Posts

Showing posts from July, 2020

Eggs and Sprite အားဖြစ်တယ်ဆိုလို့

Image
၁။ ဆရာ မင်္ဂလာပါခင်ဗျ ကျွန်တော့အသက် ၁၈ နှစ်ပါ နေ့စဉ် ကြက်ဥ ၁ လုံး နဲ့ စပါကလင် 250 ml သောက်ပါတယ်  ရေရှည်မှာ ဘေးထွက်ဆိုးကျိုး ရှိလာနိုင်ပါ သလား ဆရာ ၂။ ကြက်ဥ နဲ့ Sprite ရောသောက်ရင် အားဖြည့်တယ်ဆိုလို့ နေ့တိုင်းလို သောက်ဖြစ်နေပါတယ်။ ဆိုးကျိုးတွေက ဘာတွေ ဖြစ်စေနိုင်ပါသလဲ။ သူများတိုင်းပြည်တွေမှာ ဆိုဒါလို့ စုပေါင်းခေါ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ Soda, Soda pop, Pop, Carbonated beverage, Tonic, Coke, Fizzy drink, Mineral စသဖြင့်။ Club Soda ကလပ်ဆိုဒါကို ဟန်ဂေရီတွေက စတယ်၊ အထဲမှာ ဆား နဲနဲပါတယ်။ သွေးတိုး ရှိရင် မကောင်းဘူး။ Tonic Water ဆိုတာ နာမယ်က အားဖြစ်စေသလိုလိုပေမဲ့ ကာဗွန်)ပါသလို အဓိက ကွီနင်းနည်းနည်းနဲပါလို့ ချိုအောင်လုပ်ပေး ထားရတယ်။ ဗြိတိသျှကိုလိုနီတွေ ငှက်ဖျားကြောက်လို့ သောက်တာကနေ စခဲ့တာပါ။ ကြွက်သားနာတတ်သူတွေ အတွက်လဲ ကောင်းပါတယ်။ ဘယ်အရာမဆို တာရှည်ခံ၊ နံမယ်ရ၊ ခေတ်လဲ နောက်မကျ၊ စီးပွါးရေးကလဲ တွက်ခြေကိုက်၊ မြင်လိုက်တာနဲ့ ဝယ်ချင်၊ အောင်မြင်တဲ့ လူသုံး-ပစ္စည်းတွေ အများကြီးရှိတယ်။ တံဆိပ်အတူ၊ အရည်အသွေးတူ၊ လူတွေ ဘယ်တိုင်းပြည်မှာမဆို ဝယ်ယူနိုင်ကြတာက ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် တစိတ်တပိုင်းပါဘဲ

Traffice Police လမ်းမပြတတ်သော ဆရာဝန်

Image
(ကန်တော့) ကိုယ်ဝန်ရှိမရှိစစ်တာ ၂လိုင်းပေါ်ပီးမှသွေးခဲတွေဆင်းနေတာ စိုးရိမ်ရလာ ဆရာ လမ်းပြပေးပါအုန်း အသက်က ၃၁ နှစ်ပါ အမျိုးသမီး ကိုယ်ဝန်ရှိစဉ် တခုခုဆင်းတာ မကောင်းပါ။ ဆောရီး။ ဆရာဝန်ပြသင့်။ ပေါ်ပြီးလို့ ရေးရတယ်။ ဆရာဝန်ကို လမ်းပြခိုင်းလေ့မရှိပါ။ ခုခေတ်မှာ အဲလိုရေးတာတွေ များတယ်။ နားမလည်။ သိချင်တယ်၊ ဘယ်လိုလုပ်ရမလဲ၊ ဘာဆေး ဘယ်အစားအစာ သင့်သလဲ စဖြင့်သာ မေးလေ့ရှိတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၇-၂၀၂၀

August သြဂုတ်လ

Image
၂၀၂၀ ခုနှစ် သြဂုတ်လဟာ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၃ ရက်ကနေ ဝါခေါင်လဆန်း ၁၃ ရက်နေ့အထိ ကျတယ်။ ၃-၈-၂၀၂၀ နေ့က ဓမ္မစကြာနေ့။ သြဂုတ်လကို အရင်က လက်တင်ဘာသာနဲ့ Sextili ဆက်စတီလီလို့ခေါ်ခဲ့တယ်။ အဲဒီခေတ်တုံးက တနှစ်မှာ ၁ဝ လသာ ရှိပြီး၊ ဒီလက ဆဋ္ဌမမြောက်လမို့ ခေါ်တာဖြစ်ပါတယ်။ ဘီစီ (၈) ရာစုရောက်မှ Augustus သြဂတ်စတပ်ကို ဂုဏ်ပြုပြီး သြဂတ်စ်လ ဖြစ်လာတယ်။ သူဟာ ရိုမန်အင်ပါယာကို တည်ထောင်ခဲ့သူဖြစ်တယ်။ သြဂုတ်လ အမှတ်တရနေ့များ • ၁ ရက်နေ့ ဆွစ်ဇာလန် အမျိုးသားနေ့ • ၆-၈-၁၉၆၂ ဂျမေကာလွတ်လပ်ရေးနေ့၊ • ၈-၈-၁၉၈၈ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးနေ့ • ၉ ရက်နေ့ စင်္ကာပူ အမျိုးသားနေ့၊ • ၁၄-၈-၁၉၄၇ ပါကစ္စတန်လွတ်လပ်ရေးနေ့ • ၁၅-၈-၁၉၄၇ အိန္ဒိယလွတ်လပ်ရေးနေ့ • ၁၇-၈-၁၉၄၅ အင်ဒိုနီးရှားလွတ်လပ်ရေးနေ့ • ၂၄-၈-၁၉၉၁ ယူကရိန်းလွတ်လပ်ရေးနေ့ • ၂၇ ရက်နေ့ မိုလ်ဒိုဗာ အမျိုးသားနေ့ • ၃၁ ရက်နေ့ မလေးရှား အမျိုးသားနေ့ • Edinburgh Festival အီဒင်ဘတ်အနုပညာပွဲတော် (သြဂုတ်လ တလလုံး) ကျန်းမာရေးအသိပညာပေးများ • National Immunization Awareness Month အမျိုးသား ကာကွယ်ဆေးထိုးလ • National Psoriasis Awareness Month အမျိုးသ

အလှူအတန်းပြုသည် လှူဒါန်းသည်

Image
ကွန်မင့်တခုရတယ်။ ဦးဝိစာရကျောက်တိုင်ကို မြောင်းမြသဌေးဦးဘလှလှူတန်းသည်။ လှူဒါန်းသည်လို့ရေးရပါမယ်။ လှူဒါန်းသည် အလှူတော် အလှူဒါန ပေးလှူသည် အလှူအတန်း မြောင်းမြမြို့က ဦးဘလှ  (၁၉၁၄-၁၉၇၂) ဦးဝိစာရကျောင်းတိုင် ဒါယကာဖြစ်တယ်။ မြောင်းမြမြို့ အာရှလူငယ်များ အစည်းအရုံးမှာ ပဌမဦးဆုံးဥက္ကဋ္ဌနဲ့ ဖဆပလခေတ်မှာ တသီးပုဂ္ဂိုလအမတ်လည်းဖြစ်တယ်။ ၁၉၄၃ ခုနှစ် ဂျပန်ခေတ်မြှ ဦးဝိစာရကျောက်တိုင်နဲ့ ကြေးရုပ်တို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။ အင်္ဂလိပ်စစ်ဗိုလ် လက်ဖတင်နင် ဗွိုင်းကို ဂုဏ်ပြုခေါ်ဆိုထားသည့် ဗွိုင်လမ်းကို ဦးဝိစာရလမ်းလို့ ပြောင်းလဲခေါ်ဆိုခဲ့တယ်။ ဒေါက်တာတင့်ဆွေ ၃၁-၇-၂၀၂၀

Elections in the United States အမေရိကန် ရွေးကောက်ပွဲများ (၁)

Image
အပိုင်း (၄) ပိုင်း ခွဲပြီး ရေးပါမယ်။ အပိုင်း (၁/၄) အမေရိကန် လွတ်လပ်ရေးရတာက ၁၇၇၆ မှာ။ ဖွဲ့စည်းပုံက (၁၁) အနှစ်ကြာ ၁၇၈၇ မှာ အတည်ဖြစ်တယ်။ ပဌမဆုံး ရွေးကောက်ပွဲကို ၁၇၈၈-၈၉ မှာ ကျင်းပတယ်။ နှစ်ပေါင်း ၂၃၂ ကြာပြီ။ မြန်မာပြည်မှာ ကုန်းဘောင်မင်းဆက် စဥ့်ကူးမင်း လက်ထက်က။ ရွေးကောက်ပွဲ အဆင့် ၃ ခုရွေးရတယ်။ ၁။ ဖက်ဒရယ်ရွေးကောက်ပွဲ၊ ၂။ ပြည်နယ်ရွေးကောက်ပွဲနဲ့ ၃။ လိုကယ်လ် ခေါ် ဒေသရွေးကောက်ပွဲ။ ဖက်ဒရယ်အဆင့်မှာ ပြည်နယ်ခေါင်းဆောင်နဲ့ တိုင်းပြည်သမတ ရွေးတယ်။ သမတကို တိုက်ရိုက်ရွေးနည်း မဟုတ်။ အီလက်တိုရယ် ကောလိပ် ခေါ်တယ်။ သတ်မှတ်ထားတဲ့ဂဏန်းရှိတယ်။ The Electoral College consists of 538 electors, and an absolute majority of at least 270 electoral votes is required to win the election. 55 × 1 = 55 California 38 × 1 = 38 Texas 29 × 2 = 58 Florida, New York 20 × 2 = 40 Illinois, Pennsylvania 18 × 1 = 18 Ohio 16 × 2 = 32 Georgia, Michigan 15 × 1 = 15 North Carolina 14 × 1 = 14 New Jersey 13 × 1 = 13 Virginia 12 × 1 = 12 Washington 11 × 4 = 44 Arizona, Indiana, Massachusetts, Tennessee 10

Discipline ကျွန်ုပ်သည် ကိုယ်ပိုင်စည်းကမ်းထားသူဖြစ်၏

Image
ကွန်မင့်တခုရတယ်။ မန့်ရင်ရုပ်ပုံမပို့ရ စာရေးရင်သတ်ပုံမမှားရ မေးခွန်းမေးရင်စာမဖတ်သူမမေးရ မေးရင်ဦးလေး အန်ကယ် သား သမီး နာမ်စားမသုံးရ ဆရာကြီးနဲ့အန်တီသက်ရှည်ကျန်းမာပါစေရှင့် (စိတ်မဆိုးပါနှင့်ဆရာကြီး) တဲ့။ သတ်ပုံမှားလို့ မဖြေတာ အခုထိ တခုမှ မရှိသေး။ သမီး သားရေးလို့ မဖြေတာ အခုထိ တခုမှ မရှိသေး။ ပုံတွေ လင့်တွေ မပို့ပါရန်ကို ၃ ကြိမ်ထိမလိုက်နာသူတွေကိုတော့ ဘလော့တယ်။ ဆောရီး။ ဆရာကြီးရေးတာတိုင်းက ကြီးစာလုံးကို ဖျက်ပါတယ်။ ဆောရီး။ သတ်ပုံ စာရိုက်မပြင်ရတဲ့မေးခွန်း ၁၀% ထက်နည်းတယ်။ မဖြေရင် အလုပ်လက်မဲ့ဖြစ်မယ်။ ဒေါက်တာတင့်ဆွေ ၃၁-၇-၂၀၂၀

အတူတူ ဘယ်သူ အရင်ရောက်မလဲ

Image
အတူလျှောက် ဘယ်သူအရင်ရောက်မလဲ အရင်ရောက်သူ ဆုယူရန်မဟုတ် တာတို မဟုတ် တာလတ် မဟုတ် မာရသွန်ခရီး ဟုတ် လမ်းခုလတ် လဲချင်လဲမည်ဟုတ် တာထွက်ခရာသံ ကြားခဲ့ရမည် ဟုတ်ချင်မှဟုတ် ပြေးလမ်းသည် ပန်းတိုင်ဆီ ဦးတည်မည် ဟုတ်ချင်မှဟုတ် မာရသွန်ခရီး ဂုံနီအိတ်စွပ်ပြီး ပြေးလျှောက်ရန်ဟုတ် တာဝေးလမ်းပေါ် အာလူးဇွန်းကိုက် ပြေးလျှောက်ရန်ဟုတ် ကျန်ရစ်သူ ဆက်လျှောက်ရမည်ဟုတ် အရင်ရောက်သူ ဆုယူရန်မဟုတ်။   ။ အတူတူ မနက် နေ့ ညစာစား အတူတူ မြူ မိုး နှင်းတွေကြား အတူတူ လေမတူ မြေမတူ ရေမတူ နိုင်ငံတွေများ အတူတူ အယူ ကိုးကွယ်ရာတရား အတူတူ အလှူ ပေးကမ်းစရာ စေတနာထား အတူတူ ဘယ်နှစ်ဆူဘုရား ဆုပန်မနား အတူတူနား သည်စာအဆုံးသတ်ဖို့ တယောက်ချန်ကာသွား သံသရာဟူသည် လူတိုင်းအတွက် အတူတူပါတကား။   ။ (ပုံ ၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့ မန္တလေး မဟာမုနိဘုရားမှာ) ဒေါက်တာတင့်ဆွေ ၃၁-၇-၂၀၁၈ ၃၁-၇-၂၀၂၀

Best Hospitals 2020-21 Honor Roll အကောင်းဆုံး အမေရိကန် ဆေးရုံကြီးများ

Image
1. Mayo Clinic (Rochester, Minn.) 2. Cleveland Clinic 3. Johns Hopkins Hospital (Baltimore) 4. NewYork-Presbyterian Hospital-Columbia and Cornell (New York City) 4. UCLA Medical Center (Los Angeles) 6. Massachusetts General Hospital (Boston) 7. Cedars-Sinai Medical Center (Los Angeles) 8. UCSF Medical Center (San Francisco) 9. NYU Langone Hospitals (New York City) 10. Northwestern Memorial Hospital (Chicago) 11. University of Michigan Hospitals-Michigan Medicine (Ann Arbor) 12. Brigham and Women's Hospital (Boston) 13. Stanford Health Care-Stanford Hospital (Palo Alto, Calif.) 14. Mount Sinai Hospital (New York City) 15. Hospitals of the University of Pennsylvania-Penn Presbyterian (Philadelphia) 16. Mayo Clinic-Phoenix 17. Rush University Medical Center (Chicago) 18. Barnes-Jewish Hospital (Saint Louis) 18. Keck Medical Center of USC (Los Angeles) 20. Houston Methodist Hospital https://www.beckershospitalreview.com/rankings-and-ratings/us-news-best-hospitals

ရွေးကောက်ပွဲ သင်ပုန်းကြီး

Image
စ စင်္ကာပူ ဆူတူတူ ဆ ဆင်ဖြူတော် ကြံစုပ်ဖော် ဇ ဇလားမှာ မဲထည့်ပါ ဈ ဈေးကောင်း အမတ်လောင်း ည အညံ့စား မဲကစား ဒေါက်တာတင့်ဆွေ ၃၀-၇-၂၀၂၀

အိန္ဒိယ ရဲ့ တရုပ်အပေါ် တန်ပြန်ဆောင်ရွက်မှုသစ်

အိန္ဒိယနိုင်ငံ ဘီယာပြည်နယ်မှာ တည်ဆောက်မဲ့ ဒေါ်လာ ၃၉၀ မီလီယန်တန် ဂင်္ဂါမြစ်ကူးတံတားသဘောတူညီချက်ကို ဖျက်သိမ်းလိုက်တယ်။ မဟာရာစထာပြည်နယ်မှာ သဘောတူပြီးဖြစ်တဲ့ တရူပ် မဟာတံတိုင်းမော်တော် ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း ပယ်ဖျက်လိုက်တယ်။ တရုပ်ကနေလာတဲ့ မိုဘိုင်းဖုန်းအစိတ်အပိုင် တင်သွင်းမှုကိုလည်း ကန့်သတ်လိုက်တယ်။ အိန္ဒိယယရဲ့ ဆိုလာဆဲလ် ၈၀% ဟာ တရုပ်ကနေလာတယ်။ အဲဒါအပေါ် အခွန်ကောက်ခံမှု တိုးစရာအကြောင်းရှိတယ်။ ၂၀၁၉ ခုနှစ်က တရုပ်ဆီကနေ ဒေါ်လာ ၆၅့၅ ဘီလီယန် တင်သွင်းခဲ့တယ်။ အိန္ဒိယရဲ့ စုစုပေါင်းနိုင်ငံခြားတင်သွင်းမှုရဲ့ ၁၄% ရှိတယ်။ တရုပ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၄့၃ ဘီလီယန်ရှိတယ်။ ပြီးခဲ့တဲ့လကလည်း TikTok နဲ့ WeChat အပါအဝင် တရုပ်အက်ပ် ၅၉ ခုကို ပိတ်ပင်ထားခဲ့သေးတယ်။ နောက်ထပ် ၄၇ ခု ကိုပါ ပိတ်စရာအလားအလာရှိတယ်။ https://asia.nikkei.com/Politics/International-relations/India-freezes-out-Chinese-companies-from-government-bidding ဒေါက်တာတင့်ဆွေ ၃၀-၇-၂၀၂၀

တကျွန်းစံတိုင်းပြည်

Image
မျက်မှောက်ခေတ် မြန်မာ့သမိုင်းမှာ ကိုကိုးကျွန်းကို အပို့ခံရသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လေးစားထိုက်သူတွေထဲက ပဌမဆုံးအသုတ်ဖြစ်တယ်။ ၁၉၈၈ နဲ့ အဲဒါအရင်က အရေးအခင်းပေါင်းများစွာမှာ လမ်းပေါ်မှာပစ်သတ်ခံရသူတွေ၊ ဖမ်းဆီးနှိပ်စက်ခံရသူတွေ၊ ထောင်ထဲအသတ်ခံရသူတွေ များလှတယ်။ ၈၈ အရေးအခင်းကြီးအပြီး တောထဲနဲ့ တခြားနိုင်ငံရောက်ကြသူတွေ သောင်းဂဏန်းရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ သက်ဆိုင်သူတွေလည်း ထောင်ဂဏန်းရှိတယ်။ ကျောင်းသားတပ်မတော်၊ အင်နယ်လ်ဒီ၊ ပြည်ပရောက်ဖြစ်လာတယ်။ ကြာတော့ ကိုကိုးကျွန်းပြန်ထဲမှာ တချို့က တမျိုးပြောင်းတယ်။ ကျောင်းသားတပ်မတော်မှာ သမိုင်းအစွန်းအထင်း ရှိခဲ့တယ်။ အင်နယ်လ်ဒီကနေ ထုတ်ပယ်ခံရသူတွေ၊ ထောင်ကျသူတွေ ရှိတယ်။ ပြည်ပရောက်ထဲမှာ ပြောစရာ ဆိုစရာ ရှိသူတွေ မနည်းလှပါ။ သမိုင်းရှည်တော့ အဲလိုဖြစ်တတ်တယ်။ ပုတ်ကြီးကြီးထဲမှာ အလေအလွင့်ပါစမြဲ။ စစ်အာဏာရှင်စနစ်ကြောင့် စပါးကျီနဲ့ ပုတ်အစား ဆိုင်လိုနဲ့ ထားသိုခြင်း မပြုနိုင်သေးပါ။ ပုတ် နဲ့ ပုပ် မတူပါ။ ဒေါက်တာတင့်ဆွေ ၃၀-၇-၂၀၂၀

ခရမ်းကဆော့သီး

Image
အိမ်ပြင် အပင်ရိပ်မှာ တဆိတ်နားနေချင်လို့တဲ့ အပြင်လေရှူချင်လို့တဲ့ အရိပ်သည်လည်းကောင်း လေသည်လည်းကောင်း ကျန်းမာစေပါ၏။ ၁။ တိတ်ဆိတ် ငြိမ်သက်ခြင်းနဲ့ သဘာဝကို ကျမတို့ နှစ်သက်တယ် ဆရာ။ အဲဒီမှာထိုင်ပြီး ကြက်သွန်ဖြူအခွံနွှာတာတဲ့။ ၂။ ကြက်သွန်ဖြူခွါတာ ဆရာ့အတွက် ငံပြာရည်ကြော် ကြော်ဖို့ ဖြစ်မှာပါ ။ ကျွန်တော်တို့က ငံပြာရည်ကြော်လို့ မခေါ်ပါ။ ဖျော်တာ ချက်တာလို့သာ ခေါ်တယ်။ ကနေ့ည ခရမ်းကဆော့သီးထောင်းတယ်။ တနေ့က တခြားမြို့တခုကနေလာသူက နေယူလာတာ။ အသီးရော အပင်ပါ။ ညနေက ခရမ်းကဆော့သီးကို လှော်ပြီး ငပိ ကြက်သွန်ဖြူနဲ့ ထောင်းတယ်။ အစပ်ကတော့ ကလေးမြို့ကနေပို့ထားတဲ့ ချင်းငရုတ်သီးခြောက်မှုန့်။ စားကောင်းပေမဲ့ ထောင်းပေးသူက အငန်ရှောင်သူဖြစ်လို့ မစားပါ။ ဆောရီး။ ပဲဟင်းထဲကို အိမ်အပင်က ခရမ်းသီးတလုံး ရောထည့်တာကိုတော့ နှစ်ယောက်လုံးစားကြတယ်။ ကစော့သီးလို့ ရေးကြတာများတယ်။ ကျွန်တော်တို့က ငယ်ငယ်လေးကတည်းက ကဆော့သီးသံနဲ့ပြောဆိုကြတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂၀၂၀

တယောက်ဆွဲ တယောက်လစ် ဂိုဂင်ဖြစ်၏

Image
ဆရာ သည် အဓိပ္ပါယ်လေးလည်း အများသူငါ သိပ်သိကြသေးမှာမဟုတ်ဘူးလို့ ယူဆမိပါတယ်ဆရာ။ အခါအခွင့်သင့်ရင်ဖြင့် ပို့စ်ကလေးနှင့်တကွ တင်ပေးပါဆရာ။ ကျွန်တော်လည်း မသိသသေး။ သိလောက်သူတယောက်ကို မေးဦးမယ်။ ကြည်အေးရဲ့မိတ်ဆွေရင်းတယောက်က ပြန်ပြောပါတယ်။ ကျေးဇူး။ ဇာတ်ကောင်နံမည်က ဆရာထင်လင်းနံမည်ရင်း ကိုသိန်းမောင်တဲ့၊ ကျောင်းဆရာလုပ်ရင်း ပန်းချီဆွဲတယ်၊ မိန်းမနဲ့ ကလေးရှိတော့ ပန်းချီဆွဲရတာ မလွတ်လပ်တာမို့ ပြင်သစ်ပန်းချီဆရာ ဂိုဂင်ဘဝကို အားကျနေတာ သူ့မိတ်ဆွေ ငပွေကို ပြောပြထားဖူးပါတယ်။ တရက်တော့ အိမ်ကဝေးရာပြေးရင်ပြေးဆိုပြီး ငွေလာပေးပေမဲ့ ကိုသိန်းမောင်က လက်မခံ၊ ငွေကလည်း တခြားတယောက်ဆီက ယူလာတဲ့ငွေ သူ့မိတ်ဆွေက ပွေ သူမယူလို့  လစ်ပြေးသွားတာက ဂိုဂင်စတိုင် သူက ပန်းချီရေးတာ ဂိုဂင်စတိုင် ဒါကို ဝတ္ထုခေါင်းစဉ် ဗမာပြည်မှာတော့ ဂေါ်ဂင်လို့ပဲ သိကြပါတယ် မိတ်ဆွေနံမည်က မောင်မောင်စံဖော်တံ သားသမီးမရှိတဲ့လူ၊ ပွေ နေတဲ့လူ။ အော် - ကျေးဇူး မဖတ်ဖူး။ တယောက်က အဖုံးပုံပို့ပြီး မေးလို့။ ကျေးဇူး။ ရုတ်တရက်ဆိုတော့ ပန်းချီဆရာပဲ သတိရပြီး အသေအချာမသိလို့ ပြန်ဖတ်ရပါတယ်။ ပေါင်းချုပ်မှာ ဂိုဂင် မဟုတ်ဘဲ ရိုဂင် ဖြစ်နေတယ်ဆရာ။ ဒီပုံမှာ ဂိုဂင်ပဲထင်ပါ

စိတ် နဲ့ ဆိတ် သတ်ပုံ မှားနေ

Image
မဲစာရင်းကာတွန်းအောက်မှာ ကွန်မင့်တခုက သွားကိုမကြည့်တာ ဆိတ်ကိုဝင်မစားတာ တဲ့။ စိတ် နဲ့ ဆိတ် သတ်ပုံ မှားနေတယ်။ ဆိတ်ကအခင်းထဲ ဝင်မစားတဲ့သဘောဖြစ်နေတယ်။ မ နေရာအထား လွဲသေးတယ်။ စိတ်မဝင်စားဘူး၊ စိတ်ကိုမဝင်စားလို့ ရေးသင့်တယ်။ စိတ် စိတ္တဇ စိတ်ကူးစိတ်သန်း စိတ်ခွန်အား စိတ်ချမ်းသာ စိတ်ချုပ်တည်းပါ စိတ်ဆင်းရဲ စိတ်ဆတ် စိတ်တိုင်းကျ စိတ်ဓာတ် စိတ်မပါ စိတ်မဝင်စား စိတ်မကျေပွဲ စိတ်မနှံ့သူ စိတ်ဖြာ စိတ်လိုက်မာန်ပါ စိတ်ဝမ်းနှလုံး စိတ်သန္တာန် စိတ်အားထက်သန် စိတ်ဥပါဒ် စိတ်ကျေ နပ် စိတ်ရောဂါ အစိတ်သား (လေးပုံတပုံ) ဆိတ် ဆိတ်ချို (သံနုတ်) ဆိတ်နံပင် ဆိတ်ဖွား ဆိတ်ဖဲ့ ဆိတ်ငြိမ် ဆိတ်သိုး မွေးမြူရေး ဆိတ်သုဉ်း ဆိတ်ချေးပင် ဆိတ်နို့ပင် ဆိတ်နို့မုန့် လက်ဖြင့်ဆိတ် ဒေါက်တာတင့်ဆွေ ၂၉-၇-၂၀၂၀

Spelling Mistakes အဘယ့်ကြောင့် စာမှန်အောင်မရေးကြသနည်း

Image
သတ်ပုံမှားတွေကို တင်ပြတိုင်း ကွန်မင့်တွေ တယောက်တမျိုး ခပ်လွယ်လွယ်လေး ရေးကြတယ်။ စာရေးမှားကြခြင်း အကြောင်းတရားတွေက များတယ်။ မေးခွန်းပေါင်း ထောင်သောင်းကိုဖတ်ပြီး ဆန်းစစ်မှုလုပ်ထားတယ်။ ကောက်ချက် (၁၀) ချက်တိတိရှိတယ်။ ၁။ ပညာရေးကို တန်ဖိုးထား နည်းကြခြင်း၊ ၂။ မြန်မာစာကို တန်ဖိုးထား နည်းကြခြင်း၊ ၃။ သင်ပေးနေသူတွေကိုယ်တိုင်က မှားနေကြခြင်း၊ ၄။ ကျောင်းစာအုပ်တွေမှာ အမှားတွေပါနေခြင်း၊ ၅။ ထုတ်ဝေရောင်းချနေတဲ့စာအုပ်တွေမှာ အမှားတွေပါနေခြင်း၊ ၆။ ဒေါင်းလုဒ်စာအုပ်တွေမှာ အလွဲတွေပါနေခြင်း။ ၇။ တီဗွီ၊ ရုပ်ရှင်နောက်ခံစာနဲ့ သီချင်းနောက်ခံစာတွေမှာ အမှားတွေရေးထားခြင်း၊ ၈။ ဆယ်လီလို့ခေါ်ခံရသူတွေက အလွဲတွေ အမှားတွေပြောဆိုရေးသားနေကြခြင်း၊ ၉။ စာရေးဆရာတချို့၊ ကဗျာဆရာတချို့က အလွဲတွေ အမှားတွေပြောဆိုရေးသားနေကြခြင်း၊ ၁၀။ နိုင်ငံတော်မူသတ်ပုံကျမ်းမှာ အလွဲအမှားတွေပါနေခြင်း။ လွန်ခဲ့တဲ့ ၂ လက ရေးထားတဲ့ အဲဒီကောက်ချက်ထက် ပိုပြီးစုံလင်အောင် ရေးပါရစေ။ (၁) အတန်းပညာနည်းလို့ထင်တာ မမှန်ပါ။ စာမှန်အောင်မရေးကြသူတချို့ရဲ့ ပညာရေးနဲ့ ရာထူးတာဝန်တွေကို သိတယ်။ အားနာလို့ ထုတ်မပြောပါ။ ကျွန်တော်က ဆေးပညာဘွဲ့ရတယ်။ တခါတခါ မှားတယ်။  (၂) အျ

တခိုင်နှစ်ခိုင် နှင်းပန်းခိုင်

Image
ခင်ဆွေဦး (၁၉၇၃) သတ်ပုံမှန်နဲ့သာရေးသားတဲ့ခေတ်ကစာအုပ် ဒေါက်တာတင့်ဆွေ

အဖေ နောက်တယောက်

Image
ဒို့ဘိုးဘွား အမွေအစစ်မို့ ချစ်မြတ်နိုးပေ ဒို့ဘိုးဘွားဘီဘင်သာမက ရှေးရှေး ဗမာများက တဆင့်တဆင့်နဲ့ ပေးခဲ့တဲ့ အမွေပစ္စည်းဖြစ်တဲ့ ဗမာနိုင်ငံတော်ကြီးကို အမြတ်တနိုး ထိန်းသိမ်းရမယ် တဲ့။ ဒီလိုစာမျိုးကို ကိုယ့်စကားလုံးနဲ့ ကိုယ်သတ်ပုံနဲ့ ကိုယ်တိုင်အသစ်ရေးတာ ပြောရန်မရှိပါ။ မြန်မာများက၊ တစ်ဆင့်တစ်ဆင့်၊ မြန်မာနိုင်ငံတော်ကြီး၊ အမြတ်တစ်နိုးလို့ လိုက်ပြင်တာမျိုး မလုပ်ကောင်းကြပါ။ အဖေ နောက်တယောက် ဘယ်သူ့ လက်ရာလဲ မသိသေးပါ။ အဖြစ်လည်းမှန် သတ်ပုံလည်းမှန်လို့ ကျေးဇူး။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂၀၂၀ ပုံပို့ပေးသူ ကျေးဇူး။

အပြောင်းအလဲဟူသည်

Image
၁၉၆၇ ခုနှစ် တရုပ်-ဗမာ အရေးအခင်းအတွင်း တရုပ်သံရုံးအရှေ့၌ ဆန္ဒပြပွဲလုပ်နေစဉ်က ပြည်လမ်းမပေါ်မှာ ဆန္ဒပြနေသူတဦး ၁၉၆၇ ခုနှစ် တရုပ်-ဗမာ အရေးအခင်းက ဆူးလေလမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် ပြည်သူ့မုန့်တိုက် အရှေ့ (ယခု ထရိတ်ဒါး ဟိုတယ်နေရာ) တွင် ကားတစီးကို မီးရှို့နေပုံ တရုပ်ကနေ တရုတ်၊ ဗမာကနေ မြန်မာလို့ ပြောင်းရေးလာကြတယ်။ နှစ်နိုင်ငံအနေအထားလည်း တခြားစီဖြစ်သွားပြီ။ အပြောင်းအလဲဟူသည် သတ်ပုံတည်း။ သတ်ပုံပြောင်းရေးတာကို မျိုးချစ်စိတ်ဟု ယူဆပါသလော။ ဤသို့ဆိုပါလျှင် တိုင်းပြည်ကိုချစ်သူ မဟုတ်နိုင်။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂၀၂၀ Photo Myo Thaik ကျေးဇူး။

Swab test စစ်ဆေးနည်း

Image
ဆရာရှင့် သမီးက့ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေပါတယ်ရှင့့် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့သတ်မှတ်ချက်အရ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ကိုင်နေသူအားလုံး ၂ ပတ် ၁ခါ Swab test စစ်ရပါတယ်ရှင့် သမီးသိချင်တာက အဲ့လို ၂ ပတ် ၁ခါ အကြိမ်ရေများစွာ (ဘယ်တော့ရပ်မည်မှန်း မသိ) နှာခေါင်းထဲ စမ်းသပ်တံထည့်ပြီး စမ်းသပ်ခြင်းဟာ အခန့်မသင့်ရင် နှာခေါင်းပိုင်းဆိုင်ရာ အန္တရာယ် ဖြစ်နိုင် မဖြစ်နိုင် သိချင်လို့ပါရှင့် မင်္ဂလာပါဆရာ အသက်၂၈ နှစ် ပါဆရာ စမ်းသပ်ရာမှာသုံးတဲ့ ဆွဘ် ခေါ် ဂွမ်းစ၊ အင်စထူးမင့် ခေါ် ကရိယာတွေအားလုံး ပိုးသန့်ထားတယ်။ တခါသုံးတွေများတယ်။ စိုးရိမ်စရာ မရှိလောက်ပါ။ ဟုတ်ကဲ့ဆရာ သူတို့က တခါသုံးတွေပဲ သုံးပါတယ်ရှင့်  လက်အိတ်လဲ တယောက်ပြီးတိုင်း တခါ လဲလှယ်တာတွေ့ပါတယ် အဲ့လို နှာခေါင်းထဲ စမ်းသပ်ကိရိယာ ခဏခဏ ထည့်ပြီး စမ်းသပ်တာ ရေရှည်ဆို နှာခေါင်းအမြှေးပါး ထိခိုက်တာမျိုး ဖြစ်နိုင်မလားရှင့်။ ဆေးရုံတွေက လူနာကို ပိုဆိုးစေမှာမျိုး မလုပ်ကြပါ။ ဘာမှမလုပ်တာနဲ့စာရင်တော့ ထူးတာရှိမယ်။ သွေးဖေါက်စစ်တာနဲ့ နှာခေါင်းစစ်တာ မတူ။ ဗိုက်ခွဲတာနဲ့ လက်ပရိုစကုပ်ပီ ခေါ် ကိရိယာသုံးခွဲတာ မတူ။ ရိုးရိုးခွဲစိတ်ဒါးနဲ့ လေဆာဒါ

မရန်းသီးချဉ်၏ ခရမ်းသီးချို၏

Image
၁။ မရန်းသီး နဲ့ မရမ်းသီးက ဘာကွာပါသလဲဆရာ ၂။ ကျနော်လည်း အဲဒါသိချင်နေပါတယ် ရန်း ကုလားနရန်း ကျီးရန်းပြာသာဒ် ခါးရန်းကြိုး ခါးရန်းသီး စက်နရန်း စတုရန်း ဆင်ကပ်လက်ရန်း တြိရန်း မရန်းပင် မရန်းသီး မရန်းရောင် ခြံစောင့်ရန်း ရန်း = အရောင် ရန်းတား = ကာဆီးစောင့်ရှောက်ထားခြင်း လှည်းစွယ်ရန်း သက်တင်ရန်း အရန်းအတား အိမ်လက်ရန်း ခေါင်ရန်းပန်း ရမ်း ကိုယ်လက်ရောင်ရမ်း ခရမ်းကစော့ (ကဆော့) သီး ခရမ်းခါးသီး ခရမ်းချဉ်ပင် ခရမ်းပင် ခရမ်းကြွပ်ပင် ခရမ်းသီး ခရမ်းရောင် ပရမ်းပတာ ရမ်းကား = စော်ကားသည် ရမ်းကားသူ ရမ်းဆ ရမ်းတုတ် ရမ်းဗြဲကျွန်း ရမ်းရမ်း = အားရနှစ်သက်သည် ရမ်းရမ်းမို့မို့ ရမ်းရမ်းလွေ့ = များသည် ရမ်းသန်းပြော ရမ်းရော် ရွှင်အားရမ်း လူသရမ်း သမိန်ပရမ်း အရမ်း = အလွန်အကဲ (ခေတ်သုံး) ညောင်ရမ်းမြို့ ပေါရမ်း = မြှော်ရမ်းသည် ရော်ရမ်းမှန်းဆ ဟော့ဟော့ရမ်းရမ်း တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊ (ရှင်ဥတ္တမကျော် တောလား) ဒေါက်တာတင့်ဆွေ ၂၉-၇-၂၀၂၀

မှားဦးမယ် ပြင်ရဦးမယ်

Image
ဟုတ်ကဲ့ပါ ပညာကို အက်ပ်နဲ့ မတိုင်းတာသင့် မှတ်သားထားပါ့မယ်။ ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀ကတည်းက အမှားတွေ သင်ခဲ့ရတာ မနည်းပါ၊ ဆရာ့စာတွေဖတ်ရင်းနားလည်သလောက်မှတ်နိုင်သလောက်မှတ်သားဆဲပါဆရာ၊ ဆရာမတွေကိုယ်ကတည်းက အမှန်တွေ မသိခဲ့တာလည်း ဖြစ်ပါလိမ့်မယ်၊ ပြန်လည်ရှင်းပြပေးပါကျေးဇူးပါဆရာ ကျွန်တော်လည်း မကြာခဏ မှားတယ်။ မှားနေခဲ့မှန်းသိတိုင်း ပြန်ပြင်ရတယ်။ မှားဦးမယ်။ ပြင်ရဦးမယ်။ မပြင်နဲ့ဆိုတာတွေက မှားနေလို့။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂၀၂၀

ပညာကို အက်ပ်နဲ့ စစ်ဆေးလျှင် မှန်မည်မဟုတ်

Image
ဆရာ မင်္ဂလာပါ၊ တခုစဉ်းစားမိတာလေးပါ၊ laptop တွေ computer တွေမှာ English စာလုံးပေါင်းမှားရင် အနီရောင်ပြသလိုမျိုး မြန်မာကီးဘုတ်တွေမှာ ထည့်မယ်ဆိုရင်ရော အနဲနဲ့ အများ မြန်မာစာလုံးပေါင်းသတ်ပုံ မှန်နိုင်မယ် ထင်ပါတယ်၊ အခု ကီးဘုတ်တွေမှာ အဲသလို မပါတော့ လူတွေက မှားမှန်းမသိတာရော တချက် အမှန်ကို တကယ် မသိတာရော ကြောင့် ပြန်မပြင်ကြတာလို့ရော ထင်မိပါတယ် အမှားပါရင်ခွင့်လွှတ်ပါဆရာ။ မြန်မာစာမှာ စပယ်လင်ချက် ခေါ် သတ်ပုံပြင်အက်ပ် ထည့်သင့်မသင့် စဉ်းစားစရာဘဲ။ မထည့်တာက ပိုကောင်းသေးတယ်လို့ ထင်ပါတယ်။ အခုလိုကာလမှာ ဘယ်သတ်ပုံကျမ်းကို အခြေပြုပြီး အမှန်လို့ ထားမလဲ။ ၁၉၈၇-၁၉၉၀ က မြန်မာစာအဖွဲ့ထုတ်သတ်ပုံကျမ်းက လက်ရှိနိုင်ငံတော်မူ။ အဲဒီစာအုပ်မှာ အမှားတွေ အလွဲတွေနဲ့ လျှာရှည်ထားတာတွေ ပါနေတယ်။ ကန်တော့။ ဆောရီး။ သတ်ပုံပြင်တင် ဒေါင်းလုဒ်စာအုပ်ဖြင့် ပညာယူနည်း မမှန်။ သတ်ပုံအပါအဝင် ပညာတွေကို အက်ပ်နဲ့ တိုင်းတာနည်း မှားတယ်။ ပညာကို အက်ပ်နဲ့ တိုင်းတာနည်း မှား၏။ ပညာကို ပညာဖြင့်သာ နှိုင်းချိန်ရာ၏။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂၀၂၀

မြန်မာစာ ခုနစ်ထွေက

Image
ဗိုလ်ချုပ်နေဝင်းခေတ်ဦးမှာ မြန်မာစာသတ်ပုံကို မူရင်းအတိုင်းသာ ရေးခွင့်ရှိပြီး ၁၉၈ဝ ကျော်မှသာ ပြင်ခိုင်းတယ်။ တထွေ။ ၁၉၈၈ စစ်အာဏာသိမ်းပြီးတော့ ထုတ်သမျှစာအုပ်တွေမှာ ပြင်ထားတဲ့သတ်ပုံနဲ့သာရေးစေတယ်။ တထွေ။ မှန်နေတဲ့သတ်ပုံကို (တစ်) မဟုတ်ရင် ထုတ်ဝေခွင့်မပေးပါ။ တထွေ။ ကျောင်းသုံးစာအုပ်တွေ တစ်စေတယ်။ တထွေ။ အခုလည်း အဲတာသာ မှန်သလိုလို အတည်ပေါက်လုပ်ထားတယ်။ တထွေ။ အခုသတ်ပုံစာအုပ်ပြင်မလို့ ကြားရတယ်။ တစ်ဘုန်းတော်ဘွဲ့ ဖြစ်နိုင်တယ်။ တထွေ။ မြန်မာ့စွယ်စုံကျမ်း အသစ်ထုတ်မယ်လည်းကြာတယ်။ တထွေ။ မြန်မာစာသတ်ပုံဟာ ခုနစ်ထွေအက ဖြစ်လာပါတော့တယ်။ နောက်ခံက ဘီလူးဆိုင်းနဲ့။ ဒေါက်တာတင့်ဆွေ ၂၉-၇-၂၀၁၈ ၂၉-၇-၂၀၂၀

ဧည့်သည် သံဝေဂ လင်္ကာ

Image
တယောက်က ပို့ပေးပါတယ်။ ကျေးဇူး။ မုံရွာမှာ ကျွန်တော့်အဖေ ကွယ်လွန်ချိန်က ယပ်တောင်တဲ့။ အော် - တယောက် လာ။ တယောက် ပြန်။ ဧည့်သည်ပါတကား။ ပစ္စည်း သင်္ခါရ၊ လူ သင်္ခါရ၊ မြန်မာစာသတ်ပုံ သင်္ခါရ။ ဒေါက်တာတင့်ဆွေ ၂၈-၇-၂၀၁၈ ၂၈-၇-၂၀၂၀

အချစ်ဟုခေါ်သည်

Image
ဆေးဆိုင်က ဝယ်သောက်တာမဟုလို့ မေးကြည့်တာပါ ဆရာ မောင်ဘဟုခေါ်သည် မလှဟုခေါ်သည် မေတ္တာဟုခေါ်သည် အချစ်ဟုခေါ်သည် ဒေါသဟုခေါ်သည် ရေပတ်လည် ဝိုင်းရံလျက်ရှိသော ကုန်းမြေကို ကျွန်းဟုခေါ်သည် ဟုတ်ကို ဟုလို့ရေးတာကို အမှားဟုခေါ်သည် စာက နှစ်ပတ်လည်စာ။ တနှစ်အတွင်းမှာ ဟုသူတွေ ၂၀ လောက်ရှိတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၇-၂၀၁၉ ၂၈-၇-၂၀၂၀

Reopening schools ကျောင်းဖွင့်ချိန်

Image
ယူအက်စ်အေ အင်ဒီအာနာပြည်နယ် အင်ဒီအာနာပုလစ်မြို့က ကျောင်းတွေ ပြန်ဖွင့်ရက် ပြန်ဖွင့်မဲ့ အစီအစဉ်တွေ မတူကြပါ။ အပ်ဒိတ် ခေါ် နောက်ဆုံးရသတင်းကလည်း နေ့တိုင်း ပြောင်းနေတယ်။ ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ ခရစ်စတယ်လ်ဟောက်စ် ဒိုးစ်ကျောင်းက ဆရာတွေက လာမဲ့ကြာသပတေးနေ့က စတက်ရမယ်။ ကျောင်းသားတွေက သြဂတ်စ်လ ၅ ရက်ကနေ ၁၂ ရက်ရွှေ့လိုက်တယ်။ အခု နောက်ဆုံးသတင်းက ကျောင်းသားတွေက ပုံမှန် ၄ ရက်အစား ၁ ရက်သာ ကျောင်းကိုလာရမယ်။ အဲဒါလည်း အလှည့်ကျ။ ကျန် ၃ ရက်မှာ ဗာကျူရယ် ခေါ် ကွန်ပြူတာနဲ့ အိမ်ကနေ စာသင်ယူကြရမယ်။ ဘာပြောင်းဦးမလဲ ပြောမရ။ ရောဂါအပေါ် မူတည်တယ်။ တခြားကျောင်းတွေလည်း တမျိုးတမျိုးစီ မတူကြပါ။ အဆုံးအဖြတ်ကို ဒေသအလိုက် လုပ်ရတယ်။ ဒေသတွေမှာ ရောဂါဖြစ်တာလည်း မတူ။ လုပ်ပိုင်ခွင့်လည်းရှိတယ်။ ဘာမဆို ပရော်ဖက်ရှင်နယ် ခေါ် သက်ဆိုင်ရာပညာပိုင်းအသိပညာပြည့်ကြရတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၇-၂၀၂၀

High Vitamin B12 ဗီတာမင် ဘီ-၁၂ များခြင်း

Image
ဒေါက်တာရှင့် B12 ဓာတ် 9000 ရှိပြီး အဆမတန်များတဲ့သူတွေက နောက်ဆက်တွဲ ဘယ်လိုရောဂါပြသနာများ ဖြစ်နိုင်ပါသလဲရှင် အခုလောလောဆယ်တော့ အကြောတွေဆိုင်းတဲ့ဝေဒနာမျိုး ခံစားနေရပါတယ်ရှင့် သူတပါးတွဲထူပေးမှ ထနိုင်တဲ့အပြင် လမ်းလဲ ကောင်းကောင်းမလျှောက်နိုင်ပါဘူးရှင် ဖြစ်တဲ့သူ ကလေး လူကြီး အသက် ကျား မ မသိ။ ဗီတာမင် ဘီ-၁၂ များခြင်းဆိုတာ လတ်တလော ဗီတာမင် ဘီ-၁၂ ဆေးထိုးလို့ သောက်လို့ဖြစ်နိုင်တယ်။ တချို့ အသဲရောဂါရှိသူတွေမှာလည်း ဘီ-၁၂ များနိုင်တယ်။ တချို့ကျောက်ကပ်ရောဂါရှိသူတွေမှာလည်း ဘီ-၁၂ များနိုင်တယ်။ B12 190 and 700 - 950 picograms per milliliter (pg/mL) normal ပုံမှန် Below 200 pg/mL low နည်း 1500 (very high) အလွန်များ ဘီ-၁၂ များရင် Dizziness ခေါင်းမူး။ Headache ခေါင်းကိုက် Anxiety စိုးရိမ် Nausea ပျို့ Vomiting အန်ဖြစ်နိုင်တယ်။ ဖြစ်စေတဲ့အကြောင်းခံနဲ့ ပူးတွဲရောဂါရှိရင် ကုသရမယ်။ ပုံထဲက အစားအစာတွေ မတည့်။ ဒေါက်တာတင့်ဆွေ ၂၈-၇-၂၀၂၀

Kidney Diseases ကျောက်ကပ်ရောဂါများ

Image
ဆရာရှင့် သမီးက ကျောက်ကပ်ရောဂါ ဖြစ်ထားတာပါဆရာ သွေးလဲတိုးတယ် သွေးကျဆေးပုံမှန်သောက်ပါတယ်ဆရာ ကလေးယူရလားသိချင်ပါတယ် အသက် ၃၁ ပါဆရာ အိမ်ထောင်ကျတာ ၄ နှစ်ပါ ကျောက်ကပ်ရောဂါအမည် မသိ။ ကျောက်ကပ်မှာဖြစ်တဲ့ရောဂါတွေက တခုမကရှိတယ်။ သားသမီးယူ မယူ စမ်းသပ်ကုသပေးတဲ့ အိုဂျီကသာ အကြံပြုနိုင်တယ်။ 1. Agony ဆီးလမ်းကျောက်က နာခြင်း https://doctortintswe.blogspot.com/2014/10/agony.html 2. Drugs and Kidneys ကျောက်ကပ်အပေါ် သက်ရောက်စေတဲ့ ဆေးတွေ https://doctortintswe.blogspot.com/2016/02/drugs-and-kidneys.html 3. GFR ကျောက်ကပ် အလုပ် https://doctortintswe.blogspot.com/2019/07/gfr_8.html 4. Glomerulonephritis ကျောက်ကပ်ရောင်ခြင်းတမျိုး  https://doctortintswe.blogspot.com/2016/04/glomerulonephritis.html 5. Hematuria ဆီးထဲသွေးပါခြင်း https://doctortintswe.blogspot.com/2016/12/hematuria-causes.html 6. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ https://doctortintswe.blogspot.com/2015/04/honeymoon-cystitis.html 7. Hydronephrosis ဟိုက်ဒရိုနဖရိုးဆစ် ကျောက်ကပ်ရောဂါ http://doctortintswe.blogspot.com/2016/12/hy

တချိန်တုန်းက ညနှင့်လ

Image
တညတုန်းက အေ ရွးခံရ၏။ တညတုန်းက လာဖမ်းကြ၏။ တညတုန်းက ထွက်ပြေးရ၏။ တညတုန်းက တိုင်းပြည်တခုကနေ နောက်တိုင်းပြည်တခုကို ပြောင်းရွှေ့နေထိုင်ဖို့ ထွက်ခွါရ၏။ တညတုန်းကလို့ ရေးတဲ့ခေတ်မှာ မြန်မာစာသင်ခဲ့ရ၏။ တစ်ညလို့ရေးလာကြတဲ့ခေတ်မှာ လသည် ညစ်ထေးနေ၏။ တညတုန်းက လသာ၏။ တညတုန်းက လကွယ်၏။ တညတုန်းက မိသားစုကို ထားရစ်ခဲ့ရ၏။ တညမှာတော့ မိသားစု ပြန်လည်ဆုံနိုင်ခဲ့ကြ၏။ တချိန်တုန်းက ညတွေ သတ်ပုံမှန်ခဲ့ပါသည်။ နှစ်သုံးဆယ်မှာ လတွေ တိမ်ဖုံးနေပါတော့သတည်း။ ဒေါက်တာတင့်ဆွေ ၂၈-၇-၂၀၂၀

ဘိုစာ ဗမာစာ

Image
စားစရာ မဟုတ်ပါ။ အင်္ဂလိပ်စာလုံးနဲ့ မြန်မာစာလုံး။ ကျွန်တော်တင်တဲ့စာတွေ အမှားမပါတာ ရှားတယ်။ စာရိုက်တာပြင်ပေးနေသူတွေထဲကတယောက်က ဘာရက်ကိုဘားမား ရေးတာကို ကို နဲ့ အို မှားသလေားဆိုပြီး ထောက်ပြတယ်။ ဘာရက်ကိုဘားမား မှန်တယ်။ လင်ကွန်းလို့ ရေးကြတာ ကြာပြီ။ အမှန်က လင်န်ကန်း တဲ့။ ဒါတောင် အတိအကျ မဟုတ်သေး။ ကျွန်တော်လည်း ၅ တန်းကတည်းကလွဲနေတာ။ ဒေါ်နယ်ထရမ့်ကို ဒေါ်နာထရန့်လို့ရေးရင် မှားတယ်။ အိုဘားမားကို အိုဗားမားလို့ရေးတာကို မှားတယ် ပြောမရ။ တယောက်က အေပြီလား ဧပြီလားလို့ ကွန်မင့်မှာ မေးတယ်။ အသံထွက်လို့ ဖြေလိုက်တယ်။ အင်္ဂလိပ်လိုကနေ ယူတာတွေကို အသံထွက် နီးစပ်တာ ယူရတယ်။ ဧပြီလို့ အစဉ်တစိုက်ရေးလာတာ။ အေပရယ်လ်လို့ ရေးရင် ဝိုင်းရယ်ကြမှာ။ အသံထွက်တော့ အေဗြီ။ ၁၂ လအမည်တွေ တချို့က မမှန်။ လူအမည်တွေ တချို့က လွဲ။ နိုင်ငံအမည်တွေ တချို့က မှား။ မတတ်နိုင်ပါ။ နောက်တယောက်လည်း မေးတယ်။ ဒီဇင်ဘာက စာလုံးဆင့်ရေးရတာလားဗျတဲ့။ အဆင့်ပါလည်းရ၊ မပါလည်းရ။ အစဉ်အဆက် ဒီဇင်္ဘာလို့သာ ရေးလာခဲ့ကြတယ်။ အင်္ဂလိပ်စာလုံးကနေယူတာဖြစ်လို့ အသံထွက်မှန်ရင် မှားတယ်လို့တော့ ပြောမရ။ ဒါပေမဲ့ အစဉ်အလာကို လေးစားတာ ကောင်းမလား မသိပါ။  ဇန္နဝါရီ၊ ဇန်နဝါရီ။ ဧပြီ၊ အေပြီ။ သြ

ညတည

Image
ကြည်အေး

ကောက်စိုက်ချိန်

Image
ရွှေမိုးမင်းက မလင်းတလင်း တို့လယ်ပြင်က ပျိုးပင်ခင်း ပျိုလေး ကောက်စိုက်ဆင်း။ ရွှေမိုးမင်းက မညို့တညို သီချင်းသီသံချို။ ညောင်ညိုပင်က သံစုံချွဲ တေးငှက် ရွှေလည်နွှဲ။ ရွှေရောင်တွဲနှင့် ပျိုတို့လူ ပျိုလေးချစ်တဲ့သူ။ ကူလှာပါနှင့် ပျို့ကောက်ရေး မွေးမေဆိုမယ်လေး။ (နုယဉ်) ဟိုတချိန်ကတော့ ကဗျာတွေနုပြီး သတ်ပုံတွေက ယဉ်ခဲ့တယ်။ ခုခေတ်သတ်ပုံတွေက တစ်လင်းတဲ့၊ တစ်ညို့တဲ့။ ကြမ်းရိုင်း။ ဒေါက်တာတင့်ဆွေ ၂၈-၇-၂၀၂၀ ပုံပို့ပေးသူ ကျေးဇူး။

ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မတုန်း

Image
ဝါ ရဲ့ အကြောင်းသိချင်ပါတယ်။ သို့မဟုတ်နဲ့ ဝါ ဟာ တူပါသလား ဆရာ။ မေးတာ မရှင်းပါ။ ဝါဂွမ်းလား တခြားဝါလား။ သို့မဟုတ် နေရာမှာ သုံးနေပါတယ် ဆရာ။ အောင်ဆန်း သို့မဟုတ် အရိုင်း ကို အောင်ဆန်း ဝါ အရိုင်း လိုမျိုးပါ ဆရာ။ ဝါ = ပါဠိ အထူးကြံခြင်းအနက်ကို ဟောသော နိပါတ်ပုဒ်။ တနည်းကား သို့မဟုတ်။ အချို့သဖြင့်။ ဝါကပ် ဝါချည် ဝါဂွမ်း ဝါစာကမာ ဝါစာသိလိဋ္ဌ ဝါဆိုလ ဝါဏိဇ္ဇဗေဒ ဝါကြိတ်ကိရိယာ ဝါပန် ဝါဖတ် ဝါဖန် ဝါဖန့်ဖန့် ဝါကြန့်ကြန့် ဝါကြွားသူ ဝါယမစိုက် ဝါရင့်သူ ဝါရမိတ္တုရက် ဝါသနာထုံ ဝါခေါင်လ အသက်ကြီးဝါကြီး စာပုလွေ ရင်မှာပိုက်ပါလို့ ကျောင်းတော်ကိုတဲ့ လိုက်မယ့်ပြင် ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မတုန်း ပျိုလေးကို သံချိုနှော ပြောခဲ့ပါဦး။ ဒေါက်တာတင့်ဆွေ ၂၇-၇-၂၀၂၀

Cell phone towers and Health ဆဲလ်ဖုန်းတာဝါတိုင်များနှင့် ကျန်းမာရေး

Image
ဆဲလ်ဖုန်းတာဝါတိုင်တွေကနေ RF waves ဖရီကွင်စီမြင့်တဲ့ ရေဒီယိုလှိုင်းတွေ ထုတ်ပေးနေတယ်။ ၂၂ မိုင်ကနေ ၄၅ မိုင်အထိ ရောက်တယ်။ နီးလေလေ သက်ရောက်မှုများလေလေ။ ဒါပေမဲ့ လူတွေမှာရှိတဲ့ DNA မော်လီကျူးကို မချိုးဖျက်နိုင်လို့ ကင်ဆာမဖြစ်စေနိုင်ပါ။ Wavelength ခေါ်လှိုင်းအလျားကရှည်တယ်။ ၁-၂ လက္မအထိသာကျယ်လို့ ဆဲလ်လေးတခုအပေါ်မှာ မစုနိုင်ပါ။ ဆဲလ်ဖုန်းတွေကနေ ထုတ်နေတဲ့ Radiofrequency energy စွမ်းအင်က Non-ionizing အမျိုးအစားသာဖြစ်တယ်။ Wi-Fi ဝိုင်ဖိုင်၊ Bluetooth ဘလူးတုသ်နဲ့ Wireless routers ရောက်ဒါတွေကနေ low-gigahertz ဖရီကွင်စီ  ထုတ်ပေးနေတယ်။ RF waves လှိုင်းကနေ လူကိုယ်ကို အပူချိန်မြင့်စေနိုင်တယ်။ ဆဲလ်ဖုန်းတာဝါကနေတော့ ဘယ်လိုမှ မသိသာပါ။ လှိုင်းတွေက ရေပြင်ညီအတိုင်းသာသွားတယ်။ အောက်ဘက်ကို နည်းနည်းလေးသာရောက်နိုင်တယ်။ Base station antennas ဌာနချုပ်မှာသုံးရတာကတော့ မြင့်တယ်။ ဒါလည်းပဲ ရေဒီယိုနဲ့ တီဗွီစတေရှင်တွေထက် နိမ့်တယ်။ အိမ်ခေါင်မိုးမှာ ဆဲလ်ဖုန်းတာဝါထောင်ထားပေမဲ့လည်း RF levels ကို FCC safety guidelines လမ်းညွှန်အရသာ လုပ်ရပါမယ်။ အိမ်ထဲမှာ စမ်းလို့ရတဲ့ အင်နာဂျီဟာ အိမ်ပြင်မှာထက် နည်းတယ်။ ဆဲလ်ဖုန်းတာဝါတိုင်ပေါင်

လက်ရေတပြင်တည်း

Image
လက်ရေတပြင်တည်း နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည့်ခင် မဒီယဉ် ခပ်ငယ်ငယ် မြူးပျော်ကြ တေးဆိုကြ ဟေ့ သူငယ်ချင်းရေ ဒို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမဲ မိုး ရွာမလိုလိုနဲ့ဘဲ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြည်တည်း ရှေးကတော့ ပိုချစ်ကြတယ်။ တောရွာသူတို့ အိမ်မယ် မိန်ဘွယ်ပါ့ထမင်း မိုးမျှော်ငြုပ်သီးထောင်းနဲ့ ကိုဗိုကေရယ် ဒေါင်းလန်းကြီးရဲ့အလယ် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။ မိုးတိမ်ရံကာကွယ် ယာလယ်ပြင်လမ်းမှာလ ထန်းပင်ထန်းရွက် ထန်းလက်တွေက အသွယ်သွာ်ပါကွယ် မြယဉ်တို့ရွာ ရိုးရာဇာတိနွယ် သြော် လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှ လယ်ပါတယ်ကွယ် ပျိုရဲ့ညိုနွဲ့ ကြိုလှည့်ပါဆံကေသွယ် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြည်တည်း ရှေးကတော့ ပိုချစ်ကြတယ်။ ချောင်းပေါ်မှ ဖြတ်လာရှာတဲ့ ပုတပ်ကလေးတွေ နီကျင်ကျင်ရယ် နွယကြိုးရှည်နဲ့သွယ် သြော် ငယ်မူမပျောက်နိုင်လို့ ပျော်လောက်ဖွယ် ယဉ်ယဉ်ရယ် လွမ်းပါဘိတယ် ဒို့ဇာတိနွယ် ကိုယ့်ဇာတိနွယ် နှစ်တိုင်းဆက်ထွန် ကြက်သွန်ခင်းရဲ့အလယ် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြည်တည်း ရှေးကတော့ ပိုချစ်ကြတယ်။ နန

တညချစ်တင်း တမိုးလင်းပြီ

Image
တညချစ်တင်း တမိုးလင်းပြီ၊ သွားကတည်းက စိတ်လည်းငြီးငွေ့၊ မေ့နေပြီထင် သည်းကျင်မောပန်း၊ ညှိုးယော်နွမ်းသို့ အလွမ်းထွေလာ၊ ကြော့ကေသာနှင့် မြေမှာဖြန့်ခင်း၊ ပြန်လာခြင်းကို ကြိုယင်း ငိုမိပါသတည်း။ (တက္ကသိုလ် မင်းမော်) ဒေါက်တာတင့်ဆွေ ၂၇-၇-၂၀၂၀ ပုံပို့ပေးသူ ကျေးဇူး။

ပျိုးကြဲလေတိုင်း ညို့ညို့ဆိုင်း၍

Image
ဆရာ ဆံပင်ကြဲ၊ ဆံပင်ကျဲ ဘယ်ဟာအမှန်ရေးရလဲရှင့် အမြင်အရကျဲနေသည်။ အပေါ်က ကြဲချသည်။ ကျိုးကျိုးကျဲကျဲ ကျိုးတိုးကျဲတဲ ကျဲတောက်တောက် စွန့်ကြဲပေးကမ်း ဆန်ခါကျဲ ထင်တိုင်းကြဲ  ထိတ်ထိတ်ကြဲ ကြဲခင်း ကြဲဖြန်း ကြဲဖြန့် နည်းနည်းနဲ့ ကျဲကျဲဝိုင်း ပျိုးကြဲ ဖွာလန်ကြဲ  ဖူးစားကျဲ  ဗုံးကြဲ  မစိပ်မကျဲ မပျစ်မကျဲ မျိုးကြဲ  ပြန့်ကျဲ  ဖြန့်ကြဲ  သွားကျဲ အစိပ်အကျဲ နေပူကျဲကျဲ နေပူကျဲကျဲ မြှောက်ကြဲ နှမ်းကြဲ မိုးပြာပြာမှာ မှိုင်းစေပါနှင့်၊ သို့ပါသော်လဲ၊ မိုးတိမ်ခဲတို့ ပျိုးကြဲလေတိုင်း၊ ညို့ညို့ဆိုင်း၍ ဝေမှိုင်းပါစေ ရွာပါစေ။ (မောင်ကြော့ဦး) အကာဆူးခက် အင်ဖက်အမိုး ကျူရိုးတိုင်ထူ နေပူကျဲကျဲ ဝက်သိုက်ထဲတွင် အုတ်ခဲခေါင်းအုံး အိုးတလုံးဖျာမရှိ ဘူမိကမ္ဗလာ မြေမွေ့ယာနှင့် ချူချာတော်မူလှသော ခုခေတ်မြန်မာစာ။ ဒေါက်တာတင့်ဆွေ ၂၇-၇-၂၀၂၀

100 Days ရက်တရာ

Image
မြန်မာပြည်မှာနဲ့ ယူအက်စ်အေမှာ နောက် ရက် ၁၀၀ ဝန်းကျင်မှာ ရွေးကောက်ပွဲတွေရှိတယ်။ အရေးကြီးတယ်။ ရက်တရာ ဝေါဟာရမှာ ထူးခြားချက်တွေ ရှိတယ်။ ထင်ရှားတဲ့နိုင်ငံခေါင်းဆောင်တဦးတက်လာပြီး ပဌမဆုံး ရက်တရာကို အကဲဖြတ်လေ့ရှိတယ်။ ဥပမာ အမေရိကန်သမတ ဖရင်ကလင် ရို့စ်ဗဲလ် နဲ့ ဘာရက်ကိုဘားမား။ 100 Day Project ဆိုတာက တကမ္ဘာလုံးမှာရှိတဲ့ အနုပညာရှင်တွေတဲ့ ပရောဂျက်တခုဖြစ်တယ်။ 100 Days ဆိုတာက ၁၉၉၁ မှာ ရိုက်တဲ့ အိန္ဒိယရုပ်ရှင်။ Window period ဆိုတာ ကူးစက်ရောဂါတွေနဲ့ဆိုင်တယ်။ အများဆုံးက HIV ကူးစက်ခံရပြီး ၃ လ (ရက် ၉၀) နေမှသာ စမ်းသပ်လို့ရတယ်။ Hepatitis B အသဲရောင်ဘီကတော့ အနည်းဆုံး (၃၀) ရက်ကနေ (၁၈၀) ရက်ရှိမှသာ စမ်းလို့ရတယ်။ ကရိုနာဗိုင်းရပ်စ်ကို ၂ ရက်ကနေ ၁၄ ရက်နေမှသာ စမ်းလို့ရတယ်။ Incubation period ဆိုတာက တမျိုး။ တခြားကူစစက်ရောဂါတွေမှာ ပိုးဝင်ခံရပြီးနောက် ရောဂါလက္ခဏာတွေ စပေါ်တဲ့ ကြားကာလကိုပြောတာ။ ရောဂါအလိုက် မတူကြပါ။ Cellulitis (Pasteurella multocida) ၁ ရက်။ Chicken pox ရျေကျောက် 9 ရက်မှ 21 ရက်။ Cholera ကာလဝမ်းရောဂါ 0.5 ရက်မှ 4.5 ရက်။ Common cold အအေးမိခြင်း 1 ရက်မှ 3 ရက်။ Dengue fever သွေးလွန်တုပ်ကွေး 3 ရက်မှ

မြန်မာကီးဘုတ် ပညာရှင်များသို့

Image
ကျွန်တော်သည် မေးခွန်းများကို ဖြေကြားပေးနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပါသည်။ ယခုနောက်ပိုင်း မေးခွန်းများတွင် မြန်မာစာအရေးအသားများ အလွန်မှားလာသည်ကို သတိပြုမိပါသည်။ ၎င်း တို့မှာ - ၁။ ရရစ်မပါသောစာများ (ဥပမာ ပြီကို ပီ၊ ပြီးကို ပီး၊ ဖြစ်ကို ဖစ်) ၂။ ဟထိုးမပါသောစာများ (ဥပမာ မှာကို မာ)နှင့် ၃။ ဝဆွဲမပါသောစာများ (ဥပမာ တွေကို တေ) ဖြစ်ကြပါသည်။ မြန်မာစာ မတတ်မြောက်ကြ၍ မဟုတ်ပဲ ကီးဘုတ်ချို့ယွင်းချက်လား သံသယဖြစ်မိလာပါသည်။ သို့ဖြစ်ပါ၍ ယူနီကုဒ် မြန်မာကီးဘုတ်တွင် ၁။ ရရစ် ၂။ ဟထိုး နှင့် ၃။ ဝဆွဲများ ထည့်သွင်းပေးပါရန်နှင့် မေတ္တာရပ်ခံအပ်ပါသည်။ စတုတ္ထတခုမှာ (တ) တလုံးတည်းရေးသားကြခြင်းမရှိပဲ စသတ်နှင့်တပါတည်းတွဲရေးနေကြပါသည်။ သို့ဖြစ်ပါ၍ (တ) သီးသန့်ပါသော မြန်မာကီးဘုတ်ကိုပါ တီထွင်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။ လေးစားစွာဖြင့် ဒေါက်တာတင့်ဆွေ ၂၇-၇-၂၀၂၀

တေဆိုတာ အင်္ဂတေ

Image
အလုပ်တေကအဆင်ပြေလား နေကောင်းကြလား တွေကို မှန်အောင်မရေးတာတွေ နေ့တိုင်းလာတယ်။ ဖုန်းတွေမှာ ဝဆွဲမပါတော့ပြီလားမသိ။ ရရစ်လည်းမပါတော့လို့ ထင်တယ်။ တေသတ်ပုံ မမှန်။ တွေလို့ရေးရတယ်။ တေဆိုတာ လူပေလူတေ၊ ပေပေတေတေ၊ အင်္ဂတေ၊ ဗမာတေဆေး၊ တေလေကြမ်းပိုး၊ တေမိဇာတ်။ တေဇောဓါတ်။ တေရဒဿမ။ တာတေလန်။ ဒေါက်တာတင့်ဆွေ

Biggest Man-Made Disasters လူလုပ်တဲ့ ဘေးဒုက္ခများ

Image
မြစ်တို့၏ အရောင်များအောက်မှာ အင်္ဂလိပ်လိုရေးလို့ ဘိုလိုပဲ ပြန်ရေးပါတယ်။ It's a kind of creativity, however those rivers still going on their ways, we have to do so, saya! တီထွင်ဆန်းသစ်မှုတော့ဖြစ်တယ်။ ဒါပေမဲ့ မြစ်တွေဟာ သူ့သဘောနဲ့သူ စီးဆင်းနေကြတယ်။ ကျွန်တော်တို့လည်း သည်လိုပဲ တဲ့။ I have to disagree. There are man-made disasters. သဘောမတူပါ။ လူလုပ်တဲ့ ဘေးဒုက္ခတွေ များတယ်။ လူလုပ်တဲ့ ဘေးဒုက္ခ နမူ ၂၀ ကိုသာတင်ပြပါမယ်။ 1. The Bhopal Gas Leak အိန္ဒိယ ဘိုပါးလ် ဓါတ်ငွေ့ယိုဖိတ်မှု (၁၉၈၄) 2. The Jilin Chemical Explosion တရုပ် ဂျီလင် ဓါတုပေါက်ကွဲမှု (၂၀၀၅) 3. The Tennesse Coal Ash Spill အမေရိကန် တင်နက်ဆီ ကျောက်မီးသွေးပြာ (၂၀၀၈) 4. The Sidoarjo mud volcano အင်ဒိုနီးရှား ဆီဒိုရာဂျို ရွံ့မီးတောင် 5. The North Pacific Garbage Patch မြောက်ပစိဖိတ် အမှိုက်ပုံကြီး (၁၉၈၈) 6. The Gulf War Spill ပင်လယ်ကွေ့စစ်ပွဲ ယိုဖိတ်မှုကြီး 7. The Deepwater Horizon Oil Spill ပင်လယ်နက် ဟော်ရိုက်ဇုန် လောင်စာဆီ ယိုဖိတ်မှုကြီး (၂၀၁၀) 8. The Exxon Valdez Oil Spill အက်ဇွန် လောင်စာဆီ ယိုဖိတ်မှုကြီး (၁၉၈၉) 9. The G