Elections in the United States အမေရိကန် ရွေးကောက်ပွဲများ

အမေရိကားမှာရော ကိုယ့်တိုင်းပြည်မှာပါ ရွေးကောက်ပွဲတွေ တစတစနဲ့ နီးနီးလာပြီ။

မြန်မာပြည်ရုပ်မြင်သံကြားချယ်နယ်တခုကနေ အမေရိကန် ရွေးကောက်ပွဲအကြောင်း စကိုက်ပ် နဲ့ အင်တာဗျူးပါတယ်။ နောက်တပတ်ကစပြီး အပိုင်း ၄-၅ ပိုင်း ခွဲလွှင့်မယ်တဲ့။

အချိန် အတော်ယူခဲ့ရတယ်။ ဗျူးမယ်ဆိုကလည်းက စာဖတ်ရတယ်။ သုတေသနလုပ်ရတယ်။ ဘာသာပြန်ရေးရတယ်။ ကျောင်းသားတွေ အိမ်စာလုပ်သလိုပဲ။ ကနေ့ နောက်ဆုံးအပိုင်း ပြီးပါတယ်။

တီဗွီအတွက်ဖြစ်ပေမဲ့ စတူရီယိုထဲမှာ ဗျူးရတာမဟုတ်၊ မီးတွေ အသံလုံခန်းတွေ မရှိလို့ ဖြစ်သလိုပဲ။ အားနာပါတယ်။ ၂၀၁၅ မြန်မာပြည်က ရွေးကောက်ပွဲတုန်းကတော့ ဗွီအိုအေ ဝါရှင်တန်ဒီစီရုံးမှာဆိုတော့ အကုန်အဆင်သင့်ရှိတယ်။ မိတ်ကပ် တို့ပေးသူလည်းရှိတာ။

တီဗွီကနေ လွှင့်ပြီးရင် အိမ်စာလုပ်ထားတာကို ပို့်စ်အဖြစ် တင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်