Fabric Mask နှာခေါင်းစည်း အသုံးပြုနည်း

လက်ကို အရင်ဆေးပါ
စုတ်ပြဲ ညစ်ပေ စွန်းထင်နေ မနေ ကြည့်ပါ
ကိုယ့်မျက်နှာနဲ့ အနေတော် မတော်စစ်ဆေးပါ
နှာခေါင်းရော ပါးစပ်ကိုပါ ဖုံးအုပ်မိပါစေ
နှာခေါင်းစည်းကို လက်နဲ့မထိပါနဲ့
နှာခေါင်းစည်း ပြန်မဖြုတ်မီ လက်ကိုအရင်ဆေးပါ
နှာခေါင်းစည်းကြိုးကွင်းကနေ ကိုင်ပြီး ဖြုတ်ပါ
ဖြုတ်လိုက်တဲ့ နှာခေါင်းစည်းကို မျက်နှာနဲ့ ဝေးဝေးထားပါ
ပြန်သုံးလိုလျှင် ဖြုတ်လိုက်တဲ့နှာခေါင်းစည်းကို ပလပ်စတစ်အိတ်မှာထည့်ပိတ်ပြီး သိမ်းထားပါ
သိမ်းထားတဲ့ နှာခေါင်းစည်းကို ကြိုးကွင်းကနေကိုင်ပြီး ထုတ်ယူပါ
ဆပ်ပြာနဲ့ ဆေးကြောပါ ရေနွေးနွေးနဲ့ အကောင်းဆုံးဖြစ်တယ်။ တနေ့ တကြိမ်လျှော်ပါ
လက်ပြန်ဆေးပါ
စုတ်ပြဲ ညစ်ပေ စွန်းထင်နေတဲ့ နှာခေါင်းစည်းကို မသုံးပါနဲ့
တမီတာအတွင်းလူရှိရင် နှာခေါင်းစည်း မဖြုတ်ပါနဲ့
နှာခေါင်းစည်းကို နှာခေါင်းအောက်မှာ မထားပါနဲ့
အသက်ရှူရခက်စေတဲ့ နှာခေါင်းစည်းကို မသုံးပါနဲ့
နှာခေါင်းစည်းကို တခြားလူတွေနဲ့ မျှဝေမသုံးပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး