SB အကြောင်း

သတင်းတပ်ဖွဲ့ (ခေါ်) SB ဟာ ဘယ်သူ့လက်အောက်မှာလဲပို့စ်ကို တင်ထားတာတွေ့တယ်။ တင်တဲ့သူတွေက အမျိုးမျိုး။ ပေးထားတဲ့လင့်မှာ စာမရှိတော့ပါ။ အချက်အလက်တွေ ကောင်းတယ်။ ကူးမတင်တော့ပါ။ ဖေါင့် ၂ မျိုးလုံးနဲ့တွေ့တယ်။ မူရင်းရေးသားသူ ကျေးဇူး။

၂၀၁၈ ခုနှစ် နွေရာသီမှာ ကျွန်တော် မြန်မာပြည်ကို အလည်ပြန်တော့ နောက်ကနေ တကောက်ကောက်လိုက်တယ်။ နယ်တွေမှာ နယ်ခံတွေက ပြောပြလို့သိရတယ်။ ဘယ်ကလာ ဘာလုပ် ဘယ်သွားမလဲ မေးသတဲ့။ မုံရွာရောက်တော့ တည်းခိုတဲ့အိမ်ထိ ရောက်လာတယ်။ ဆိုင်ကယ်နဲ့လာသူ ၂ ယောက်က SB ကပါလို့ မိတ်ဆက်တယ်။ ပြဿနာမရှိပါဘူး လို့တော့ ပြောသေးတယ်။

မန္တလေးရောက်တော့ ဒေါက်တာဇော်မြင့်မောင်ကို အဲဒီအကြောင်း ပြောလိုက်တယ်။ သူက SB ရီပို့တ်တွေက ဝကခ ဆီ တက်ရတယ်။ အခုထိ ဘာမှာလာတာမရှိလို့ ပြောပါတယ်။ စစ်ကိုင်း ဒေါက်တာမြင့်နိုင်ကလည်း ဒီသဘောအတိုင်း ပြောတယ်။ အဲဒီနောက်တော့ မလိုက်တော့ဘူးလားတော့ မပြောတတ်။ ပြန်တဲ့အထိ SB ကို သတိမထားမိခဲ့တော့ပါ။

အဲဒီအလုပ်အတွက် လူတွေ ငွေတွေ အချိန်တွေ ဖြုန်းတီးနေတာ နှစ် ၅၀ လောက်ရှိပြီ။ ဒါကြောင့်လည်း တိုင်းပြည် မချမ်းသာတာ။ လူကြီးမင်းတို့ မဲလည်းရမှာ မဟုတ်ပါ။ (ပုံအတွက် ကျေးဇူး။)

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး