50th Anniversary


မင်္ဂလာ နှစ် ၅၀ ပြည့်နေ့

ဘဝဟူသည်

အိမ်ထောင်သက် ၅၀
သားသမီး ၅ ယောက်
မြေး ၇ ယောက်
မြစ် ၁ ယောက်။

မြန်မာပြည်၊ အိန္ဒိယပြည်နဲ့ ယူအက်စအေ နေရတဲ့နိုင်ငံ ၃ ခု
ဆရာဝန်ဘဝနဲ့ နိုင်ငံရေးလုပ်သူ ကြုံခဲ့ပြီးခဲ့တဲ့ဘဝ ၂ မျိုး
အခုတော့ ဆရာဝန် မဟုတ်သလိုလို၊ နိုင်ငံရေးလုပ်သူ မဟုတ်သလိုလို။
ဘဝဟူသည် ဤသို့တည်း။

ပုံက မြို့သာမှာ။ ဓါတ်ပုံ အဖြူအမည်းခေတ်က။

Every picture tells a story ပုံတိုင်းမှာ ပုံပြင်ရှိ

၁၉၇၀ ဇူလိုင်လ (၁၆) ရက် လက်ထပ်စဉ်က ဓါတ်ပုံရိုက်မထားခဲ့ပါ။

၄၅ နှစ်ပတ်လည်မှာတော့ နေရတဲ့အိမ်ခန်းလေးရှေ့မှာ ဓါတ်ပုံရိုက်ဖြစ်သွားတယ်။ လာလည်တဲ့ကလေးတွေ ပြန်ကြတာကို ထွက်ပြီးနှုတ်ဆက်တာမို့ ပြင်ဆင်မှုအကင်း၊ အိမ်နေရင်း ဝတ်စားကြတာတွေနဲ့သာ။

ကျွန်တော်တို့ဘဝက အရှိအတိုင်းသာ နေခဲ့ရချိန်က အလွန့်အလွန် များတယ်။ အပေါ်ယံဆိုတာလည်း မကင်းခဲ့ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး