Wednesday, July 26, 2017

August သြဂုတ်လ

သြဂုတ်လကို အရင်က လက်တင်ဘာသာနဲ့ Sextili ဆက်စတီလီလို့ခေါ်ခဲ့တယ်။ အဲဒီခေတ်တုံးက တနှစ်မှာ ၁ဝ လသာ ရှိပြီး၊ ဒီလက ဆဋ္ဌမမြောက်လမို့ ခေါ်တာဖြစ်ပါတယ်။ ဘီစီ (၈) ရာစုရောက်မှ Augustus သြဂတ်စတပ်ကို ဂုဏ်ပြုပြီး သြဂတ်စ်လ ဖြစ်လာတယ်။ သူဟာ ရိုမန်အင်ပါယာကို တည်ထောင်ခဲ့သူဖြစ်တယ်။

၂ဝ၁၇ ခုနှစ် သြဂုတ်လဟာ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်ကနေ တော်သလင်းလဆန်း ၁ဝ ရက်နေ့အထိ ကျတယ်။

သြဂုတ်လ အမှတ်တရနေ့များ
• ၁ ရက်နေ့ ဆွစ်ဇာလန် အမျိုးသားနေ့
• ၆-၈-၁၉၆၂ ဂျမေကာလွတ်လပ်ရေးနေ့၊
• ၈-၈-၁၉၈၈ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးနေ့
• ၉ ရက်နေ့ စင်္ကာပူ အမျိုးသားနေ့၊
• ၁၄-၈-၁၉၄၇ ပါကစ္စတန်လွတ်လပ်ရေးနေ့
• ၁၅-၈-၁၉၄၇ အိန္ဒိယလွတ်လပ်ရေးနေ့
• ၁၇-၈-၁၉၄၅ အင်ဒိုနီးရှားလွတ်လပ်ရေးနေ့
• ၂၄-၈-၁၉၉၁ ယူကရိန်းလွတ်လပ်ရေးနေ့
• ၂၇ ရက်နေ့ မိုလ်ဒိုဗာ အမျိုးသားနေ့
• ၃၁ ရက်နေ့ မလေးရှား အမျိုးသားနေ့

သြဂုတ်လ တလလုံးကျင်းပတဲ့ပွဲတော်တွေ
• Edinburgh Festival အီဒင်ဘတ်အနုပညာပွဲတော်

ကျန်းမာရေးအသိပညာပေးများ
• National Immunization Awareness Month အမျိုးသား ကာကွယ်ဆေးထိုးလ
• National Psoriasis Awareness Month အမျိုးသား ဆိုရီယေးဆစ်ရောဂါ အသိပေးလှုံ့ဆော်ရေးလ
• National Water Quality Month အမျိုးသား ရေအရည်အသွေး အသိပေးလှုံ့ဆော်ရေးလ
• Cataract Awareness Month မျက်စိရေတိမ်ရောဂါ အသိပေးလှုံ့ဆော်ရေးလ
• Children's Eye Health and Safety Month ကလေးသူငယ် မျက်စိကျန်းမာရေးနှင့်လုံခြုံရေးလ
• Children's Vision and Learning Month ကလေးသူငယ် အမြင်စွမ်းအားနှင့် လေ့လာသင်ယူရေးလ
• Neurosurgery Outreach Month အာရုံကြောခွဲစိတ်ပညာ အရောက်သွားရေးလ
• Spinal Muscular Atrophy Awareness Month ခါးရိုးမကြီး ကြွက်သားအာနည်းရောဂါ အသိပေးလှုံ့ဆော်ရေးလ

သြဂုတ်လကျောက်မျက်ဟာ Peridot အစိမ်းရောင်ကျောက်ဖြစ်တယ်။

Gladiolus သစ္စာပန်းဟာ သြဂုတ်လရဲ့ပန်းဖြစ်တယ်။ အလှ၊ စာရိတ္တ၊ လက်ထပ်မင်္ဂလာ၊ မိသားစုဆိုတဲ့ ဂုဏ်တွေကို ကိုယ်စားပြုတယ်။ မြန်မာ့ယဉ်ကျေးမှုအရ ဝါဆိုလမှာ ပုန်းညက်ပန်းနဲ့ ဝါခေါင်လမှာ ခတ္တာပန်းတွေဖြစ်တယ်။

သြဂုတ်ဆယ်နှစ်ရာသီခွင်တွေက လီယို ခေါ် ခြင်္သေ့ (သိဟ်) နဲ့ ဗာဂို ခေါ် အပျိုစင် (ကန်) ရာသီတွေပါဝင်တယ်။

၆-၈-၁၉၄၅ နေ့ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အနုမြူဗုံးကြဲခဲ့တဲ့နေ့ဖြစ်တယ်။ ၉-၈-၁၉၄၅ နေ့ဟာ ဂျပန်နိုင်ငံ နာဂါဆာကီမြို့ကို အနုမြူဗုံးကြဲခဲ့တဲ့နေ့ဖြစ်တယ်။ ၁၉၄၈ သြဂုတ်လ (၉) ရက်ဟာ ကျွန်တော့် မွေးနေ့ဖြစ်ပါတယ်။

1. January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
2. February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
3. March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
4. April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
5. May မေလ http://doctortintswe.blogspot.com/2015/04/may.html
6. June ဇွန်လ http://doctortintswe.blogspot.com/2015/05/june.html
7. July ဇူလိုင် http://doctortintswe.blogspot.com/2015/06/july.html
8. August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
9. September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
10. October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
11. November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
12. December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.html

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...