Mourning Dove တကူကူးရွာ လာခဲ့ပါ

မင်္ဂလာပါဆရာ တ ကို စ သတ်မထားတဲ့ သတ်ပုံတွေ့လို့ ဆရာ့ကို အမှတ်ရမိပါတယ် အပေါ်မှာ က တကူကူး တခေါက်တခါ လာပါကြ။ နေရာမှာတော့ တ ကို စသတ်ထားတာတော့ စိတ်မကောင်းစရာပါရှင်။

အိမ်တောင်ဘက်က တကူကူး။
အိမ်မြောက်ဘက်က တကူကူး။
သစ်အုပ်ကြားက တကူကူး။
သစ်ထိပ်ဖျားက တကူကူး။

တကူကူးတွေ ကူသံသာ
ပျော်ဖွယ်ဖွယ်ကောင်းတဲ့ ကျွန်တို့ရွာ။

ကျွန်တို့တောရွာ သာပါလှ
တခေါက်တခါ လာပါကြ။

ရွာဝထိပ်က ဆီးကြိုမယ်
အိုးစည်ဗုံမောင်း တီးလို့ရယ်။
ရွာလယ်ခေါင်က ကွက်လပ်ထဲ
ကူကူး ကူသံ ဘယ်မစဲ။
အိုးစည် ဗုံသံ ဘယ်မစဲ။
ကျွေးမယ်မွေးမယ်တကယ်ပဲ။
တဖက်ရပ်တဲ အရိပ်ထဲ။
ဘယ်သူ့ ကူသံတွေပါလဲ။ မင်းသုဝဏ် (၁၉-၁၂-၁၉၉၄)

နေ့စွဲအရ စစ်အစိုးရလက်ထက် ဆင်ဆာအဖွဲ့ခေတ်ဖြစ်တယ်။ တဝမ်းပူကို စမသတ်ရင် ထုတ်ဝေခွင့်မရတဲ့ခေတ် ဖြစ်တယ်။

မင်းသုဝဏ်ထက် မြန်မာစာတော်သူတွေက ပြင်ပေးကြတယ်။
သခင်ကိုယ်တော်မှိုင်းလေးချိုးတွေကိုလည်း ပြင်ပေးကြတယ်။
ဇော်ဂျီကဗျာတွေလည်း ပြင်ပေးကြတယ်။
တင်မိုးကဗျာတွေကိုလည်း ပြင်ပေးကြတယ်။
ရွှေဥဒေါင်းစာတွေကိုလည်း ပြင်ပေးကြတယ်။
လယ်တီဆရာတော်ကြီးစာတွေကိုလည်း ပြင်ပေးကြတယ်။

အဲဒီခေတ်ကတည်းက မြန်မာစာ အဲလိုတော်လာကြတာ။ (တစ်) ကူကူးလို့ မကြာမီမှာ ရေးလာကြပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး