ပုဆိန်ရိုး

ပုဆိန်ရိုးစကား ဟိုကတည်းကရှိတယ်။

ဗိုလ်နေဝင်းတက်စမှာ ပုဆိန်ရိုးစကား ခေတ်စားခဲ့တယ်။ သစ်သားရိုးနဲ့လုပ်တဲ့ ပုဆိန်ရိုးကို သစ်ပင်ခုတ်ရာမှာ သုံးလို့ပါ။ သစ္စာရှိတဲ့ လက်ကိုင်တုတ်လို့ ခေါ်ပါတယ်။

စစ်အစိုးရလက်ထက်မှာ ပြည်ပအားကို ပုဆိန်ရိုးလို့လုပ်ခဲ့တယ်။ ခိုင်းတော့ လက်ပတ်နီ။

ဒါးကိုဖျက် ဝါးမြက် ဆိုရိုးစကားလည်း ရှိတယ်။ ဒါးရေးလို့ မေးကြဦးမယ်။ ဒါးနဲ့ ဓါး မူကွဲဖြစ်တယ်။ အဲဒီ ဗိုလ်နေဝင်းပါပဲ ကျောင်းသားတွေကို ဒါးကို ဒါးချင်း လှံကို လှံချင်းလို့ ခြိမ်းခြောက်ခဲ့တာ။ ခွဲတော့ ဒိုင်းနမိုက်နဲ့။

စစ်ထောက်ချုပ်ဟောင်း ထိုင်ကန်တော့တဲ့ ကျောင်းသားဆိုသူတွေ တွေ့တယ်။ ဘာအရေး ညာအရေးဆိုပြီး ဆန္ဒပြကြတဲ့ ကျောင်းသားတွေ တွေ့တယ်။ ပုဆိန်ရိုးကို ကျောင်းစိမ်းဝတ်ပေးထာတာ။ တခေတ်တည်းမှာ ဘုန်းကြီးတချို့လည်း သည်အတိုင်းပဲ။ ပုဆိန်ရိုးကို သင်္ကန်းဆီးပေးထာတာ။ (ကန်တော့)

သစ္စာရှိတဲ့ လက်ကိုင်တုတ်ဆိုတာ အသုံးချလို့ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၁၉
၂၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး