တယောက်ဆွဲ တယောက်လစ် ဂိုဂင်ဖြစ်၏

ဆရာ သည် အဓိပ္ပါယ်လေးလည်း အများသူငါ သိပ်သိကြသေးမှာမဟုတ်ဘူးလို့ ယူဆမိပါတယ်ဆရာ။
အခါအခွင့်သင့်ရင်ဖြင့် ပို့စ်ကလေးနှင့်တကွ တင်ပေးပါဆရာ။

ကျွန်တော်လည်း မသိသသေး။ သိလောက်သူတယောက်ကို မေးဦးမယ်။

ကြည်အေးရဲ့မိတ်ဆွေရင်းတယောက်က ပြန်ပြောပါတယ်။ ကျေးဇူး။

ဇာတ်ကောင်နံမည်က ဆရာထင်လင်းနံမည်ရင်း ကိုသိန်းမောင်တဲ့၊ ကျောင်းဆရာလုပ်ရင်း ပန်းချီဆွဲတယ်၊ မိန်းမနဲ့ ကလေးရှိတော့ ပန်းချီဆွဲရတာ မလွတ်လပ်တာမို့ ပြင်သစ်ပန်းချီဆရာ ဂိုဂင်ဘဝကို အားကျနေတာ သူ့မိတ်ဆွေ ငပွေကို ပြောပြထားဖူးပါတယ်။

တရက်တော့ အိမ်ကဝေးရာပြေးရင်ပြေးဆိုပြီး ငွေလာပေးပေမဲ့ ကိုသိန်းမောင်က လက်မခံ၊
ငွေကလည်း တခြားတယောက်ဆီက ယူလာတဲ့ငွေ
သူ့မိတ်ဆွေက ပွေ သူမယူလို့  လစ်ပြေးသွားတာက ဂိုဂင်စတိုင်
သူက ပန်းချီရေးတာ ဂိုဂင်စတိုင်
ဒါကို ဝတ္ထုခေါင်းစဉ်
ဗမာပြည်မှာတော့ ဂေါ်ဂင်လို့ပဲ သိကြပါတယ်
မိတ်ဆွေနံမည်က မောင်မောင်စံဖော်တံ
သားသမီးမရှိတဲ့လူ၊ ပွေ နေတဲ့လူ။

အော် - ကျေးဇူး မဖတ်ဖူး။ တယောက်က အဖုံးပုံပို့ပြီး မေးလို့။ ကျေးဇူး။

ရုတ်တရက်ဆိုတော့ ပန်းချီဆရာပဲ သတိရပြီး အသေအချာမသိလို့ ပြန်ဖတ်ရပါတယ်။ ပေါင်းချုပ်မှာ ဂိုဂင် မဟုတ်ဘဲ ရိုဂင် ဖြစ်နေတယ်ဆရာ။ ဒီပုံမှာ ဂိုဂင်ပဲထင်ပါရဲ့အိုးပစ်အိမ်ပစ် မိသားစုပစ်ပြီး တဟီတီထိသွားတာ ဂေါ်ဂင် ဖြစ်ပါတယ်။

အော် - နေကောင်းပါစေ။

ကြည်အေးတို့ ကဗျာတွေ စာတွေရေးတဲ့ခေတ်က တယောက်ကို တယောက်လို့သာ အမှန်အတိုင်းရေးခဲ့တယ်။ ခုခေတ်က လျှာရှည်မှတဲ့။

ဒေါက်တာတင့်ဆွေ
၃၀-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး