကြည့်ရင်၊ စေ့စေ့စပ်စပ် မကြည့်ရင်၊ ကွက်ကျော်ကွက်ကျော် ကြည့်နေရင် ဟုတ်သလို ထင်ခဲ့ပေမယ့် မဟုတ်တာတွေ အများကြီးဖြစ်နေတတ်တယ်။ (ဆင်မင်းဆရာတော်)

အင်္ဂလိပ်စာတတ်ချင်လို့၊ အင်္ဂလိပ်စာတော်ချင်လို့မေးကြတာရှိတယ်။ မြန်မာစာတော့ မမေးကြပါ။ ဘယ်သာသာရပ်ဖြစ်ဖြစ် လေ့လာနည်း အတူတူသာဖြစ်တယ်။ အခြေခံကနေ စရတာချည်းဖြစ်တယ်။ ပထဝီဆိုရင် ကမ္ဘာကြီး လုံးဝန်းကြောင်း။ သမိုင်းမှာ ဟိုရှေးရှေးတုန်းကနေ စတယ်။

စာဆိုရင် သင်ပုန်းကြီး၊ သဒ္ဒါနဲ့ သတ်ပုံ။ တဆင့်တဆင့် တက်ရတယ်။ ဝါကျတည်ဆောက်ပုံ၊ ဝါစင်္ဂရှစ်ပါး စသဖြင့်။ အရေးအသား တဖြည်းဖြည်းသွားရတယ်။

ကျောင်းတုန်းက စာစီစာကုံးမှာ ဘယ်လိုရေးခဲ့ကြလဲတော့မသိ ဖေ့စ်ဘွတ်မှာတော့ ခပ်ပေါ့ပေါ့သမား များတယ်။ ပုံနှိပ်စာနဲ့ ရေးသားသူများကလည်း ပေါ့ရွှတ်ရွှတ်သမား များတယ်။ သတ်ပုံကတော့ ဂျွမ်းထိုးမှောက်ခုန်။ ကွက်ကျော်နည်းတွေနဲ့ သင်ခဲ့ကြပုံရတယ်။ ဟုတ်သလို ထင်ရပေမယ့် မဟုတ်တာတွေ အများကြီး။ အခြေမခိုင်တော့ ယိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၁-၂ဝ၁၇
Photo from Su Citta Bhivamsa

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး