ဘုန်းတော်ဘွဲ့ မရေးပါ

ကွန်မင့်တခုရတယ်။ အခု လက်ရှိ NLD နဲ့ အစိုးရရဲ့ လုပ်ဆောင်ချက် စီမံခန့်ခွဲမှုတွေကို ဘယ်လိုမြင်ပါလဲ ဆရာ။ ပကတိအရှိတရားအတိုင်း ဖြေပေးလို့ရရင် ဖြေပေးပါ တဲ့။

တင်ပြစရာရှိတိုင်း၊ ဝေဘန်စရာလိုတိုင်း၊ အင်တာဗျူးမေးတိုင်း ဖြေထားပါတယ်။ ဝါကျ ၄-၅ ကြောင်းသာ မရေးပါ။

တမြန်နှစ်က မြန်မာပြည်ကိုအလည်ပြန်တော့ အလွန်ခင်မင်ရင်းနှီးတဲ့ ၁၉၉၀ ကတည်းက လုပ်ဘော်ကိုက်ဘက် ဝန်ကြီးချုပ် သုံးဦးနဲ့ ပြောစရာရှိတာတွေ ပြောခဲ့တယ်။ မီဒီယာမှာ မတင်ပါ။ တီဗွီ ဒီဗိတ် တခုမှာလည်း တကြိမ် ပါခဲ့ရသေးတယ်။

ပါတီဌာနချုပ်ရုံးကိုလည်း ရောက်တယ်။ ပြန်ကြားရေးတာဝန်ယူနေရသူက ငယ်ကတည်းက ကျောင်းနေဘက်။ သူနဲ့တော့ ၃ နာရီလောက် စကားပြောကြတယ်။ မီဒီယာမှာ မတင်ပါ။ ဒီလှိုင်းမှာ မရေးပါ။

ရေဒီယိုတွေက မေးလို့ဖြေရတာ ဒီ ၅ နှစ်အတွင်းမှာ အကြိမ်အရေအတွက် မနည်းပါ။ ဘုန်းတော်ဘွဲ့ မရွတ်ပါ။ လိုက်ခ် များများရစေတဲ့ ဆဲစာလည်း မရေးပါ။

ပုံကတော့ နယူးဒေလီ ကျွန်တော့်ရုံးခန်းမှာ ချက်သမတနိုင်ငံ မီဒီယာတခုက ၂၀၁၀ ခုနှစ်မှာ လာပြီး မေးတာ။

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး