Treatment ဆေးစစ်တာနဲ့ ဆေးကုသတာ မတူပါ

မေးခွန်းတွေကို မထည့်တော့ပါ။ မေးခွန်းတွေထဲမှာ အာထွာဆောင်းထပ်ရိုက်ရမလား၊ ဓါတ်မှန်ထပ်ရိုက်ရမလား၊ အစာအိမ်မှန်ပြောင်း ကြည့်ရမလာ စသဖြင့် ရေးကြတယ်။ ရောဂါအမည်က သိထားပြီးသား။ ကုသနည်းကို ထည့်မရေးကြသူတွေ မနည်းပါ။

တချို့က ဘန်ကောက်သွားစစ်ရမလားတဲ့။ ကုသနည်းကို ထည့်မပြောကြပါ။

နောက်တမျိုးက အာထွာဆောင်းရိုက်ပြီးပြီ အားလုံးကောင်းပါတယ်။ ရေအိတ်သေးသေးရှိတယ်။ စပေါ့လေးသာရှိတယ် တဲ့။ သေးသေးကြီးကြီး ဘာရှိရှိ ပုံမှန်မဟုတ်ပါ။

နောက်တမျိုးက စိုးရိမ်ရသလားသာမေးပြီး ကုသနည်း မမေးကြပါ။

ဆေးစစ်တာနဲ့ ဆေးကုသတာ မတူပါ။ မမေးတာကို မဖြေချင်ပါ။ ကုသနည်းနဲ့ ကာကွယ်နည်းကို ဖြေချင်တာ။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး