Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး

(ကန်တော့)

သမီးအသက်က ၂၄ နှစ်ပါ အိမ်ထောင်မရှိ အပျိုပါ ညနေပိုင်း ညပိုင်းတွေ ရေချိုးပြီးရင် မိန်းမကိုယ် အပေါ်ယံနှုတ်ခမ်းသား နှစ်ဖက် အရမ်းယားပါတယ်ဆရာ တလကို ဆယ်ရက်လောက်တော့ ဖြစ်ပါတယ် ph care တို့လို့ အမျိုးသမီး သန့်စင်ဆေးရည်တွေ အရင်က သုံးပေမယ့် အခုမသုံးတော့ပါ ဆပ်ပြာပဲ သုံးပါတယ်ဆရာ လိမ်းဆေးလိမ်းရင် သက်သာပေမယ့် အရှင်းမပျောက်လို့ပါဆရာ အခုဆို
မနက်ပိုင်းမှာပါ ရေထိပြီးရင် ယားချင်လာပါတယ် ဆရာ ဆေးခန်းပြရင် သားဖွားမီးယပ်နဲ့ ပြသင့်ပါသလား အရေပြားဆရာဝန်နဲ့ပြသင့်ပါသလား ဆရာ

Ph care မသင့် ပိုဆိုးစေနိုင်။ Clotrimazole vaginal tablet တညတပြား ၆ ရက် ဗဂျိုင်းနားထဲထည့် + metronidazole စားဆေး တနေ့ ၂ ကြိမ် ၅ ရက်သောက်သင့်။

ဆပ်ပြာသုံး၍ တနေ့နှစ်ကြိမ်ဆေးကြောခြင်းက အဆင်ပြေပါသလား ဆရာ

Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://doctortintswe.blogspot.com/2014/11/personal-hygiene-for-women_19.html
Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း https://doctortintswe.blogspot.com/2014/11/vaginal-infections.html
Vaginal itching မိန်းမကိုယ် ယားခြင်း http://doctortintswe.blogspot.com/2014/11/vulvovaginitis.html
Vaginal odor ဗဂျိုင်းနား အနံ့ဆိုးနေခြင်း https://doctortintswe.blogspot.com/2014/11/vaginal-odor.html
Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.html
White discharge အဖြူဆင်းခြင်း http://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html

တနေ့သတ်ပုံ ပို့စ်မှာသုံးမှာဖြစ်လို့ ပြင်လိုက်တယ်။ ဆောရီး။ ကျောင်းတွေ ရုံးတွေမှာတော့ အမှန်အတိုင်း မရေးနဲ့။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး