Body building Steroids သဘာဝသည်သာ အကောင်းဆုံးဆိုတာနားလည်လိုက်ပါပြီ

ကျွန်တော် အသက်၃၂နှစ်ရှိပါပြီ ကာယဗလလေ့ကျင့်ခန်းကို လေ့ကျင့်သူပါ။ နိုင်ငံခြားက ကာယဗလ အားကစား သမားများကို အားကျ၍ ဆရာဝန်နှင့်မတိုင်ပင်ပဲ Sustanon 300 ကိုတပါတ်လျှင် 1cc တလုံးကို ၃လဆက်တိုက် ထိုးသွင်းခဲ့ပါတယ်။ diabanol သောက်ဆေးကိုလဲ တရက်လျှင် 30mg ၃လဆက်တိုက်သောက်ခဲ့ပါတယ်။ ဟောမုန်းဆေးများသုံးနေဆဲ ကာလတွင် ခွန်အားနှင့်ကြွက်သား များစွာတိုးတက်ခဲ့ပါတယ်။ ယခုဆေးများ ဖြတ်လိုက်ချိန်တွင့့် ရောဂါခံစားနေရပါတယ်။ ထို့ကြောင့်အဘယ်ကဲ့သို့ ကုသရမည်နည်းကို အကူညီတောင်း မေးခွင့်ပြုပါဆရာကြီးခင်ဗျာ။

ဆောရီး။ အဲလိုဆေးတွေမသင့်ကြောင်း မကြာမကြာ တင်တယ်။ ဟော်မုန်းတွေပါမယ်။ အမျိုးသမီးဟော်မုန်းတွေ။ အဲလိုဆေးတွေ မသောက်သင့်ပါ။ တခြားသူတွေကိုလည်း သတိပေးသင့်။ မူမှန်ဖြစ်အောင် အချိန်စောင့်ရမယ်။

ကျေးဇူးတင်ပါတယ်ဆရာ နောင်တသက်လုံးဟော်မုန်းဆေးများကို တလွဲမသုံးရန် ရှောင်ကြဉ်ပါတော့မယ်။ အတူတကွ ကာယဗလလေ့ကျင့်ခန်းဆင်းနေသော သူငယ်ချင်းများကိုလဲ မသုံးရန် သတိပေးပါတော့မယ်။ သဘာဝသည်သာ အကောင်းဆုံးဆိုတာ နားလည်လိုက်ပါပြီ။

1. Body building Amino acids (ပရိုတင်း) http://dts-medicaleducation.blogspot.com/2011/01/body-building-amino-acids.html
2. Body building Steroids အားကောင်းလွန်းတဲ့ဆေး သတိပေး https://doctortintswe.blogspot.com/2017/08/body-building-steroids.html
3. Hormones in Meat and Dairy အသားတွေထဲပါနေတဲ့ ဟော်မုန်းဆေး https://doctortintswe.blogspot.com/2019/06/hormones-in-meat-and-dairy.html
4. Important Hormones အရေးကြီးဟော်မုန်းများ https://doctortintswe.blogspot.com/2020/04/important-hormones.html
5. Misuse တလွဲမသုံးပါနဲ့ လုံးရာကပြားလိမ့်မယ် http://dts-medicaleducation.blogspot.in/2010/12/blog-post.html
6. Steroids and Moriamin အားကောင်းလွန်းတဲ့ ဆေးတွေ https://doctortintswe.blogspot.com/2014/11/steroids-and-moriamin.html

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး