ညွန့်ပေါင်း

ဘာလဲတော့ ဂဃနဏမသိသေးပါ။ ညွန့်ပေါင်းစာလုံးကို တွေ့နေရတယ်။

ကျွန်တော်တို့ အဖွဲ့အစည်းကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရလို့ ခေါ်ပါတယ်။ ၁၈-၁၂-၁၉၉၀ နေ့မှာ တည်ထောင်ပြီး ၂၂ နှစ်အကြာ ၁၄-၉-၂၀၁၂ နေ့မှာ ကိုယ်တိုင်ဖျက်သိမ်းခဲ့ပါတယ်။

အာဇာနည်နေ့မှာ တိုင်တဝက်လွှင့်ထူထားကြရတဲ့ နိုင်ငံတော်အလံဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရရဲ့ အလံနဲ့ တထေရာတည်းဖြစ်တာကို ၂၀၀၀ ခုနှစ် အောက်တိုဘာ (၇) ရက်နေ့က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့မှာ ကျွန်တော်တို့အစိုးရအဖွဲ့သစ် ကျမ်းသစ္စာဆိုစဉ်ကပုံထဲမှာ တွေ့မြင်နိုင်ပါတယ်။

ကျွန်တော်တို့အလံကိုတော့ စစ်အုပ်စုက ယူသွားတယ်။ ကျွန်တော်တို့အမည်ကိုလည်း စစ်အုပ်စုနဲ့ အလိုတူအလိုပါတွေက လိုချင်နေကြပြန်ပြီတဲ့။

ရွှေကို ယူသည်၊ ငွေကို ယူသည်၊ ပြီးတော့ လူကို မလိုလားကြပါ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး