တကျွန်းစံတိုင်းပြည်

မျက်မှောက်ခေတ် မြန်မာ့သမိုင်းမှာ ကိုကိုးကျွန်းကို အပို့ခံရသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လေးစားထိုက်သူတွေထဲက ပဌမဆုံးအသုတ်ဖြစ်တယ်။

၁၉၈၈ နဲ့ အဲဒါအရင်က အရေးအခင်းပေါင်းများစွာမှာ လမ်းပေါ်မှာပစ်သတ်ခံရသူတွေ၊ ဖမ်းဆီးနှိပ်စက်ခံရသူတွေ၊ ထောင်ထဲအသတ်ခံရသူတွေ များလှတယ်။

၈၈ အရေးအခင်းကြီးအပြီး တောထဲနဲ့ တခြားနိုင်ငံရောက်ကြသူတွေ သောင်းဂဏန်းရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ သက်ဆိုင်သူတွေလည်း ထောင်ဂဏန်းရှိတယ်။ ကျောင်းသားတပ်မတော်၊ အင်နယ်လ်ဒီ၊ ပြည်ပရောက်ဖြစ်လာတယ်။

ကြာတော့ ကိုကိုးကျွန်းပြန်ထဲမှာ တချို့က တမျိုးပြောင်းတယ်။ ကျောင်းသားတပ်မတော်မှာ သမိုင်းအစွန်းအထင်း ရှိခဲ့တယ်။ အင်နယ်လ်ဒီကနေ ထုတ်ပယ်ခံရသူတွေ၊ ထောင်ကျသူတွေ ရှိတယ်။ ပြည်ပရောက်ထဲမှာ ပြောစရာ ဆိုစရာ ရှိသူတွေ မနည်းလှပါ။

သမိုင်းရှည်တော့ အဲလိုဖြစ်တတ်တယ်။ ပုတ်ကြီးကြီးထဲမှာ အလေအလွင့်ပါစမြဲ။

စစ်အာဏာရှင်စနစ်ကြောင့် စပါးကျီနဲ့ ပုတ်အစား ဆိုင်လိုနဲ့ ထားသိုခြင်း မပြုနိုင်သေးပါ။ ပုတ် နဲ့ ပုပ် မတူပါ။

ဒေါက်တာတင့်ဆွေ
၃၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး