Eggs and Sprite အားဖြစ်တယ်ဆိုလို့

၁။ ဆရာ မင်္ဂလာပါခင်ဗျ ကျွန်တော့အသက် ၁၈ နှစ်ပါ နေ့စဉ် ကြက်ဥ ၁ လုံး နဲ့ စပါကလင် 250 ml သောက်ပါတယ်  ရေရှည်မှာ ဘေးထွက်ဆိုးကျိုး ရှိလာနိုင်ပါ သလား ဆရာ

၂။ ကြက်ဥ နဲ့ Sprite ရောသောက်ရင် အားဖြည့်တယ်ဆိုလို့ နေ့တိုင်းလို သောက်ဖြစ်နေပါတယ်။ ဆိုးကျိုးတွေက ဘာတွေ ဖြစ်စေနိုင်ပါသလဲ။

သူများတိုင်းပြည်တွေမှာ ဆိုဒါလို့ စုပေါင်းခေါ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ Soda, Soda pop, Pop, Carbonated beverage, Tonic, Coke, Fizzy drink, Mineral စသဖြင့်။

Club Soda ကလပ်ဆိုဒါကို ဟန်ဂေရီတွေက စတယ်၊ အထဲမှာ ဆား နဲနဲပါတယ်။ သွေးတိုး ရှိရင် မကောင်းဘူး။ Tonic Water ဆိုတာ နာမယ်က အားဖြစ်စေသလိုလိုပေမဲ့ ကာဗွန်)ပါသလို အဓိက ကွီနင်းနည်းနည်းနဲပါလို့ ချိုအောင်လုပ်ပေး ထားရတယ်။ ဗြိတိသျှကိုလိုနီတွေ ငှက်ဖျားကြောက်လို့ သောက်တာကနေ စခဲ့တာပါ။ ကြွက်သားနာတတ်သူတွေ အတွက်လဲ ကောင်းပါတယ်။

ဘယ်အရာမဆို တာရှည်ခံ၊ နံမယ်ရ၊ ခေတ်လဲ နောက်မကျ၊ စီးပွါးရေးကလဲ တွက်ခြေကိုက်၊ မြင်လိုက်တာနဲ့ ဝယ်ချင်၊ အောင်မြင်တဲ့ လူသုံး-ပစ္စည်းတွေ အများကြီးရှိတယ်။ တံဆိပ်အတူ၊ အရည်အသွေးတူ၊ လူတွေ ဘယ်တိုင်းပြည်မှာမဆို ဝယ်ယူနိုင်ကြတာက ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် တစိတ်တပိုင်းပါဘဲ။ ကနေ့ခေတ် လူတွေကြား ပေါ်ပြူလာ အများဆုံး ဖြစ်တဲ့ ဖျော်ရည်ဟာ ၁၉၂ဝ ကတည်းက ပေါ်ခဲ့တဲ့ 7 Up ဆဲဗင်းအပ်ဖြစ်မယ်။ Bib-Label Lithiated Lemon-Lime Soda လို့ စခေါ်ခဲ့တယ်။ Mood-stabilizing drug စိတ်အခြေအနေ ထိန်းဆေးသဘောပါ။ Hangover cure အရက်များသွားလို့ ဖြစ်တာတွေ ကုစားဘို့ ရည်ရွယ်ခဲ့ပါတယ်။

Sprite ဆိုတာက Lemon-lime flavored သံပုရာ-ရှောက်အနံ့ထည့်ထားတဲ့ Caffeine (ကေဖင်း) မပါတဲ့ Soft drink ဖြစ်တယ်။ နာမယ်ကြီး Coca-Cola Company ကနေ ၁၉၆၁ ကတည်းက 7 Up ကို ပြိုင်ထုတ်တာလဲ ဖြစ်တယ်။ ထုတ်ခါစမှာ Whiskey ဝီစကီတို့ Vodka ဗော့ဒဂါတို့နဲ့ ရောသောက်ဘို့ပါ။ အမေရိကားမှာ လူအများ အသဲစွဲ ဘတ်စကက် NBA ကို ၁၉၉ဝ မှာ Sponsor ရကတည်းက Sprite နာမယ် ပိုကြီးကြီးလာခဲ့တယ်။ Naturally Tart ဖြစ်ပါတယ်လို့ ကြော်ညာပါတယ်။ Tart ရဲ့ အဓိပ္ပါယ်က နှစ်ခွသုံးခွ ရှိတယ်။ ချဉ်စုတ်စုတ်-အရသာ၊ ဌာပနာ-သွားရည်စာနဲ့ ကြေးစား-မိန်းမတွေ ဖြစ်တယ်။ တချို့ကလဲ ဒါမျိုးမှ ကြိုက်တာကိုး။

ကုန်ပစ္စည်း ကြော်ညာစာ မဟုတ်လို့ ကျန်းမာရေးဘက် လှည့်ပါမယ်။ Sugar-sweetened အချိုကဲ အစား-အရည်မှန်သမျှ ဘေးထွက်-ဆိုးကျိုးတွေ များတယ်။ လေ့လာမှုတွေကို အကောင်းဖက်ရော၊ အဆိုးဘက်ကပါ လုပ်ပါတယ်။ အချိုဖြစ်အောင် High-fructose corn syrup ပြောင်းကထုတ်တဲ့ အချိုရည် နဲ့ Sucrose ဆူးခရို့စ်သကြားကို သုံးတယ်။ Caffeine ကေဖင်းပါတာဆိုရင် Anxiety စိုးရိမ်စိတ်နဲ့ Sleep disruption အအိပ်ခက်တာတွေ ဖြစ်စေတယ်။ သောက်တာများမှပါ။ နဲနဲစီသာပါတဲ့ Sodium benzoate နဲ့ Benzene တွေက ဒုက္ခ ပေးလောက်အောင်တော့ မပါဘူး။

၁၉၉၈ မှာ Center for Science in the Public Interest ကနေ Liquid Candy: How Soft Drinks are Harming Americans' Health အစီရင်ခံစာတခု ထုတ်ပြန်ခဲ့တယ်။ အချိုရည်တွေကြောင့် Obesity အဝလွန်တာ၊ Type 2 Diabetes ဆီးချိုရောဂါ၊ Dental cavities သွားပိုးစားတာ၊ Heart disease နှလုံးရောဂါ နဲ့ အာဟာရ နည်းတာတွေ ဖြစ်စေနိုင်တယ်။ ၁၉၉၇-၂ဝဝ၁ အတွင်း အမေရိကားမှာ အချိုရည် သောက်တာရော အဝလွန်တာပါ နှစ်ဆတိုးခဲ့တယ်။

အချိုရည်တွေမှာ Glucose ဂလူးကို့စ်၊ Fructose ဖရပ်တို့စ်၊ Sucrose ဆူးခရို့စ် သကြားအမျိုးမျိုး ပါနိုင်တယ်။ ပါးစပ်ထဲမှာ နေတဲ့ ဗက်တီးယားတွေက အဲဒီ သကြားကို Ferment အချဉ်ဖေါက်တော့ Acid အက်စစ်ဖြစ်စေတယ်။ အက်စစ်ကနေ သွားအပေါ်ဖုံး ကြွေလွှာ Enamel ကို ဖျက်ဆီးတယ်။ နောက်ပြီး ဖျော်ရည် အများစုကိုနှိုက်က Acidic ဖြစ်နေသေးတယ်။ pH 3.0 လောက်သာ ရှိကြတယ်။ ပါးစပ်ထဲမှာ စုပ်သလို ကြာကြာထားရင် သွားကို ထိခိုက်စေတယ်။ ဖျော်ရည် သောက်ပြီးပြီးချင်း သွားတိုက်ပြန်ရင် ပိုဆိုးနိုင်တယ်။

နောက်ဆိုးသေးတာက သွေးထဲမှာ ပိုတက်ဆီယမ်နည်းစေလို့ Hypokalemia ဖြစ်စေတယ်။ အားလုံးက လက်ခံတာ မဟုတ်ပေမဲ့ ဖျော်ရည်ကြောင့် Bone density အရိုးအားနည်းတယ်လို့ ပြောတာလဲ ရှိသေးတယ်။ ဖျော်ရည်တွေကနေ အာဟာရဓါတ် ဘယ်လောက်ရသလဲ။ တမင် ထည့်ပေးမထားရင် ဗီတာမင် မပါဘူး။ ဓါတ်ဆား မပါဘူး။ ဖိုင်ဗာ၊ ပရိုတင်း တွေလဲ မပါဘူး။ ရေ၊ နွားနို့နဲ့ သစ်သီးဖျော်ရည် အစစ်တွေအစား ဒါတွေချည်း သောက်နေရင် အာဟာရ ချို့တဲ့စေတယ်။

USDA အမေရိကန် အစားအသောက်အဖွဲ့ကနေ သတ်မှတ်ပေးထားတာက တနေ့မှာ (ကယ်လိုရီ) ၂ဝဝဝ ရမဲ့ အစား အစာထဲမှာ သကြား လဘက်ရည်ဇွန်း ၁ဝ ဇွန်းထက် မပိုရပါ။ ဖျော်ရည် အတော်များများထဲမှာ သကြား ဒိထက် ကဲပါနေတယ်။ Caloric intake များရင် လူကိုဝစေတယ်။ လျော့ချင်ရင် လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရလိမ့်မယ်။

အရင်က ဖျော်ရည်တွေထဲက အချိုဓါတ်ဟာ Corn syrup ကနေရတယ်။ ၂ဝ၁ဝ ကစပြီး အမေရိကားမှာ High-fructose corn syrup (HFCS) ကို ပြောင်းသုံးစေတယ်။ ဈေးချိုလို့ပါ။ HFCS ကို ဆီးချို၊ သွေးတိုး စတာတွေ အားပေတယ်လို့ ထောက်ပြကြတယ်။ ဥရောပမှာတော့ သူများတိုင်းပြည်တွေကနေ Sugarcane ကြံ-သကြား မသွင်းရအောင် ဥရောပထွက် Sugar beets ကိုသာ သုံးစေလို့ Sucrose ကနေ အချိုဓါတ်ရစေတယ်။

အရက်မပါသောက်စရာ အရည်တွေမှာ ရေ၊ Carbonated water ကာဗွန်ရေ နဲ့ Flavoring agent အနံ့တခုခုပါတယ်။ သကြား ဒါမှမဟုတ် ပြောင်းသကြားရည်၊ Diet drinks ဒိုင်းယက်ဒရင့်ခ်တွေမှာတော့ Sugar substitute သကြား အစားထိုးတာတွေ သုံးတယ်။ တချို့မှာ Caffeine ကေဖင်း၊ တချို့မှာ အသီးရည်၊ တချို့မှာ အရက် Alcohol 0.5% အထိ ပါတတ်သေးတယ်။

Carbonated water ကာဗွန်ဒိုင်အောက်ဆိုက်ပါ ရေကြောင့် သွားကိုတော့ သိပ်မထိခိုက်စေပါ။ သူ့ထဲမှာပါတဲ့ (ဖေါ့စဖိတ်) ကြောင့် အရိုးကို ထိခိုက်စေမှာလဲ မပြောပလောက်ပါ။ European Journal of Gastroenterology and Hepatology ကနေပြောတာက အစာမကျေဖြစ်တာ သက်သာစေတယ်၊ ဝမ်းမချုပ်စေဘူးတဲ့။

လူ့ကိုယ်ခန္ဓာဟာ စားလိုက် သောက်လိုက်တဲ့ ဆူးခရို့စ်ကို ဂလူးကို့စ်နဲ့ ဖရပ်တို့စ်အဖြစ် ပြောင်းပြီးမှ အူကနေ စုပ်ယူပါတယ်။ ရိုးရိုးသကြားကိုလဲ အဲလိုပါဘဲ။ ဒါပေမဲ့ Fructose Metabolism ဖရပ်တို့စ်ဓါတ်ပြောင်းဖြစ်စဉ် ဆိုတာ အလွန်မြန်လို့ Fatty acid ဖက်တီးအက်စစ်နဲ့ Triglyceride ထရွိုင်ဂလစ်ဇရိုက်ဖြစ်တာ အသဲမှာ မြန်များလို့ အဆီတွေ လာစုစေတယ်။ အရက် မသောက်သူတွေမှာပါ Fatty liver disease အဆီဖုံးအသဲရောဂါ လာဖြစ်စေနိုင်တယ်။

Eggs ကြက်ဥ အစရှာခြင်း http://doctortintswe.blogspot.com/2014/11/eggs.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ