July Rain ရန်ကုန် ဇူလိုင်မိုး

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဗဟိုဦးစီးအဖွဲ့ ဇူလိုင်လ ၂၈ ရက်နဲ့ ၂၉ ရက်မှာ အစည်းအဝေးလုပ်ကြပါတယ်။ ဂန္ဒီခန်းမအစည်းအဝေးလို့ ခေါ်တယ်။

အစည်းအဝေးအပြီးမှာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းကနေ တည်းခိုရာနေရာအသီးသီးကို သွားကြတယ်။ မိုးဖွဲဖွဲလေး ရွာနေတယ်။ လုံခြုံရေးအကန့်အသတ်တွေကြားကနေ ရောက်အောင်လာကြတဲ့ ရန်ကုန်လူထုက အများကြီး။ စိတ်အား ထက်သန် တက်ကြွနေကြတယ်။

ထီးပါသူပါ၊ ဆောင်းစရာ မပါသူမပါ။ ခမောက်တွေလည်း မြင်ရတယ်။ ကျွန်တော်တို့မှာ ဆောင်းစရာ မပါကြပါ။

ရန်ကုန် ဇူလိုင်မိုးကို မမေ့နိုင်။ ကျွန်တော့်ခေါင်းပေါ်မှာ မိုးပေါက်တွေ သွေ့ခြောက်ခြင်း မရှိသေးပါ။ တာဝန်မိုးလို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး