Jun Wei Yeo တရုပ်စပိုင် ဂျန်ဝေယို

ဂျန်ဝေယိုဟာ အသက် ၃၉ နှစ်ရှိ စင်္ကာပူလူမျိုး၊ တရုပ်ကခိုင်းထားတဲ့ သူလျှို။ သူဟာ စင်္ကာပူနိုင်ငံ LKYSPP လီကွမ်ယု ပြည်သူ့ပေါ်လစီကျောင်းမှာ တရုပ်နိုင်ငံခြားရေး ပေါ်လစီအကြောင်း ပီအိတ်ခ်ျဒီ ဘွဲ့ယူစာတမ်းလုပ်နေသူ။

အစကတော့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ သတင်းအချက်အလက်တွေ စုဆောင်းခိုင်းပြီး နောက်ဆုံးမှာ ယူအက်စ်အေ အပေါ် စပိုင်လုပ်ပေးရသူဖြစ်တယ်။

၂၀၁၅ ခုထဲ ဘေဂျင်းကွန်ဖရင့်တခုမှာ ပရဲဇင့်တေးရှင်းလုပ်အပြီးမှာ တရုပ် သင့်တင့်ခ် ခေါ် ပညာရှင်တွေက သူကို ချဉ်းကပ်ကြတယ်။ သူက လုပ်ပေးမယ်လို့ သဘောတူလိုက်တယ်။ နောက်တော့မှ တရုပ်ထောက်လှမ်းရေးတွေလို့ သဘောပေါက်လာတယ်။

ပြီးခဲ့တဲ့သောကြာနေ့ ယူအက်စ်တရားရုံးတခုမှာ သူ့ကို တရားစွဲလိုက်ပြီ။ ထောင် ၁၀ နှစ်ကျခံရနိုင်တယ်။

သူ့ဆရာ တရုပ်-အမေရိကန်လူမျိုး Huang Jing ဟွန်ဂျင်းကို ၂၀၁၇ မှာ စင်္ကာပူကနေ နှင်ထုတ်လိုက်တယ်။ သူ့ကိုလည်း ဖေါ်ရိန်းအေးဂျင့်လို့ ယူဆတယ်။ သူက ဝါရှင်တန်ဒီစီကို ပြန်လာပြီး အခုတော့ ဘေဂျင်းမှာနေတယ်။

ဂျန်ဝေယိုက အမေရိကန်ကုန်သွယ်ရေးနဲ့ တရုပ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ သတင်းအချက်အလက်တွေ စုဆောင်းရတယ်။ သူက LinkedIn သုံးပြီး စပိုင်လုပ်တယ်။ သူ့နက်ဝပ်မှာ လူ သန်း ၇၀၀ နဲ့ဆက်သွယ်ထားပြီးပြီ။ သူ့ဖေ့စ်ဘွတ်က Dickson Yeo တဲ့။

တရုပ်တွေက LinkedIn သုံးပြီး လူတသောင်းလောက်နဲ့ ဆက်သွယ်ထားတယ်လို့ ဂျာမန်တာဝန်ရှိသူတွေက ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ။

ဂျန်ဝေယိုအဆက်အသွယ်ထဲမှာ ယူအက်စ် F-35 fighter jet ပရိုဂရမ်ကအရာရှိတယောက်လည်းပါတယ်။ ပင်တာဂွန်ကလည်းပါတယ်။ ပိုက်ဆံ $2,000 ပေးပြီး အာဖကန်စစ်ပွဲရဲ့ တရုပ်အပေါ်သက်ရောက်မှုအကြောင်း ရေးစေပါသတဲ့။

မြန်မာပြည်မှာလည်း တရုပ်ဘုန်းတော်ဘွဲ့ရေးနေသူတွေ မနည်းပါ။ အင်တာဗျူးတွေ နားထောင်ပါ။ ဂျာနယ်ဆောင်းပါတွေ ဖတ်ပါ။ ပညာရှင်ဆိုသူတွေ။ ကွန်ပြူတာလည်းတတ်၊ ဘိုလိုလည်းတတ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး