Ring Road မြို့ပတ်လမ်း

မြန်မာအသံထွက်အတိုင်း အင်္ဂလိပ်လိုပေါင်းရေးထားတယ်။ တက္ကသိုလ်အဝင်လမ်းကိုလည်း အဲလိုပဲ အသံထွက်ကို အင်္ဂလိပ်လိုပေါင်းရေးထာတာတခု တွေ့လိုက်တယ်။ အဆင်ပြေကြလား မသိပါ။

အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ Ring road မြို့ပတ်လမ်းကို beltline, beltway, circumferential highway, loop နဲ့ orbital လမ်းလို့ အမည်တွေ အမျိုးမျိုးခေါ်ကြတယ်။

အင်္ဂလိပ်စကားပြောနိုင်ငံတွေက မြို့ထဲလမ်းအဆုံမှာ စက်ဝိုင်းလမ်းကို Circular road နဲ့ Circle road လို့ ခေါ်တယ်။

ကျွန်တော် နယူးဒေလီမြို့မှာ Inner Ring Road အတွင်းမြို့ပတ်လမ်း နဲ့ Outer Ring Road အပြင်မြို့ပတ်လမ်း တွေပေါ်မှာ နေ့တိုင်းလိုလို ကားမောင်းခဲ့ရတယ်။

ပုံကတော့ The Capital Beltway around Washington, DC ဝါရှင်တန်ဒီစီမြို့တော်က ခါးပတ်လမ်း။

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး