Colors of the Rivers မြစ်တို့၏ အရောင်များ

ငယ်ငယ်ကဖတ်ရတဲ့ စာတွေထဲမှာ ဗော်လဂါမြစ်ရေ နီတွေတွေလို့ တင်စားခဲ့ကြတာဖတ်ရတယ်။ ဆိုဗီယက်ကွန်မြူနစ်ကို သဘောကျသူတွေက ရေးတာ။ တရုပ်ကွန်မြူနစ်ကို အားကျထောက်ခံသူတွေကတော့ ယန်စီမြစ်နဲ့ ပင်လယ်ဝါကို တမ်းတကြတယ်။ မြစ်တွေကို အဲလိုအရောင်တွေနဲ့ ဖော်ကျူးခဲ့ကြတာပါ။

၁၉၈၈ စစ်ကိုင်းဘေးနားက ဧရာဝတီထဲ သွေးစီးတယ်လို့သိလာပြီးမကြာခင် ကျွန်တော်လည်း နိုင်ငံရေးထဲရောက်ပါတယ်။

ကိုယ်မွေးဖွားကြီးပြင်ခဲ့တဲ့ ချင်းတွင်းမြစ်ရေအရောင်ကို တခါမှ စာမဖွဲ့ဖူးသေးပါ။ ချင်းတွင်းကို ကျောခိုင်းထားရစ်ခဲ့ပြီး၊ မဏိပူရမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ ဂင်္ဂါမြစ်၊ ယမုန်နာမြစ်တွေဆီရောက်သွားရတယ်။ အနှစ် ၂၀ ကျော် ကြာလို့ မောချွေးတွေ ဇောချွေးတွေ စီးကျခဲ့ပါတယ်။

၁၉၉၅ ခုနှစ်က သံလွင်မြစ်နဲ့ သောင်ရင်းမြစ်မှာ ဗဟိုချက်ထားခဲ့ရာကနေတော့ ဆုတ်ခွါခဲ့ကြရတော့ သွေးရော၊ ချွေးရော၊ မျက်ရည်ပါ စီးကျပါတယ်။

ဧရာဝတီမြစ်ရေ စိမ်းပုပ်နေသလား။ ကျန်တဲ့မြစ်ရေတွေ မည်းနက်နေပြီလား။ ကနေ့ ချင်းတွင်းမြစ်ရေကတော့ ကြေးနီရောင်ဖြစ်သွားရရှာပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၁၉
၂၇-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး